၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း၏ သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ် များ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဒေသခံများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောသစ်ပင်များသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတ ရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေး စသည့် အကျိုးကျေးဇူးများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသစ်တော များ ပြန်လည်တည်ထောင်ခြင်း ၁၀ နှစ် စီမံကိန်းအား ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ နိုင်ငံပိုင်စိုက်ခင်း ဧက ၁၆၀,၀၀၀ ကျော်၊ အပင်ပေါင်း ၁၄၆ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ သစ်တောဖုံးလွှမ်းမှု တိုးပွားအောင်ဆောင်ရွက်နေသကဲ့သို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေးအတွက် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်း ၁၈ မျိုးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စံပြသစ်တောစီမံကိန်းသည် သစ်တောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးစေရေးကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ဖော်ဆောင်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်ကြောင်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် ဆက်စပ်ဌာနများ ချိတ်ဆက် ဆောင်ရွက်ပြီး ရေရှည်တွင် ပိုမိုတိုးတက်ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ အခွင့်အလမ်းနှင့် အစီအစဉ်များ ရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြား သည်။ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး က သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်အလက်များအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူအခြေပြု စံပြသစ်တောတည်ထောင်ခြင်း၏ သဘောသဘာဝ နှင့် စီမံကိန်းလုပ်ငန်းတိုးတက်မှု၊ သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေခြင်း အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်အလားအလာ၊ ‌ဂေဟစနစ်ဝန်ဆောင်မှုနှင့် ‌ဒေသခံပြည်သူ အခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်မှုအခြေအနေများနှင့်ပတ်သက်၍ တက်ရောက်လာသူများ က ကဏ္ဍအလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(၄.၁.၂ဝ၂၅) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဓ္ဒိရပ်ကွက်၊ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးလှမောင်သိန်းတက်ရောက်၍ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊မြန်မာ့သစ်လုပ်ငန်း တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး အားကစားအမျိုးအစားအလိုက် ပထမ၊ဒုတိယ၊တတိယဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စိုက်ခင်း ထူးချွန်ဆု၊ သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိ သော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား အင်ကြင်းခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါး သက်သာစေရေးအတွက် အရေးပါသော သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် စိုက်ခင်းလုပ်ငန်းစဉ်များ အချိန်မီပြီးစီးအောင် လုံ့လစိုက်ကြိုးစားမှသာ အောင်မြင်သော စိုက်ခင်းများ ဖြစ်ထွန်းလာမှာဖြစ်ကြောင်း၊ အလားတူ သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့ စေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုများ လျော့နည်းပပျောက်စေရေး အတွက် တရားမဝင်သစ် တားဆီးကာကွယ်ရေးသည်လည်း အထူးအရေးကြီးကြောင်း၊ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တရားမဝင်သစ် စုစုပေါင်း ၅၆၇၂ တန် ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စေရေးအတွက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲအား အားကစားနည်း ၆ မျိုး ဖြင့် ကျင်းပပေးခဲ့ကြောင်း၊ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ် ဖမ်းဆီးရမှုထူးချွန်ဆုနှင့် အားကစား ပြိုင်ပွဲ ဆုရသူများအား ဂုဏ်ပြုပါကြောင်းနှင့် နှစ်သစ်တွင် ဝန်ထမ်းမိသားစုများအားလုံး ကျန်းမာပျော် ရွှင်စွာဖြင့် တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ခင်း၊ တရားမဝင်သစ်ဖမ်းဆီးရမှုနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများ နှင့် ဆုရအသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဝန်ထမ်းများအား၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးအကြိုလက်ဆောင်ပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လ(၂၇) ရက် သောကြာနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူး အမှာစကားများ ပြောကြားခဲ့ပြီး နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများကို ဝန်ထမ်းများက ကိုယ်တိုင် မဲနှိုက်ကံစမ်းခဲ့ကြပါသည်။ ထိုသို့မဲနှိုက်ကံစမ်းကြရာတွင် ဆုမဲပေါင်း (၆၅၀) ဆုတို့အား ဗလာမပါကံစမ်းမဲစနစ်ဖြင့် ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများက ပျော်ရွှင်စွာ မဲနှိုက်ကံစမ်းပါဝင်ဆင်နွှဲခဲ့ကြပါသည်။

