၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၁-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာအုပ်စု၊ အရှေ့ဘက်(၃)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်/ကညင်သစ် (၇၇)လုံး (၃၃.၃၃၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၁-၂၀၂၁ ရက်နေ့တွင် ရေကြောင်းရဲတပ်ဖွဲ့စုအဖွဲ့(၁၁)မှ ရဲတပ်ဖွဲ့ဝင်များ၊ စရဖရေ မှ တပ်ဖွဲ့ဝင်များ၊ ရတဖ(၃၆)မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ဖောင်တော်ဦးဆိပ်အရှေ့ဘက်(၁)မိုင်ခန့်အကွာနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက်/တောင်စကိုင်း ခွဲသား (၁၀၁)ချောင်း (၁၄.၂၃၁၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၅၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

လျှောက်ထားသူသည်-
**********************
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၂၈-၂-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၁၆-၁-၂၀၂၁ ရက်နေ့တွင် ကမ်းခြေစောင့်ရေယာဉ်(၄၁၃)မှ ဗိုလ်ကြီး ဝေထက်စည် ဦးစီးသော တပ်မတော်သားများ အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဒူးယားကျွန်းအနီးတွင် စက်လှေ (၁)စီးပေါ်မှ တရားမဝင် ကဒွတ်/ ကံ့ကော်/ တောင်ခရဲခွဲသား (၆၄)ချောင်း (၆.၀၃၈၈)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၈-၁-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကူးမြို့နယ်၊ စဉ့်ကူးတို့ချဲ့ကြိုးဝိုင်းအကွက်အမှတ်(၃၁)အတွင်း တရားမဝင် ထောက်ကြံ့/ ပျဉ်းကတိုး/ သတီ/ ဖက်သန်း/ ဇင်ပြွန်း/ ခူသန်/ ကျွန်းခေါက်နွယ်/ ဒီဒူး/ ဂွေး/ မျောက်ချော/ နဘဲသစ် (၃၁)လုံး (၁၃.၅၂၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် လှည်းကူးမြို့နယ်၊ ပေါင်းလင်းကြိုးဝင်းအကွက်အမှတ်(၅၉၊ ၆၂ ၊ ၆၃၊ ၈၀)အတွင်းမှ တရားမဝင် တောင်သင်္ဘော/ မျောက်ချော/ ချဉ်ယုတ်/ ထောက်ကြန့်/ သစ်ပုတ်/ ပျဉ်းကတိုး/ နဘဲ/ ပျဉ်းမ/ မျောက်ငို/ သစ်ဆိမ့်/ သဒီ/ ဖန်ခါး/ သစ်မန်ကျည်း/ သစ်ပုတ်/ လယ်ဇ/ လျော်ပြာခွဲသား (၄၈၉)ချောင်း (၁၉.၈၅၂၇)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်စစ်ရေယာဉ်(၅၇၀)မှ ဗိုလ်မှူး ခွန်မြတ်ဇော်ဝင်းဦးစီးသော တပ်မတော်သားများ အဖွဲ့သည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာ၏ အနောက်မြောက်ဘက် (၁.၅)မိုင်ခန့်အကွာနေရာ၌ အမည်မပါမှောင်ခိုလှေ(၁)စီးပေါ်မှ တရားမဝင်ကျွန်း/ကညင်ခွဲသား (၂၈၃)ချောင်း (၁၂.၀၇၁၄)တန်အား တရားခံ(၄)ဦး ဆက်စပ်တရားခံ(၂)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

“ဒီရေတောနှင့်ဆက်စပ်ကမ်းရိုးတန်းသယံဇာတဆိုင်ရာသုတေသနများဖိတ်ခေါ်ခြင်း”
(Call for Mangrove and Coastal Research Proposals)

Pages