၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ Ministry of Climate and Environment တို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ကဏ္ဍပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲနှင့် Letter of Intent လက်မှတ်ရေးထိုးပွဲကိုယနေ့ နံနက် ၉:၃၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ကိုယ်စား ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်ပြီးနော်ဝေနိုင်ငံ Ministry of Climate and Environment ဘက်မှ ဒုတိယဝန်ကြီး H.E. Mr. Lars Andreas Lundeတက်ရောက်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့

ဇီဝမျိုးစုံမျိုးကွဲများသည် လူသားနှင့် သဘာဝဝန်းကျင် ညီညွတ်မျှတမှုကိုဖန်တီးပေးသည့် အပြင် လူသားတို့အတွက် အစားအစာများ၊ ဆေးဝါးများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ကြမ်းများစသည်တို့ဖြင့် ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ သဘာ၀စနစ် ကွဲပြားမှု များပြားသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည် သူများပူးပေါင်းပါဝင်မှုရှိလာစေရန်နှင့် သိမြင်နိုးကြားမှုရရှိစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ပညာပေးဟောပြောပွဲများ ကိုဆောင်ရွက်လျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Ann Ollestadသည် ယနေ့(၂၀. ၁.၂၀၁၄)ရက်နေ့ နံနက်(၀၉:၀၀ ) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌လာရောက်တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီ:ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းသည် ယနေ့နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ သစ်တောဦးစီးဌာနနှင့် Mercy Corps တို့ ပူးပေါင်းဆောင်ရွက် ကျင်းပသည့် "မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအတွက် စွမ်းအားမြှင့်မီးဖို ဈေးကွက် ဖော်ဆောင်ပေးခြင်းဆိုင်ရာကနဦးအလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သည် (၁၃-၁-၂၀၁၄) ရက်နေ့ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မဲဇလီကြိုးဝိုင်းအကွက်အမှတ် (၈၄) နှင့် ဆင်မကြိုးဝိုင်းအကွက်အမှတ် (၇၆) အတွင်းရှိ သဘာဝသစ်တောများ အခြေအနေနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် သစ်တောစိုက်ခင်းစီမံကိန်း လျာထားဧရိယာများအား ကြည့်ရှု့စစ်ဆေးခဲ့ ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများသည် လူသားနှင့် သဘာဝဝန်းကျင် ညီညွတ်မျှတမှုကို ဖန်တီးပေးသည့် အပြင် လူသားတို့အတွက် အစားအစာများ၊ ဆေးဝါးများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှု ကုန်ကြမ်းများစသည်တို့ဖြင့် ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ သဘာ၀စနစ် ကွဲပြားမှု များပြားသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုရှိလာစေရန်နှင့် သိမြင်နိုးကြားမှုရရှိစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်း လုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ

Pages