Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ Forst Law Enforcement, Govermance and Trade, Voluntary Partenership Agreenaent (FLEGT-VPA) သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု ဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် လုပ်ငန်းစဉ် ဆောင်ရွက်နေမှု ရှင်းလင်းတင်ပြဆွေးနွေးပွဲ အခမ်းအနားအား (၉-၃-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၇-၃-၂၀၁၇ ရက်နေ့၊ နံနက်(၀၉ : ဝ၀)နာရီအချိန်တွင် မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း (Mekong Region Land Governance-MRLG)နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ(Regional Workshop on Customary Tenure) ကို Grand Amara Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

၇-၃-၂၀၁၇ ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ CF Unit အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား (Forest and Farm Facility - FFF) မှ စီမံကိန်းအရာရှိ Mr.Jhony Zapata မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

၃-၃-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် လက်ပံတန်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လက်ပံတန်းမြို့၊ ကံကြီးလမ်း၊ ဘီးလင်းတန်းလမ်းဆုံတွင် အစိမ်းရောင် ဂွန်ဒေါင်းယာဉ်ပေါ်မှ တရားမဝင် (ကျွန်း၊ ပျဉ်းကတိုး၊ အခြား) ခွဲသား(၂၈၄) ချောင်း (၄.၇၁၄၆) တန် နှင့်အတူ တရားခံ (၃) ဦးဖမ်းဆီးရမိပါသည်။

၃.၃.၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများသည် တောင်ကုတ်မြို့နယ်၊ မအီချောင်း၊ သဒွန်ဆိပ်ကမ်းနှင့် (၃) ဖာလုံခန့်အကွာ ခန့်မှန်းမြေပုံညွှန်း (Y-313445)နေရာတွင် စက်လှေတစ်စီးပေါ်မှ တရားမဝင် အခြားခွဲသား (၅၀) ချောင်း၊ (၅.၄၀၈၄) တန် အား သိမ်းဆည်းရမိပါသည်။

၃-၃-၂၀၁၇ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သန္တုတ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် ကျွန်းစုမြို့နယ် စမုံချောင်းလက်တက် ခန့်မှန်းမြေပုံညွှန်း (MP- 615590) နေရာတွင် (၄၈ပေ x ၁၃ပေx ၅ပေ ၂လက်မ) အရွယ်အစား တရုတ်အင်ဂျင် (25 H-P) တပ်ဆင်ထားသောစက်လှေ (၁) စီးပေါ်မှ အခြား (သစ်/ တိုင်) ၅၂ လုံး၊ ၃.၆၈၄ တန်အား သိမ်းဆည်းရမိပါသည်။

၃.၃.၂၀၁၇ ရက်နေ့တွင် ကယားပြည်နယ်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ရှမ်းပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့သည် ဘောလခဲမြို့နယ်၊ ဘောလခဲ-ဒေါတမကြီး ကားလမ်း မိုင်တိုင် (၆/၀) နှင့် (၆/၁)ကြား နေရာတွင် ယာဉ်အမှတ် (3J/6097) တပ်ဆင်ထားသည့် ဒန်ဘာ အမျိုးအစား အဖြူရောင် (၆) ဘီးယာဉ်ပေါ်မှ တရားမဝင်(ပိတောက်၊ အင်ကြင်း၊ အင်) ခွဲသား(၇၁) ချောင်း၊ (၂.၁၃၃၆) တန် နှင့်အတူ တရားခံ (၁) ဦး ဖမ်းဆီးရမိပါသည်။

၄.၃.၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တာဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သုဝဏ္ဏမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊အသိသက်သေများ ပါဝင်သောအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်လမ်း၊ ကမာကြည် တံတားထိပ်တွင် ယာဉ်အမှတ် (YGN-9G/8018) တပ်ဆင်ထားသော CANTER အမျိုးအစား အဖြူရောင် (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၅၄) ချောင်း ၊ (၄.၂၂၆၆) တန် ၊ နှင့်အတူ တရားခံ (၂) ဦးဖမ်းဆီးရမိပါသည်။

Pages