Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၁-၁-၂၀၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မုပ္ပလင်တံတားသစ်လမ်းပိုင်း၊ မိုင်တိုင်အမှတ် (၅/၆)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(KYN 9B/6023(UD)အမျိုးအစား (၆)ဘီး(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၅၄)ချောင်း (၇.၁၆၁၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၁-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ တောင်ကျွန်းကြိုးဝိုင်း အကွက်အမှတ်(၇၊ ၉၊ ၁၁၊ ၁၂)အတွင်း မတ္တရာ-ပြင်ဦးလွင်ဆက်သွယ်သည့် တောလမ်းဟောင်း တိုးချဲ့ဖောက်လုပ်ခြင်းအား ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ ဘက်ဟိုးယာဉ်(၄)စီး၊ ယာဉ်အမှတ်မပါ NISSAN Diesel မော်တော်ယာဉ်(၁)စီး၊ ချိန်းဆော(၁)လက်နှင့် ရင်စို့လုံးပတ်(၁)ပေ အောက်နှင့် (၃)ပေအောက်သစ်ပင် (၁၉၃)ပင်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ဆဌမအကြိမ်အစည်းအဝေးကို (၁၂-၁-၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် အင်ကြင်းခန်းမ၊ သစ်တောဦးစီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၄-၁-၂၀၂၁)ရက်နေ့မှ (၁၀-၁-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၉၈.၀၀၁၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

(၅-၁-၂၀၂၁)ရက်နေ့မှ (၇-၁-၂၀၂၁)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်းနှင့် ဘူးရိုးကြိုးဝိုင်း၊ ကျောက်ဖူးချောင်း တစ်လျှောက် တောတွင်း နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/ ဒီးဒူးခွဲသား (၂၁၄)ချောင်း၊ (၂၂.၀၂၄၆)တန်နှင့် (၄၅)ပေါင်ဝင် မီးသွေးအိတ် (၅၂၇)အိတ်၊ ချိန်းဆော (၄)လက်၊ ဓါတ်ဆီ (၁၅)ဂါလံ၊ သံကြိုးပါလှည်းထမ်းပိုးတုံး (၁၂)ချောင်း၊ လေထိုးသေနတ် (၁)လက်၊ ဒူးလေး(၁)လက် တို့အား ဖမ်းဆီးရမိခဲ့ပြီး တောတွင်းရှိ တရားမဝင်မီးသွေးဖို စုစုပေါင်း (၃၈)ဖို အား ဖျက်ဆီးခြင်း၊ ဖမ်းဆီးရမိ တရားမဝင်သစ်များအား လုံခြုံရာသို့ သယ်ယူရေးနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁-၂၀၂၁ ရက်နေ့မှ ၃-၁-၂၀၂၁ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောတရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် မင်းကင်း မြို့နယ် အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်/ကူးသန်းရောင်းဝယ်မှု မရှိစေရေး နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ မင်းကင်းမြို့နယ်၊ စမြင်ကျေးရွာ၏ အရှေ့ဘက်၊ အရှေ့မြောက်ဘက် နေရာများနှင့် ရွာတော်ကျေးရွာ၏ အနောက်ဘက်(၃)မိုင်ခန့်အကွာ နေရာတို့၌ တရားမဝင်အင်/သစ်ယာ/ သပြေ/သစ်စေး/သရက်သစ်/ခွဲခြမ်း/ခွဲသား (၁၅၁)လုံး/ခြမ်း/ချောင်း (၃၀.၂၁၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၁-၂၀၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ပန်းဘဲတိုးချဲ့ကြိုးဝိုင်း၊ ဂျီဟောက်ရွာဟောင်း၊ ခပေါင်းကြိုးဝိုင်းအကွက် အမှတ်(၁၁၃)အတွင်းနေရာများမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်မကျီး/ကညင်/သဒီ/ဖန်ခါး/သစ်ကဇော်/ ဇောင်းပလွေး/နဘဲ/လိန်သစ်/ခွဲသား/ခြမ်း(၁၈၇)လုံး/ချောင်း/ခြမ်း (၂၉.၄၀၀၈)တန်နှင့် Changchai (၃၂)ကောင် အင်ဂျင်(၁)လုံးပါသစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၁၄၁၉/၂၀၂၀
ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် သစ်တောမြေများတွင် ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ တိုင်းဒေသကြီး(၆)ခုရှိ သစ်တောမြေ (၈၇၀၇၉)ဧက၊ လုပ်ကွက်(၃၅)ကွက်၊ လုပ်ငန်းရှင်(၁၉)ဦးတို့ကို တင်ဒါ်အောင်မြင်သူများအဖြစ် ၂၉-၁-၂၀၁၅ ရက်စွဲပါစာအမှတ်၊ လင/စခ/၀၃၅(၄၃၂-၄၆၀/၂၀၁၅)၊ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

Pages