Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(GIS/ကွန်ပျူတာ)၊ သုတေသနအရာရှိ ရာထူးတိုးရေးဖြေ စာမေးပွဲအား သစ်တောတက္ကသိုလ်၊ ရေဆင်း၌ ၁-၂-၂၀၁၅ ရက်နေ့ (၉:၀၀)နာရီတွင် စစ်ဆေး မည်ဖြစ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် Kyaik Ka San Land Development Pte. Ltd. မှ Chairman ဖြစ် သူ Mr. Takeshi Tanaka ဦးဆောင်သော အဖွဲ့အား ယနေ့ ၂၇-၁-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။

မြေအသုံးချ ဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ယနေ့(၂၆-၁-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

မြန်မာ့တောဆင်ရိုင်းများ ထိန်းသိမ်းရေးစီမံချက်ရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို Grand Amara ဟိုတယ်၌ ယနေ့(၂၁-၁-၂၀၁၅)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သားငှက်ထိန်း သိမ်းရေး အဖွဲ့(WCS)မှ တာဝန်ရှိ သူများ၊ Smithsonian တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များ၊ FFI ၊ WWF ၊ International Elephant Foundation (IEF) ၊ Golden Triangle Asian Elephant Foundation ၊ အပြည်ပြည်ဆိုင်ရာ အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည် တော်များတက်ရောက် ခဲ့ကြပါသည်။

မြေအသုံးချမှုနှင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာအစီအမံများ စနစ်တကျဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားမြေအသုံးချမှုမူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ၂၀၁၂ ခုနှစ်၊ ဇွန်လမှစတင်၍ မြေယာစီမံခန့်ခွဲသည့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ ဆက်စပ်သည့်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အငြိမ်းစားအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာ ရှင်များ ပူးပေါင်း၍ အမျိုးသားမြေအသုံးချမှုမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်၊ မူဘောင်ချမှတ်ကာ အလုပ်ရုံဆွေးနွေးပွဲ (၅)ကြိမ်၊ အစည်းအဝေး(၃၉)ကြိမ်၊ သင်တန်း(၂)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)ကိုရေးဆွဲပြုစုတင်ပြခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍ “ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက်ချမှတ်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် အဆင့်လုပ်ငန်းအစီအစဉ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ရက်နေ့အထိ နေပြည်တော်၊ ဂရင်းအမရ ဟိုတယ်တွင် ကျင်းပခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းသည် အာရှဖွံ့ဖြိုးရေးဘဏ်၊ Myanmar Resident Mission မှ Country Director ဖြစ်သူ Mr. Winfried F. Wicklein ဦးဆောင်သောအဖွဲ့အား ယနေ့ ၂၁-၁-၂၀၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား နော်ဝေနိုင်ငံ၊ The Norwegian Environment Agency မှ Senior Advisor Ms. Kristin Eine နှင့် Senior Advisor Mr. Svein Grotli Skogen တို့မှ ယနေ့ ၂၀-၁-၂၀၁၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးတို့မှ တက် ရောက် ခဲ့ကြသည်။

Pages