Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၉-၃-၂၀၂၀ ရက်နေ့တွင် ကတယ(၄၀၃)မှ ဗိုလ်မှူး စိုးနိုင်ဝင်းဦးစီးသော တပ်မတော်သားများအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်မီးပြအနောက်မြောက်ရေပြင်တွင် ဒီရေတောမျော (ဗြူးအုပ်ဆောင်း)(၂၂၀၀)လုံး၊ ဒီရေတောမျော(ဗြူးခြေထောက်)(၁၁၈၅)လုံး၊ ဒီရေတောမျော(ငှက်)(၁၃၀၀)လုံး၊ ဒီရေတောမျောစုစုပေါင်း(၄၆၈၅)လုံးနှင့် ပေါင်(၃၀)ဝင်မီးသွေး(၁၈၂၇)အိတ်၊ ပေါင်(၆၀)ဝင်မီးသွေး(၅၃၃)အိတ် စုစုပေါင်း(၃၀၈.၅၈၆)ကုဗတန်တို့အား တရားခံ(၁၀)ဦးနှင့်အတူ ပိုင်ဖြိုးအမည်ရှိစက်လှေ(၁)စီးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၁၇-၃-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် တရားခံများ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၃-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊ မိုင်တိုင်အမှတ်(၂၀/၇)နှင့် (၂၁/၀)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်မပါ HINO (၆)ဘီးယာဉ်အား တိမ်းမှောက်မီးလောင်ကျွမ်းလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး မော်တော်ယာဉ်ပေါ်၌ တရားမဝင်သစ်များ ထက်ဝက်ကျော်ခန့်မီးလောင်ကျွမ်းခဲ့ပြီး (အခြား)သစ်ခွဲသားများနှင့် မော်တော်ယာဉ်အား သပြေဝဘိနယ်ရုံးသို့ သယ်ယူသိမ်းဆည်းသွားမည်ဖြစ်ပြီးဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မှုခင်းအကူတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သီရိမာလာအနောက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောင်မြေသာစံမြို့နယ်၊ (၂၅x၂၆) လမ်းကြား၊ သင်္ဂဟာချောင်းဘေး မော်တော်ယာဉ်အမှတ်(MDY-2B/2189)TOYOTA ဒိုင်နာ(၆)ဘီး အစိမ်းရောင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၃)ချောင်း (၂.၁၇၁၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်အမှတ်(၄၂၊၁၂၁၊၁၂၃၊၁၂၄၁၂၅)နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား (၁၆၃)လုံး/ချောင်း (၂၄.၄၉၁၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး၏ သတင်းချပြမှု့အရ မြန်မာ့တပ်မတော်၊ စကခ(၃)မှ ဗိုလ်မှူးကြီးစိန်လင်း ဦးဆောင်သော စစ်ကြောင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ဆထုံးနယ်မြေ၊ ဘွန်တောင်ကျေးရွာအနီးတွင် တရားမဝင်သစ်များတွေ့ရှိသဖြင့် အကြောင်းကြားလာရာ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် အဆိုပါနေရာသို့ ရောက်ရှိပြီး တပ်မတော်စစ်ကြောင်းမှ ဗိုလ်မှူးကြီးစိန်လင်း အဖွဲ့နှင့်ပူးပေါင်းဖမ်းဆီးခဲ့ရာ တရားမဝင်သစ်လောက်ယား/စကားဝါသစ်လုံး ခန့်မှန်း(၁၅၀၀)လုံးခန့် ဘန်းဆော(၂)လုံး၊ သစ်တင်ကရိန်းကား(၁)စီး၊ သစ်တင်ထားသော (၁၂)ဘီးကား(၁)စီးနှင့်အတူ တရုတ်နိုင်ငံသား (၁)ဦး၊ မြန်မာနိုင်ငံသား (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရမိသစ်များအား တိုင်းတာစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကွန်းတောကျေးရွာ၏ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာနှင့် နမ့်မဲကြိုးဝိုင်းအကွက်အမှတ် (၁၄)နေရာတို့မှ တရားမဝင် ကျွန်းသစ်/လုံးပတ်၃ပေအောက်ကျွန်းသစ် (၄၆)လုံး (၈.၇၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ကံကြီးရွာအနောက် တောင်ဘက် (၃)မိုင်ခန့်အကွာ၊ နေရဥ္ဇာချောင်းအနီး၊ ကံကြီးရွာတောင်ဘက် (၃.၅/၃)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/နှော ခွဲသား (၃၁၅)ချောင်း (၁၄.၆၂၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှ မြို့နယ်၊ ကုန်းကြီးကျေးရွာအရှေ့ဘက် (၂)မိုင်ခန့်အကွာနှင့် (၆)မိုင်ခန့်အကွာ၊ ဝင်းရှင်လယ်တောတိုက်၊ အောင်ပင်ကျေးရွာ အရှေ့ဘက်(၁၀)မိုင်ခန့်အကွာ၊ နန်းကြီးသာကြိုးပြင်ကာကွယ်တောအတွင်း တရုတ်ဆိုင်ကယ် (၅)စီးပေါ်မှ တရားမဝင် အင်/တမလန်း/လုံးပတ်၃ပေအောက်အင် သစ်/ခွဲသား/ခွဲခြမ်း (၆၁၉)လုံး/ချောင်း/ခွဲခြမ်း (၆၁.၁၇၆၀)တန်နှင့်အတူ ချိန်းဆော (၁)လက်၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်း(၉)မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages