Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၄-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ကံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် ၄၄၅/၀ နှင့် ၄၄၅/၁ ကြားတွင် ယာဉ် အမှတ်(MGY-1B/7454)တပ်ဆင်ထားသော HINO အမျိုးအစား၊ အဖြူရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၆၆)ချောင်း၊ (၆.၇၇၃၈)တန်နှင့် ဂန့်ဂေါ- ပုလဲ - ကျားတက်- ပခုက္ကူကားလမ်း ခန့်မှန်းမြေပုံညွှန်း GV-002169 နေရာတွင် ယာဉ်အမှတ်မပါ HINO အမျိုးအစား၊ ခေါင်းအပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား ခွဲသား(၂၀)ချောင်း၊(၀.၂၆၄၆)တန်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။

၂၄-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ လားရှိုးမြို့မရဲစခန်းနှင့် ခရိုင်မှုခင်း တပ်ဖွဲ့နှင့် စ.ရ.ဖ အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်း၊ တိုးလ်ဂိတ်တွင် ယာဉ်အမှတ်(YGN-3C/1137) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဝါ/ပြာအရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ(၆၄)တုံး၊ (၄.၁၃၆၈)တန်နှင့် တရားခံ(၁)ဦး၊ ယာဉ်အမှတ်(NPW-6A/1537) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူရောင်(၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင်(ပိတောက်၊ တမ လန်း) (သစ်လုံး/ဓားရွေ) (၅၈)လုံး/တုံး၊ (၄.၁၉၃၀)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အခြေချစစ်ဗျူဟာ(ကွတ်ခိုင်)၊ စ.ရ.ဖ တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ် Oriental High Way ဂိတ်တွင် ယာဉ်အမှတ်(RLG/3799)တပ်ဆင်ထားသော Toyota အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၁၄)တုံး၊ (၀.၃၆၉၂)တန်နှင့် တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။

၂၆-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကျွန်းလှမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ အင်းလှရွာအတွင်း ခန့်မှန်းမြေပုံညွှန်း GA-267820 နေရာနှင့် တောင်နီရွာ၏ အရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း GA -224950 နေရာများတွင် ယာဉ်အမှတ်(1L/9877)ပေါ်မှ တရားမဝင် သစ်ဗုံတို(၁)လုံး၊ (၁.၆၆၆) တန်နှင့် တရားခံ(၁)ဦး၊ မော်တော်ဆိုင်ကယ်(၃)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ (၉)ချောင်း၊ (၀.၃၄၉၈)တန်တို့အား ဖမ်းဆီးရမိပါသည်။

၂၆-၂-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာအနောက်ဘက် V-4 လမ်းပေါ်တွင် ယာဉ်အမှတ် (၉ဌ/၂၁၇၁၈) တပ်ဆင်ထားသော FAW အမျိုးအစား အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၂၃)ချောင်း၊ (၁.၈၇၈၄)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သာသနာတော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လ.၀.ကနှင့် ငွေတော်ကျီကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတောင်ကျီ ကုန်းရပ်ကွက်၊ မင်္ဂလာလမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ ပါရမီဘုန်းကြီးကျောင်းဝင်း အတွင်းတွင် တရားမဝင်(ပိတောက်၊ တမလန်း)ဓားရွေ၊ ခွဲသား၊ ခွဲခြမ်း (၁၅၆)ချောင်း/ ခြမ်း (၁၀.၇၁၆၈)တန်နှင့်အတူ သစ်စက်တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားဖမ်းဆီးရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မတ္တရာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင် ၁၉/၄ နှင့် ၁၉/၅ ကြားတွင် ယာဉ်အမှတ်(MDY-1B/3374)တပ်ဆင်ထားသော FUSO အမျိုးအစား မှန်လုံယာဉ်ပေါ်မှ တရားမဝင် ၄၅ ပေါင်ဝင် မီးသွေး(၁၈၂)အိတ်၊ (၂၉.၁၂) တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၂၅-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကြောင်းရဲတပ်ဖွဲ့၊ သရက်တပင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းလှကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ တံပိုးကျွန်းကျေးရွာအရှေ့ဘက် ဘောဂဆိပ်အနီး၊ ဧရာဝတီမြစ်လယ်တွင် (၆၅' x ၁၀' x ၅') အရွယ်အစား၊ တရုတ်အင်ဂျင်(၃၂)H.P (၁)လုံး၊ ရှပ်တန်း(၁)ခု၊ တရုတ် KAWA အင်ဂျင်(၇.၅) ခလုပ် တပ်ဆင် ထားသော စက်လှေ(၁)စီးပေါ်တွင်တင်ဆောင်၍ အဆိုပါ စက်လှေနှင့်တွဲယူလာသော (၂၆' x ၄' x ၁၄') အရွယ်အစား ရေစမ်းပဲ့ထောင် (၁)စီးနှင့်အတူ တရားမဝင်(ကျွန်း/ပိတောက်) ဗုံတို/ဓားရွေ(၁၃၇)လုံး/ချောင်း (၁၄.၈၉၅၈)တန်၊ ထင်းခွဲခြမ်း(၃.၈၀၁၆)တန်အပါအဝင် စုစုပေါင်း(၁၈.၆၉၇၄)တန်၊ တရားခံ(၃)ဦးအား ဖမ်းဆီးရမိပါသည်။

Pages