၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၃၀.၁၁.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀နာရီတွင် ပြင်ဦးလွင်မြို့၊အမျိုးသားကန်တော်ကြီးဥယျာဥ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကဗျာ၊ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲအား အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၁၁) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၁၃)ကျောင်း နှင့် အခြေခံပညာ အလယ်တန်းကျောင်း(၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၇၀)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေမှူး၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ မန္တလေးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူး၊ ပြင်ဦးလွင်ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီက မြန်မာနိုင်ငံကမ်းရိုးတန်းသည် ၂၈၀၀ ကီလို မီတာကျော် ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်ဒေသ ဂေဟစနစ်တစ်ခုလုံး၏ ၅ ပုံ ၁ ပုံကို ပိုင်ဆိုင် ထားကြောင်း၊ အဏ္ဏဝါဂေဟစနစ်များစုံလင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး ထောက်ပံ့ ပေးနိုင်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိကြောင်း၊ အဏ္ဏဝါဇီဝ မျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက်သယံဇာတများ ရေရှည်တည်တံ့အောင် စနစ် တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ အခြေပြု အပြာရောင်စီးပွားရေး-Blue Economy ဖွံဖြိုးတိုးတက် စေရေးအတွက် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါဂေဟစနစ်များ ထိန်းသိမ်းခြင်းနှင့် စနစ်တကျထုတ်ယူ အသုံးပြုခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြောင်း၊ပင်လယ်ကမ်းရိုးတန်းဒေသများ ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာ‌ပေးရေး၊ ရေအောက်သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါများအား ထိန်းသိမ်းရန်အတွက် အရေးကြီးသော Hot Spot နေရာများ သတ်မှတ်ရေး၊ စွန့်ပစ်အမှိုက်များ ပင်လယ်တွင်း ရောက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့်ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုမရှိစေရေး လုပ်ငန်းစဉ်အဆင့်အလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ကဏ္ဍအလိုက် ဖော်ထုတ်ချမှတ်နိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတကို မထိခိုက်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်နှင့် သုတေသနစင်တာများ ထူထောင်ရေး၊ Marine Ecotourism ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ တင်ပြဆွေး‌နွေးသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများက ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ရေရှည် ထိန်းသိမ်း‌ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်ငါးဖမ်းလုပ်ငန်းများ စစ်ဆေးကြီးကြပ်မှု မြှင့်တင်ရေး၊ အဏ္ဏဝါဂေဟစနစ်အခြေပြု သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပင်လယ်ပြင် အတွင်း တရားမဝင်ကုန်သွယ်မှုများ တားဆီးရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

(၂၉-၁၁-၂၀၂၄)ရက်၊ သောကြာနေ့ ညနေ(၀၃း၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာအတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများအပေါ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

(၂၇-၁၁-၂၀၂၄)ရက်နေ့ နံနက် ၁၀:၃၀ နာရီကရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ(တိုင်းဒေသကြီးအဆင့်)ကို နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(မှော်ဘီ) ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာကေသီလွင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထင်က ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး အစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာစေနိုင်သောရောဂါများ၊ လူသားများနှင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုနှင့် သစ်တောဦးစီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များစသည်တို့ကို ဆွေးနွေးဟောပြောခဲ့ပြီးဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ မိုးလုံလေလုံ အားကစားရုံသို့ သွားရောက်၍ ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်၊အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်း အားကစားသမား၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံရှိ အမျိုးသားဘောလီဘောအသင်း အားကစား သမားများနှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးသည်။ ထို့နောက် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အသင်းအဖွဲ့ စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်အောင် အလေးထား ကြိုးစားလေ့ကျင့်သွားရန် မှာကြားပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။

၂၂-၁၁-၂၀၂၄ ရက်၊ သောကြာနေ့ ၁၁း ၀၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအင်ကြင်းခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးရှင်းလင်းဟောပြောပွဲ အခမ်းအနားပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အစီအစဥ်အရ နေပြည်တော် ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးမျိုးမြတ်စံ နှင့် ရဲအုပ်မင်းထွေးတို့က power point, video click တို့ဖြင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာများအား အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး တက်ရောက် လာသူများ၏ သိလိုသည်များမေးမြန်းမှုအပေါ်ပြန်လည်ရှင်းလင်းဖြေကြား၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပါသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ပတ်ဝန်းကျင်/သစ်တောရေးရာနှင့်သတ္တုရေးရာ ဦးစီးဌာန/လုပ်ငန်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ အရာထမ်း၊ အမှုထမ်းများ၊ ဖယ်ရီ၊အခြားယာဥ်မောင်းများနှင့်မော်တော်ဆိုင်ကယ်အသုံးပြုသူဝန်ထမ်း စုစုပေါင်းအင်အား (၄၀၀) တက်ရောက်ကြောင်းသတင်းရရှိပါသည်။

၂၀-၁၁-၂၀၂၄ ရက်၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအင်ကြင်းခန်းမ၌ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေး (တတိယအကြိမ်) အစည်းအ​ဝေး ကျင်းပရာ ညွန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖေချစ် (မူဝါဒနှင့်စီမံကိန်း)မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်၊ အစည်းအဝေးသို့ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေး ပင်မအဖွဲ့/အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနမှတာဝန်ရှိသူများက online virtual စနစ်ဖြင့်တက်ရောက်ကြပြီး အုပ်ချုပ်ရေးခရိုင်များ ပြင်ဆင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများလိုက်ပါပြင်ဆင်ရေးဆွဲရန်လို/မလို၊ အလုပ်တိုက်နယ်များ ပြင်ဆင်ဖွဲစည်းရန်နှင့်အသစ်ဖွဲစည်းရန်လို/မလို၊ အခြေခံကိန်းဂဏန်းအချက်အလက်များ up to date ဖြစ်စေရေး၊ FRA -2025နှင့်အညီ ခရိုင်မြေပုံရေးဆွဲရေး၊ စီမံကိန်းရေးဆွဲမည့် အချိန်ဇယား သတ်မှတ်အတည်ပြုရေးတို့ကို ဆွေးနွေးညှိနှိုင်း အတည်ပြုကြပါသည်၊ သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ၁၉၉၆ ခုနှစ်မှစတင်၍ (၁၀)နှစ် တစ်ကြိမ် ပြန်လည်စတင်ရေးဆွဲဆောင်ရွက်ရာ တတိယ (၁၀)နှစ်တွက် ရေးဆွဲဆောင်ရွက်ခဲ့သည့် စီမံကိန်းမှာ ၂၀၂၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ယခု ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းသည် ၂၀၂၆-၂၇ မှ ၂၀၃၅-၃၆ အထိ ရေးဆွဲဆောင်ရွက်မည့် စတုတ္ထမြောက် (၁၀) နှစ်စီမံကိန်းဖြစ်ကြောင်းသိရှိရပါသည်။

(၁၉.၁၁.၂၀၂၄) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် ၊ တာပွန်မြို့ ၊ အ.ထ.က ကျောင်းတွင် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး /မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းအစီအစဥ် "အား ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ Grade.11/10 ကျောင်းသား /ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၂၂၂) ဦး တက်ရောက်ခဲ့ပါသည်။ အစီအစဥ်အရ နတ်တလင်းမြို့နယ် ၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်စန်းမှ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ တောအုပ်ကြီး ဦးမျိုးသက်ခိုင်မှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သက်ဆိုင်သော အကြောင်းအရာများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း အစီရင်ခံ သတင်းရရှိပါသည်။

Pages