၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၄၉.၇၄၆၇)တန်၊ သစ်မာ (၈၀.၉၅၇၁)တန်၊ အခြား (၄၀၆.၈၆၅၁)တန်၊ စုစုပေါင်း(၆၃၇.၅၆၈၉)တန်၊ တရားခံ(၅၉)ဦး၊ ယာဉ်/ယန္တရား(၂၆)စီး ဖမ်းဆီးရမိခဲ့ပါ၊သည် ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ဘိနယ်၊ ပင်ခုတ်ကျေးရွာ၏အရှေ့ တောင်ဘက် (၁၀)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်သစ်လုံး/ခွဲသား/ခွဲခြမ်း (၁၁၄၅)လုံး/ချောင်း/ ခြမ်း(၄၄.၂၇)တန်၊ သစ်စက်(၁)ခုနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်

၁၁-၁-၂၀၂၁ ရက်နေ့မှ ၁၉-၁-၂၀၂၁ ရက်နေ့အထိ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲများ၌ တင်ပြခဲ့သည့် မြန်မာနိုင်ငံသစ်တောပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်း (FREDIP)၏ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့် အစီအမံများ၏ တင်ပြချက်(Powerpoint File) များကို အောက်ပါ download link တွင် ရယူနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါ မူဘောင်နှင့် အစီအစဉ်(မူကြမ်း)များအပေါ် သဘောထား မှတ်ချက်များနှင့် အကြံပြုချက်များကို ယခု Web Page ၏ Comment Box တွင် လည်းကောင်း၊ Gmail account – fd.fredip.esmf2021@gmail.com သို့ လည်းကောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါရန် တင်ပြအပ်ပါသည်။

https://www.forestdepartment.gov.mm/books/other/fredip-project-overview-...
https://www.forestdepartment.gov.mm/books/other/fredip-project-es-docume...

သစ်တောဦးစီးဌာနနှင့် အာရှဒေသ သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် စေရေးအတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မှုဆိုင်ရာ စံပြသစ်တောများတည်ထောင်ခြင်းစီမံကိန်း” ၏ ပထမအကြိမ် စီမံကိန်း လုပ်ငန်းကြီးကြပ် ရေးကော်မတီ အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် virtual နည်းလမ်းဖြင့် ကျင်းပခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၄-၁-၂၀၂၁ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကြိုးပြင်၊ ဇဗ္ဗူရန်နိုင်လမ်းမှ မော်တော် ယာဉ်အမှတ် NPW 6C/2660 LIFAN အမျိုးအစား(အပြာရောင်)(၆)ဘီးယာဉ်(၁)စီးပေါ်မှ တရားမဝင် ဒီးဒူး/ နဘဲ/ ဂွေး/ လက်ပံ/ မအူလက်တံရှည် ခွဲသား (၇၂၉)ချောင်း (၄.၁၉၁၇)တန်အား တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၃-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ကျေးရွာ၏ အရှေ့တောင်ဘက်(၉)မိုင်ခန့်အကွာမှ တရားမဝင် ကညင်သစ်/ခွဲခြမ်း/ခွဲသား (၇၉၉)လုံး/ချောင်း/ခြမ်း (၂၀)တန်နှင့် ချန်ချိုင်း(၂၅)ကောင် အင်ဂျင် (၁)လုံး၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ စရဖမှ တပ်မတော် သားများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ပွဲကုန်း(၃)ရပ်ကွက်၊ ဒီမောဆိုးသွားကားလမ်းနံဘေး၊ ဦးလွှီးဇီး၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ထင်းရှူးခွဲသားဆိုဒ်စုံ (၂၇၁၁)ချောင်း (၁၉)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၈၉.၅၇၃၆)တန်၊ သစ်မာ (၁၂၁.၃၅၆၀)တန်၊ အခြား (၃၁၁.၆၅၅၆)တန်၊ စုစုပေါင်း(၅၂၂.၅၈၅၂)တန်၊ တရားခံ(၆၆)ဦး၊ယာဉ်/ယန္တရား(၄၉)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၈၄)အတွင်းမှ တရားမဝင် မျောက်ငို/ကညင်/သပြေ/သင်္ကဒူ/ သစ်ယား (၂၉၉)လုံး/ချောင်း/ခြမ်း (၈၉.၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) အရ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် သဘာဝအပင်များအနက် စီးပွားရေးအလို့ငှာ မျိုးပွားစိုက်ပျိုးခြင်း ပြုနိုင်သော သဘာဝအပင်အမျိုးအမည်များကို အောက်ပါ အတိုင်း သတ်မှတ်ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်
https://bit.ly/39BQi0F

Pages