၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၂-၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Dr. Woo Shin Lee, Professor, Seoul National University, Republic of Korea မှ လာရောက်တွေ့ဆုံ၍ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ကချင်ပြည်နယ်တွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနစခန်း ဆောက်လုပ်မည့်ကိစ္စ၊ အင်းတော်ကြီး တောရိ်ုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကချင်ပြည်နယ်တွင် NIBR မှ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်လိုသည့်ကိစ္စ၊ Ulsan University ၏ Colleauge of Medicine သို့မဟုတ် Colleague of Engineering ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စနှင့် မြန်မာ-ကိုးရီးယား နှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဘူဆန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပနိုင်ရေးကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၇-၁-၂၀၁၉ ရက်နေ့၊ နေ့လယ် (၃:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ Ms. Delphine Brissonneau နှင့် တွေ့ဆုံ၍ တရားမဝင်တောရိုင်းတိရစ္ဆာန်ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး နှင့် FLEGT ဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၇-၁-၂၀၁၉ ရက်နေ့၊ နေ့လယ် (၁:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Mr. Adrian Barrance (FAO International Consultant)ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ GEF-7 သို့ရန်ပုံငွေလျှော်ထားသော ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO) Conservation International (CI) နှင့် Fauna & Flora International (FFI) တို့ပူးပေါင်း၍ အင်းလေးနှင့် အင်းတော်ကြီးကန်တို့တွင် ဆောင်ရွက်မည့် ဘက်စုံရေဝေရေလဲဒေသနှင့် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်းမြှင့်တင်ရေး စီမံကိန်းအဆိုပြုလွှာရေးဆွဲခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ်” အရ မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောထိန်းသိမ်းရေး တိုးချဲ့ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်၊ “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” ၏ တတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၌ မှော်ဘီမြို့နယ်၊ ကျောင်းပေါင်းစုံမှ ဆရာ/ ဆရာမ (၆၀)ဦးတို့မှ လာရောက် လေ့လာခဲ့ပါသည်၊

အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ်” အရ မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား  ဖိတ်ကြား၍ သစ်တောထိန်းသိမ်းရေး တိုးချဲ့ပညာ ပေးအစီအစဉ် ကျင်းပပြုလုပ်လျက်ရှိပါသည်၊ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ် ၏ ဒုတိယအကြိမ်အဖြစ် ၈−၁−၂၀၁၉ ရက်နေ့၌ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာ(အ.မ.က-လွန်)မှ ပဉ္စမတန်း၊ ဆဌမတန်းနှင့် သတ္တမတန်းတို့မှ ကျောင်းသား/ ကျောင်းသူ(၁၁၃)ဦး နှင့် ကြီးကြပ်သူ ဆရာ/ဆရာမ(၇)ဦး၊ စုစုပေါင်း(၁၂၀)ဦးတို့မှ လာရောက် လေ့လာခဲ့ကြပါသည်၊

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၉၄.၉၆၉၄)တန်၊ သစ်မာ(၄၃.၀၀၁၄) တန်၊ အခြား (၃၄၅.၇၄၇၃)တန်၊ စုစုပေါင်း(၄၈၃.၇၁၈၁)တန်၊ တရားခံ(၅၄)ဦး၊ ယာဉ်/ ယန္တရား(၃၇)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ဘိနယ်၊ ကောက်ကွေ့ချောင်းအတွင်းမှ တရားမဝင် ကညင်သစ် (၁၀)လုံး (၄၀.၁၇၀၀) တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၆၄.၆၄၈၈)တန်၊ သစ်မာ(၁၀၁.၆၂၈၀) တန်၊ အခြား (၈၁.၆၁၁၇)တန်၊ စုစုပေါင်း(၂၄၇.၈၈၈၅)တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သံရွာဘိနယ်၊ တောင်တော်ကျေးရွာအရှေ့ဘက်၊ ရွာငံ-ဟံမြင့်မိုရ်ကား လမ်းဘေး၊ ကွင်းအမှတ်(၂၅၃)၊ ဦးကျော်ဝင်း ပိုင်ခြံဝင်းအတွင်းမှ တရားမဝင် ပိတောက်ဓါးရွေ (၁၄၆)တုံး(၂၁.၃၆၁၄)တန်အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင်ကျွန်း(၄၂.၁၀၄၀)တန်၊ သစ်မာ(၆၈.၉၁၁၄) တန်၊ အခြား (၉၉.၉၇၁၄) တန်၊ စုစုပေါင်း(၂၁၀.၉၈၆၈)တန်၊ တရားခံ(၂၄)ဦး၊ ယာဉ်/ ယန္တရား(၂၉)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ နယ်၊ မြို့လှရွာဟောင်း၊ ကောက်ကွေ့ချောင်းကူးတံတားအနီး၊ ခမ မပည KH-600090 နေရာတွင် တရားမဝင် ကညင်သစ် (၁၃)လုံး(၁၃.၄၉၂၀)တန် အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။

Pages