Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများ မှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၄၆.၇၃၉၆)တန်၊ သစ်မာ (၃.၃၃၁၁)တန်၊ အခြား (၄၈.၉၀၄၇)တန်၊ စုစုပေါင်း (၉၈.၉၇၅၄)တန်၊ တရားခံ (၄၂)ဦး၊ ယာဉ်/ယန္တရား (၁၉)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၈-၂၀၂၁ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ မေယုကျွန်းအရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းခွဲသား(၂၀၃)ချောင်း (၁၉.၃၃၉၆)တန်၊ စက်လှေ(၁)စီး၊ တရားခံ(၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၆-၈-၂၀၂၁)ရက်နေ့မှ (၂၀-၈-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၄.၂၇၄၉)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး(၄၄) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၃၁-၈-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected] သို့ ၂၆-၈-၂၀၂၁ နောက်ဆုံး ထား၍ Online စနစ်ဖြင့်သာပေးပို့လျှောက်ထားရမည်(လူကိုယ်တိုင်လာရောက်လျှောက်ထားရန်မလိုပါ) -
(က) ဘွဲ့လက်မှတ်မူရင်း (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်မူရင်းတင်ပြရန်)၊
(ခ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်း (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်းတင်ပြနိုင်ရမည်။)၊
(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
(ဃ) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမူရင်း၊
(င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း။
၄။ စည်းကမ်းနှင့် မကိုက်ညီသော(သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက်ကျော် လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၅။ ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်မည့် ရက်စွဲ၊ အချိန်၊ နေရာနှင့်စာမေးပွဲဖြေဆိုရန် အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်များကို သစ်တောဦးစီးဌာန၏ Website www.forestdepartment.gov.mm တင်ကြေညာပေးသွားမည်ဖြစ်ပါသည်။
၆။ လက်ရှိ COVID-19 သတ်မှတ်ချက်များအရ နေပြည်တော်တွင် နေထိုင်သူများကို သစ်တောသုတေသနဌာနတွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေထိုင်သူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများတွင်လည်းကောင်း ရေးဖြေစစ်ဆေးသွားမည်ဖြစ်ပါသဖြင့် လက်ရှိနေရပ်လိပ်စာနှင့် ‌ရေးဖြေ ဖြေဆိုလိုသည့် တိုင်းဒေသကြီး/ ပြည်နယ်/နေပြည်တော် တို့အား တိကျစွာ ထည့်သွင်းဖော်ပြ လျှောက်ထားရပါမည်။
၇။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၄၀၃/ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို အောက်တွင် download ရယူနိုင်ပါသည်။

လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၃၁-၈-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၃၁-၈-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၁။ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း စက်ပြင်(၅) ရာထူး (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၃) နေရာအတွက် လူတွေ့စစ်ဆေးခြင်းကို သစ်တောသုတေသနဌာန၊ ရေဆင်း၊ ခန်းမ(၅) တွင် ၁၆-၈-၂၀၂၁ ရက်နေ့ (၀၉:၀၀)နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။
၂။ ယာဉ်မောင်းစက်ပြင်(၅)ရာထူးဝင်ခွင့် လျှောက်ထားသူများ၏ လူတွေ့စစ်ဆေးခြင်း ဖြေဆိုရန် သတ်မှတ်ထားသော ခုံအမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၁။ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောကြပ်ရာထူး (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၈) နေရာအတွက် လူတွေ့စစ်ဆေးခြင်းကို သစ်တောသုတေသနဌာန၊ ရေဆင်းတွင် ၁၆-၈-၂၀၂၁ ရက်နေ့ (၀၉:၀၀)နာရီတွင် ပြုလုပ်မည် ဖြစ်ပါသည်။
၂။ တောကြပ်ရာထူးဝင်ခွင့် လျှောက်ထားသူများ၏ လူတွေ့ဖြေဆိုရန်သတ်မှတ်ထားသော ခုံအမှတ်များနှင့်စာစစ်ဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

၁။ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူး (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (၁၆) နေရာအတွက် လူတွေ့နှင့်ကွန်ပျူတာ ကျွမ်းကျင်မှု စစ်ဆေးခြင်းကို သစ်တောသုတေသနဌာန၊ ရေဆင်းတွင် ၁၇-၈-၂၀၂၁ ရက်နေ့ (၀၉:၀၀)နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။
၂။ အငယ်တန်းစာရေးရာထူးဝင်ခွင့် လျှောက်ထားသူများ၏လူတွေ့နှင့်ကွန်ပျူတာကျွမ်းကျင် မှုဖြေဆိုရန်သတ်မှတ်ထားသော ခုံအမှတ်များနှင့်စာစစ်ဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

Pages