၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၀/၇) Toll Gate တွင် ယာဉ်အမှတ် 4M/6357 တပ်ဆင်ထားသော FUSO အမျိုးအစား၊ အဖြူရောင်(၆) ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၇၁)ချောင်း၊ (၁၀.၇၅၁၀)တန်နှင့်အတူ တရားခံ (၃)ဦး ဖမ်းဆီးရမိပါသည်။

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်မြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်လေမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့၏ အနောက်မြောက်ဘက်၊ နမ့်စန်မှ (၈)မိုင်ခန့်အကွာ လွိုင်ယဲကျေးရွာအုပ်စု၊ လွိုင်ယဲ- တိုင်းကောင်-လဲချားသွားမြေလမ်း၊ မြေတွင်းတစ်နေရာ ခန့်မှန်းမြေပုံညွှန်း(LD-614230) နေရာတွင် ယာဉ်အမှတ်(၅ခ/၆၂၄၆ ၊ ၈ဇ/၆၆၇၇၊ ၈စျ/ ၈၇၆၈၊ 8E/ 6983) တပ်ဆင်ထားသော NISSAN အမျိုးအစား (၁၂)ဘီးယာဉ် (၄)စီး ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ ဓားရွေ) (၈၉)လုံး/တုံး (၂၆.၁၈၁)တန်နှင့်အတူ တရားခံ(၆)ဦးဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနနှင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် (၂၆-၁-၂၀၁၇)ရက်နေ့ တွင် ပဲခူးမြို့နယ်၊ စလူဆည်အနီး ခန့်မှန်းမြေပုံညွှန်း (47QKV- 214429) နေရာ နှင့် (၂၇-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် ပဲခူးမြို့ရှောင်လမ်း အဆုံတွင် တရားမဝင် သစ်များဖမ်းဆီးရမိပါသည်။

(၁၇-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကသာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကသာမြို့၊ ကသာ-အင်းတော်ကားလမ်း၊ မြို့ဝင်ဘီးခွန် ဂိတ်အနီး ခန့်မှန်းမြေပုံညွှန်း KG-247797 ၌ ယာဉ်အမှတ်(4G/4514) တပ်ဆင်ထား သော (လီဖန်း)အမျိုးအစား (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၂၁၇)ချောင်း (၁.၇၁၄၇)တန်နှင့်အတူ တရားခံ(၄)ဦးဖမ်းဆီးရမိပါသည်။

(၁၇-၁-၂၀၁၇)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သထုံမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း မိုင်တိုင် ၁/၄ တွင် ယာဉ် အမှတ်(4E/8865) တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ အပြာရောင်(၁၄)ဘီး ယာဉ်ပေါ်မှ တရားမဝင် အခြားသစ်ခွဲသား(၂၀၈)ချောင်း၊ (၈.၈၆၇၄)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂပတ်ဝန်း ကျင်အစီအစဉ်၊ ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ်နှင့် မြန်မာရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသော "မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြားပါသည်။

ကချင်ပြည်နယ်၊ မန်စီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မန်စီမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မန်စီမြို့ ကောင်ရာရပ်နှင့် ပြင်ဦးလွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့သည် မန်စီမြို့နယ်၊ ဗန်းမော်- မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၀)နေရာတွင် ယာဉ်အမှတ်မပါ သရီးကရောင်း အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား(၃၂၆)ချောင်း (၄.၀၅၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

(၁၆-၁-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများအဖွဲ့သည် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ရုံးရှေ့၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၃၄/၆)အနီးတွင် ယာဉ်အမှတ်(1G/4429) တပ် ဆင်ထားသော (HILUX) အမျိုးအစား မီးခိုးရောင်ယာဉ်ပေါ်မှ တရားမဝင် ပေါင်(၃၀)ဝင် မီးသွေး(၂၀၀)အိတ်၊ (၂၁.၃၃)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

Pages