၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၃-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များနှင့် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအဖွဲ့သည် သထုံမြို့နယ်၊ ကြာပန်း-ဝီယော်ခရိုင် ချင်းဆက်လမ်း၊ ကြာပန်းကျေးရွာတွင် ယာဉ်အမှတ်(NPW RLG/ 5329)တပ်ဆင်ထားသော အဖြူရောင်(၄)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ် (၉၅)ချပ်၊ (၁.၁၀၀၄)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

(၁၃-၁-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သစ်တောဦးစီးဌာန၊ ခလရ (၂၇၄)မှ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် မင်းတပ်မြို့အဝင် ခန့်မှန်းမြေပုံညွှန်း(EU- 962638) နေရာတွင် ယာဉ်အမှတ်(3B/4177)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူ ရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ထင်းရှူးခွဲသား(၁၅၄)ချောင်း၊ (၃.၀၁၅၀)တန်နှင့် အတူ တရားခံ(၃)ဦးဖမ်းဆီးရမိပါသည်။

(၁၃-၁-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဂုံမင်းမြောင်ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၇၉/၆ နှင့် ၇၉/၇)ကြားနေရာတွင် ယာဉ်အမှတ်(1C/3046)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၀၉)ချောင်း၊ (၁၀.၁၄၇၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

(၁၂-၁-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှ လမ်းမကြီး၊ ကီလိုမီတာအမှတ် (151 km နှင့် 152 km) ကြားတွင် ယာဉ်အမှတ် (၁ဂ/၆၉၃၇)တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ ဖြူပြာရောင်၊ (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား ခန့်မှန်း(၈)တန်ခန့်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။

(၁၁-၁-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ငဖဲမြို့နယ်၊ မန်းကြိုးပြင်၊ မန်းဆည်အနီး ခန့်မှန်းမြေပုံ ညွှန်း(FT-499200)နေရာတွင် ထော်လာဂျီအမျိုးအစား၊ ယာဉ်အမှတ်မပါ၊ အပြာရောင် ယာဉ်ပေါ်မှ တရားမဝင် အင်ကြင်းခွဲသား(၃၉)ချောင်း၊ (၀.၇၈၈၂)တန်နှင့်အတူ တရားခံ (၃)ဦးဖမ်းဆီးရမိပါသည်။

Pages