(၂၇-၁၂-၂၀၂၄)ရက်၊ သောကြာ​နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် သုတေသနပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Technical Working Group အစည်းအဝေးကို ၂၆-၁၂-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တော၊သတ္တုနှင့်ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍ (၃)ရပ် သုတေသနပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Technical Working Group ကော်မတီဥက္ကဌ၊ သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) နှင့်အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာ ဦးစီး ဌာန၊ လုပ်ငန်းဌာနများနှင့် တက္ကသိုလ်မှ ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ပါမောက္ခ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊လက်ထောက်ညွှန်ကြားရေးမှူးများ နှင့်သုတေသီများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် မြေပေါ်မြေအောက်သယံဇာတများရေရှည်တည်တံ့စေရေးအတွက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် ပူးပေါင်းဆောင်ရွက်ရေး သုတေသနများ၏အရေးပါပုံ နှင့် ယနေ့ အစည်းအဝေး မှတစ်ဆင့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် ပါဝင်တဲ့ Integrated Research ကို လက်တွေ့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေး ဆောင်ရွက်မည့် သုတေသနများ ဖော်ထုတ်နိုင်ဖို့ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်လာသည့် Technical Working Group အဖွဲ့ဝင်များက သစ်တော၊ သတ္တုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ပူးပေါင်းသုတေသနများ ဖော်ထုတ်ဆွေးနွေးခြင်းနှင့်အတူ ရွေးချယ်အတည်ပြုခဲ့သည့် သုတေ သနလုပ်ငန်းများ ဆောင်ရွက်သင့်သည့် နေရာဒေသ၊ ရန်ပုံငွေရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၃-၁၂-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်းမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးတင်မိုး (ဒုတိယညွှန်ကြားရေးမှူး၊ ဝန်းကျင်/သားငှက်ဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်မှ နေပြည်တော်၊ ရုံးအမှတ် (၁၉)တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း(၁/၂၀၂၄)တက်ရောက်မှုအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၀၈:၃၀ နာရီတွင် ပြင်ဦးလွင်အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ရှင်းလင်းဆောင် တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီး များ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စစ်ကိုင်း တက္ကသိုလ် ၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ဟုမ္မလင်းဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ဂျပန်နိုင်ငံ၊ National Museum of Nature and Science (NMNS) ၊ တရုတ်နိုင်ငံ၊ Xishuangbanna Tropical Botanical Garden, Chinese Academy of Sciences (XTBG, CAS) နှင့် ထိုင်းနိုင်ငံ Mae Fah Lung Foundation တို့မှ ပါမောက္ခများနှင့် ကျွမ်းကျင်သူများ၊ ပြင်ဦးလွင်မြို့ရှိ ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ များ၊ ပန်းဝါသနာရှင်များ၊ ပန်းစိုက်ပျိုးထုတ်လုပ်သူပညာရှင်များ၊ အမျိုးသားကန်‌တော်ကြီး ဥယျာဉ်မှ ရုက္ခဗေဒပညာရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၇၀)ဦး တက်ရောက်ကြ ပါသည်။ အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲမှတစ်ဆင့် အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်း၊ သိပ္ပံနည်းကျ သုတေသနပြုခြင်း၊ ပန်းမန်စိုက်ပျိုးခြင်း၊ အသိပညာပေးခြင်းနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ပေးစွမ်းလျက်ရှိသည့် “ရုက္ခဗေဒ ဥယျာဉ်” တစ်ခုဖြစ်သည့် အမျိုးသားကန်တော်ကြီးဥယျာဉ် အောင်မြင်စွာဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ဖို့ ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် လာသည့် ပြည်တွင်း/ပြည်ပမှ ရုက္ခဗေဒနှင့် ဥယျာဉ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ခင်မင် ရင်းနှီးစွာ နှုတ်ဆက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာတွင် တက်ရောက်လာသည့် ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းတင်ပြခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များ အား တင်ပြခြင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်နှင့် ပန်းပွဲတော်အား လှည့်လှည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages