Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် သစ်တောမြေများတွင် ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ တိုင်းဒေသကြီး(၆)ခုရှိ သစ်တောမြေ (၈၇၀၇၉)ဧက၊ လုပ်ကွက်(၃၅)ကွက်၊ လုပ်ငန်းရှင်(၁၉)ဦးတို့ကို တင်ဒါ်အောင်မြင်သူများအဖြစ် ၂၉-၁-၂၀၁၅ ရက်စွဲပါစာအမှတ်၊ လင/စခ/၀၃၅(၄၃၂-၄၆၀/၂၀၁၅)၊ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၄၄.၅၀၁၃)တန်၊ သစ်မာ (၂၇.၂၅၅၀)တန်၊ အခြား (၄၄၂.၇၆၃၃)တန်၊ စုစုပေါင်း(၆၁၄.၅၁၉၆)တန်၊ တရားခံ(၃၆)ဦး၊ယာဉ်/ယန္တရား(၂၄)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၁-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ တီကျစ်ဘိနယ်၊ တီကျစ်ကုန်းကျေးရွာအုပ်စု၊ နောင်မွန်းကျေးရွာအနီးဝန်းကျင်/ နောင်မူကျေးရွာအတွင်း/ ဆည်ခေါင်းကျေးရွာအတွင်းတို့မှ တရားမဝင် အခြားသစ်မျိုးစုံ (၆၃၅၃)လုံး/ချောင်း/ခြမ်း (၂၅၃.၆၈၂၃)တန်၊ ယာဉ်(၁)စီး၊ ဆိုင်ကယ်(၁)စီး၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၈-၁၂-၂၀၂၀)ရက်နေ့မှ (၃-၁-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၄၀၃.၀၇၉၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၂၆.၇၁၇၆)တန်၊ သစ်မာ (၈၇.၀၇၁၁)တန်၊ အခြား (၂၉၀.၇၈၇၁)တန်၊ စုစုပေါင်း(၅၀၄.၅၇၅၈)တန်၊ တရားခံ(၆၂)ဦး၊ယာဉ်/ယန္တရား(၅၂)စီး ဖမ်းဆီး ရမိခဲ့ပါ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ မြောက်ပိုင်းဘိနယ်၊ မထုကြိုးဝိုင်းအကွက်(၅၁) နေရာ မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ယမနေ သစ်လုံး/ခွဲသား (၁၈၉)လုံး/ချောင်း (၅၈.၉၃၄၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

၂၆-၁၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တိုင်းမှုခင်းအထူးဌာနချုပ်၊ ပုသိမ်မြို့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လေးမျက်နှာ မြို့နယ်၊ ငါးသိုင်းချောင်း-ရေနံ့သာ-ဂွကားလမ်းအကွက်အမှတ်(၅၁)အတွင်း မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၁၂၇)ချောင်း (၁၂)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

၂၆-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးတပ်စု(၁)မှ တပ်မတော်သားများ၊ စရတ(မဘိမ်း)မှ တပ်မတော်သားများ၊ သတင်းရဲတပ်ဖွဲ့(မဘိမ်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ညောင်ပင်သာ ကျေးရွာ၏ အနောက်တောင်ဘက်(၈)မိုင်ခန့်အကွာ၊ အုံဒုတ်ကြိုးဝိုင်းအကွက်အမှတ်(၁၅)အတွင်း မော်တော် ယာဉ်(၂)စီးယာဉ်ပေါ်မှ တရားမဝင် သစ်ယာ/ အင်ကြင်း/ ပျဉ်းကတိုးသစ် (၁၅)လုံး (၈)တန်အား တရားခံ (၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၁၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ရေတာရှည်မြို့နယ်၊ လုံးရမ်းကြိုးဝိုင်းအကွက်အမှတ်(၁၀)နှင့် စဖျင်ကြိုးဝိုင်းအကွက် အမှတ်(၇)အတွင်း တရားမဝင် ကျွန်းခွဲသား/ခွဲခြမ်း (၉၃)ချောင်း/ခြမ်း (၁၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မင်းကင်းမြို့နယ်၊ တဲကြီး(မြောက်)ရွာ၏တောင်ဘက်အနီးတစ်ဝိုက်နေရာများ၌ တရားမဝင် အင်ခွဲသား(၈၂) ချောင်း (၁၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages