၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၃၁.၈.၂၀၁၇)ရက်နေ့ ်(၁၃း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား FAO မှ (FREL/FTL) Technical Export. Ms. Donna Lee နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ FAO နှင့် သစ်တောဦးစီးဌာန ပူးပေါင်းဆောင်ရွက်လျက်ရှိသော UN-REDD Programme ၏ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်….

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း၍ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း စီမံကိန်း စိုက်ပျိုးပြီးစီးခြင်း အခမ်းအနား”ကို (၃၁-၈-၂၀၁၇)နေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၁၈)၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ သစ်တောများပြန်လည်ထူထောင်ရေး ကနဦးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်းတိတိဖြင့် သစ်တောပျက်စီးသည့် နေရာများအတွင်း တရုတ်-မြန်မာချစ်ကြည် ရေးသစ်တောစိုက်ခင်း(China-Myanmar Friendship Forest Plantation Project) ဧက(၁၀ဝ)တည်ထောင်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Southeast Asia Biodiversity Research Institute, Chinese Academy of Science တို့ ၁၁.၇.၂၀၁၇ ရက်နေ့တွင် သဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုး၍ မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၆၊၂၁၈) အတွင်းသစ်မျိုးစုံ သစ်တောစိုက်ခင်း(၁၀ဝ)ဧက တည်ထောင်ခဲ့ပြီး ယခုစိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍပြုစုထိန်းသိမ်း ရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်လိုသည့် ရည်ရွယ်ချက်များနှင့် ယခု သစ်တော စိုက်ခင်းစီမံကိန်းကို အကောင်အထည်ဖေါ်ခြင်းဖြစ်ပြီး စိုက်ခင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေခြင်း၊ ဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အထောက်အကူဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

(၃၀.၈.၂၀၁၇)ရက်နေ့ နံနက်(၁၀း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့၏ တိရစ္ဆာန်ဥယျာဉ်လုပ်ငန်းများဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ၊ ထူးကုမ္ပဏီများအုပ်စု ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်၍ တိရစ္ဆာန်ဥယျာဉ်လုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်….

(၃၀.၈.၂၀၁၇)ရက်နေ့ နံနက်(၁၀းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား KfW Office Myanmar မှ Country Director Ms.Eva Schneider နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ၍ KfW မှ ဒေသအဆင့်အစီအစဉ်အရ အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာန(ACB)မှ တဆင့် အထောက်အပံ့ပေးလျက်ရှိသော အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဉ်နှင့် နောင်ထိန်းသိမ်းရေးုလုပ်ငန်းများတွင် ပံ့ပိုးပေးနိုင်မည့်အလားအလာများကို တင်ပြဆွေးနွေးခဲ့ကြပါသည်….

(၃၀.၈.၂၀၁၇)ရက်နေ့ နံနက်(ဝ၉းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား Helix Tracking Technologies Pte Ltd မှ ကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံ၍ တရားဝင်သစ်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်မှု များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်…
 
(၂၉.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၄းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)ကို ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း၊ သစ်တောအရာရှိကြီးများနှင့် ပုဂ္ဂလိကတင်ဒါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

၁၉-၈-၂၀၁၇ ရက်နေ့ဖမ်းဆီးမှုကွင်းဆက်အရကသာခရိုင်၊လက်ထောက်ညွန်ကြားရေးမှူးနှင့်အတူ ဧရာဝတီမြစ် အထက်ဘက်တရားမဝင်သစ်ရှာဖွေဖမ်းဆီးရာ ၂၅-၈-၂၀၁၇ရက်နေ့တွင် ကချင်ပြည်နယ်အစပ် ကောက်ကွေ့ချောင်းအောက်ဘက်မှ ထင်းဖောင်(၁၀)တွဲတွေ့ရှိပြီ ညောင်ခြေထောက်ဆိပ်ကမ်းသို့ ဖောင်တွဲများဆွဲယူဆိုက်ကပ်ရှာဖွေရာ ၂၆-၈-၂၀၁၇ ရက်နေ့မှ ၂၇-၈-၂၀၁၇ ရက်နေ့အထိ ထင်းဖောင်(၃)ခုမှ တရားမဝင်ကျွန်းသစ်(၁၃၁၆)လုံး(၈၉.၆၉၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်လက်ရှာဖွေဖော်ထုတ် ဖမ်းဆီးဆောင်ရွက်လျှက်ရှိပါသည်။

(၂၅.၈.၂၀၁၇)ရက်နေ့ နံနက်(ဝ၉း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား မဲခေါင်ဒေသတွင်း မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ(Mekong Region Land Governance)ဆိုင်ရာစီမံကိန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင် Mr.Michael Winter ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းအဆင့်(၁)၏ ရလဒ်များနှင့် အောင်မြင်မှုများကို သုံးသပ်မည့်အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအဆင့်(၂)အတွက် စီမံကိန်းပုံစံ ဆောင်ရွက်မည့်အကြောင်းအရာများဖော်ထုတ်သွားမည့် အစီအစဉ်တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်….

Pages