Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၆-၂-၂၀၁၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးနှင့် ကျောက်ထုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အဖွဲ့သည် ဆောမြို့နယ်၊ ကျောက်ထု-ထီးလင်းကားလမ်း၊ ပန်းဆန်လမ်းဆုံတွင် ယာဉ်အမှတ် (7G/8001) တပ်ဆင်ထားသော အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးတိုင်(၃၄)လုံး၊ (၀.၇၂၂၅)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၂၅-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ကြို့ပင်ကောက်မြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စု၊ ပိတောက်မြိုင်ရွာ၏အရှေ့မြောက်ဘက် ခန့်မှန်းမြေပုံညွှန်း GR-938315,937316,937314 နေရာများတွင် တရားမဝင် ကျွန်း/သစ်မာ/အခြား (သစ်/တိုင်/ခွဲသား) (၂၅) ချောင်း၊ (၅.၅၀၃၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများသည် ရေတာရှည်မြို့နယ်၊ ဆွာမြို့အနောက်ပိုင်း၊ မြို့ပတ်လမ်းဘေးတွင် တရားမဝင် ပျဉ်းကတိုးသစ် (၁၁)လုံး၊ (၂.၀၇၉၈)တန်အား သိမ်းဆည်းရမိပါသည်။

၂၅-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စ.ရ.ဖ တပ်ဖွဲ့ဝင်များသည် တောင်ငူမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၁၅၄/၀ အနီး၊ ဂျပန်လမ်းထိပ်တွင် ယာဉ်အမှတ် မ/၁၁၄၅ တပ်ဆင်ထားသည့် ကာဂိုအမျိုးအစား၊ (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားသား(၃၄၂)ချောင်း၊ (၃.၇၈၉၈)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။

၂၆-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ပေါက်မြို့နယ် ကမာကဘန်ရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ကမာကဘန်ရွာအုပ်စု၊ လေးအိမ်စုကွင်း၊ ခန့်မှန်းမြေပုံညွှန်း KV-546283 တွင် တရားမဝင် (သစ်မာ/အခြား) သစ်လုံး/ ခွဲခြမ်း/ ခွဲသား(၇၈)လုံး/ ခြမ်း/ ချောင်း(၁၈.၆၂၅၆)တန်၊ ဂျင်းမားအမျိုးအစား(၁၆)H.P အင်ဂျင်(၁)လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံးနှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းအား သစ်တောဦးစီးဌာနနှင့် အကျိုးတူဆောင်ရွက်နေသည့် ထူးကုမ္ပဏီများ စီးပွားရေးအုပ်စု(HTOO ZOO & GARDENS BUSINESS UNIT) တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission (NDRC) တို့ပူးပေါင်း၍ (၂၈-၂- ၂၀၁၇)ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေး ခန်းမ၌ စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံးဆိုလာပစ္စည်းများ အသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်း၊ လက်တွေ့သရုပ်ပြသင်တန်းဖွင့်လှစ်ကျင်းပရာ သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာသောင်းနိုင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Global Environment Institute မှ Dr. Kui PENG မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ခရိုင်မှုခင်းတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် ၂၃-၂-၂၀၁၇ ရက်နေ့တွင် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာ ခန့်မှန်းမြေပုံညွှန်း F-534786 နေရာ၊ ခြံဝင်းမှ တရားမဝင် ကျွန်း(ခွဲခြမ်း/ခွဲသား) (၇၁)ချောင်း၊ (၃.၅၁)တန်နှင့် တရုတ်(၂၅) H.P အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများ၊ ခန့်မှန်းမြေပုံညွှန်း F-532785 နေရာခြံဝင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား(၇)ချောင်း၊ (၀.၀၀၄)တန်၊ သစ်စက်ဝိုင်းခုံ(၁)ခု၊ ၂၄-၂-၂၀၁၇ ရက်နေ့တွင် နန်းတော်ကျွန်းရွာ၊ အနောက်တောင်ဒေရှိ ခြံဝင်းအတွင်းမှ တရားမဝင် အခြားသစ်(၂)လုံး၊ (၀.၄၇၂၈)တန်နှင့် သစ်စက်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိပါသည်။

Pages