၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ(၁၉-၁၁-၂၀၂၄)ရက်နေ့ (၁၃း၀၀)နာရီတွင်၊ အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ) မြို့မ(၃)၌ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲတွင် တိုက်ကြီးမြို့နယ်၊ ဦးစီးအရာရှိ ဦးသန်းစိုးနိုင် မှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မ(၃) တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူ (၁၀၅)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊သစ်တောဦးစီးဌာနမှ (၁၉-၁၁-၂၀၂၄)ရက်နေ့၊ (၁၀:၀၀) နာရီတွင် ဒိုက်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဗြတ်ကြီး‌ကျေးရွာ)၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)အား ပြုလုပ်ခဲ့ရာ ဒိုက်ဦးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးနှင့်တကွဆရာမ(၉)ဦး၊ ကျောင်းသူ/သား (၈၀)ဦး၊ သစ်တောဦးစီးဌာန ဝန်ထမ်း(၇)ဦး၊ ရပ်မိရပ်ဖ(၆)ဦး စုစုပေါင်း(၁၀၂)ဦး တက်ရောက်ခဲ့ကြပါသည်။ အစီအစဥ်အရ ဒိုက်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဗျက်ကြီး‌) ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်းအောင်မှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး၊ ဗျက်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းမှ ပါဝင်ဆွေးနွေး ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

အမျိုးသားမြေ အသုံးချမှု ကောင်စီအတွင်းရေးမှူးများအဖွဲ့၏ အဋ္ဌမအကြိမ် အစည်းအဝေးကို ၁၉-၁၁-၂၀၂၄ ရက်၊ ၁၃း၃၀နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ခေါင်းဆောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားမြေဥပဒေရေးဆွဲပြုစု ရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်(One Map Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့တို့မှ အမျိုးသားမြေအသုံးချမှု ကောင်စီ ဆဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။

(၁၈-၁၁-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသင်းသင်း (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ ဦးစီးအရာရှိ ဦးဖြိုးဝေမှ အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် အာဆီယံဒေသတွင်း အပူပိုင်းဒေသသစ်တောသယံဇာတများရေရှည်တည်တံ့စေရေး အဆင့်မြှင့်တင်သည့်လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာယုယအေးနှင့် ဦးစီးအရာရှိ ဒေါ်နွေးမွန်မွန်အောင်တို့မှ တရုတ်ပြည်သူသမ္မတ နိုင်ငံတွင်ပြုလုပ်သည့် ကာဗွန်ရောင်းဝယ်ခြင်းနှင့်ကာဗွန်ငွေကြေးထောက်ပံ့ခြင်းယန္တရားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ(၁၇-၁၁-၂၀၂၄) ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အားပြုလုပ်ခဲ့ပါသည်။ ဦးထွန်းညွန့်တင်( ခရိုင် လ/ထ ညွှန်မှူး )မှ မီးခိုးမြူငွေ့လျှေ့ာချရေးဆိုင်ရာအသိပညာပေးခြင်း ကိုလည်းကောင်း၊ ဦးမိုးအာကာကျော်(ခရိုင်ဦးစီးအရာရှိ) မှ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ဦးဟန်မင်းထွန်း(သရက်မြို့နယ်ဦးစီးအရာရှိ)မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့်လျော့နည်းစေရေးအသိပညာပေးခြင်းကို၎င်းဟောပြောခဲ့ကြပါသည်။တက်ရောက်သူ ဆရာ/ဆရာမ (၉)ဦး၊ ဒေသခံ ရပ်မိ/ရပ်ဖ (၂) ဦး ၊ နတလ ကျောင်းသူ/သား(၆၀)ဦး ၊စုစုပေါင်း (၇၁)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်း (၁၅-၁၁-၂၀၂၄) ရက်နေ့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မီးပုံးပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခြင်းဆုချီးမြှင့်ပွဲ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်၊ဒေါက်တာသောင်းနိုင်ဦး၏ ဦးဆောင်မှုဖြင့် "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့မှ တေးသီချင်းများ၊ဆင်အကအလှများဖြင့် ဘုရားဖူးလာပြည်သူများအား ပျော်ရွှင်စွာ ပါဝင်ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဥ်တွင်"စိမ်းလန်းမြေ" မီးပုံးပျံအား "စက္ခုပသာဒအကောင်းဆုံးဆု" ချီးမြှင့်ရရှိခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ ပျော်ရွှင်စွာ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားပြီးဆုံးချိန်တွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင်သော "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့မှ မာရဝိဇယဘုရားပရဝုဏ်သန့်ရှင်းလှပစေရေးအတွက် စွန့်ပစ်ကျန်ရစ်သည့်ပလပ်စတစ်ဘူးများ၊ ကြွတ်ကြွတ်အိတ်များစသည့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ ကူညီသိမ်းဆည်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်း (၁၄-၁၁-၂၀၂၄) ရက်နေ့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခြင်းအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ" စိမ်းလန်းမြေ" အမည်ရှိ ညမီးကျည် မီးပုံးပျံဖြင့် ပါဝင်၍ လွှတ်တင်ပူဇော်ယှဥ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ " စိမ်းလန်းမြေ"မီးပုံးပျံလွှတ်တင်ပူဇော်နိုင်ရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မီးပုံးပျံဆိုင်ရာလုပ်ငန်းစဥ်များ စနစ်တကျပြင်ဆင်ခြင်း၊ ယမ်းများမီးကျည်များအား နည်းလမ်းတကျပြင်ဆင်ခြင်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး "စိမ်းလန်းမြေ" မီးပုံးပျံကြီးအား အောင်မြင်ပျော်ရွှင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီးပုံးပျံလွှတ်တင်ရာတွင် ဧည့်ပရိတ်သတ်များအား ကျောက်ဆည်ဆင်ဖြူအကအလှများဖြင့်လည်းကောင်း ဦးရွှေရိုးနှင့် ဒေါ်မိုးအကအလှများဖြင့်လည်းကောင်း ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြပြီး ဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာဖြင့် တီးမှုတ်ကခုန်၍ "စိမ်းလန်းမြေ" မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၄-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်၌ အောင်သုခရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း တွင် " မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ" မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဝန်ထမ်းများစုစုပေါင်း (၂၈၆)ဦး တက်ရောက်ခဲ့ပါသည်၊ ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မိုးဦး မှ လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့ အန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာအစီအစဉ်များ၊မြန်မာ့သစ်တောများအကြောင်း၊သစ်တောဖုံးလွှမ်းမှု၊ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Pages