Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၄-၁-၂၀၂၁ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဝေသာလီကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဝေသာလီ ကျေးရွာအနောက်တောင်ဘက် (၃)မိုင်ခန့်အကွာ၊ ကြိုးပြင်တော၊ ပျဉ်းမနား- ဖယ်ခုံမြို့နယ် နယ်နိမိတ်၊ ကမ်းဇောင်ချောင်းအတွင်းမှ တရားမဝင် ကညင်သစ် (၄၉)လုံး (၃၉.၄၇၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ(MFCC)၏ အဌမအကြိမ်မြောက် အစည်းအဝေးကို (၂၆-၁-၂၀၂၁)ရက်နေ့ မွန်းလွဲ(၁၂:၃၀) နာရီအချိန်တွင် Virtual Meeting (Zoom Application) ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီဥက္ကဌ ဦးခင်မောင်ရီမှ အဖွင့် အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်းမှဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးရွှေကျော်(အကြံပေးအရာရှိ)နှင့် မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီ (MFCC)၏ အဖွဲ့ဝင်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်.

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၈-၁-၂၀၂၁)ရက်နေ့မှ (၂၄-၁-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၆၃.၁၈၁၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

MFCC ၊ ITTO Forestry Agency of Japan(FAJ) တို့ ပူးပေါင်းဆောင်ရွက်မည့် “STRENGTHENING SFM STANDARDS AND TIMBER LEGALITY FRAMEWORK IN MYANMAR” စီမံကိန်း၏ Preliminary Project Streeing Committee(PSC) and Project Management Team(PMT) အစည်းအဝေးကို (၂၆-၁-၂၀၂၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် Virtual Meeting (Zoom Application) ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီဥက္ကဌ ဦးခင်မောင်ရီမှ အဖွင့် အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာ့သစ် လုပ်ငန်းမှဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးရွှေကျော်(အကြံပေးအရာရှိ)၊ ITTO မှ Dr.Ma Hwan-OK ၊ MONREC-JICA FDSNR Project မှ chief Advisor Mr. Satoshi Fujita နှင့် မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီရုံးအဖွဲ့တို့မှ ဆွေးနွေးခဲ့ကြပါ သည်.

၂၃-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ယင်းမာပင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝကားလမ်း၊ မိုင်တိုင်(၁၀/၄)တရော်ကျင်း ကျေးရွာအနီး မော်တော်ယာဉ်အမှတ်-SGG(8L/4840)CANTER အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ချပ် (၄)ချပ် (၀.၉၅၅၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာအုပ်စု၊ အရှေ့ဘက်(၃)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်/ကညင်သစ် (၇၇)လုံး (၃၃.၃၃၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၁-၂၀၂၁ ရက်နေ့တွင် ရေကြောင်းရဲတပ်ဖွဲ့စုအဖွဲ့(၁၁)မှ ရဲတပ်ဖွဲ့ဝင်များ၊ စရဖရေ မှ တပ်ဖွဲ့ဝင်များ၊ ရတဖ(၃၆)မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ဖောင်တော်ဦးဆိပ်အရှေ့ဘက်(၁)မိုင်ခန့်အကွာနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက်/တောင်စကိုင်း ခွဲသား (၁၀၁)ချောင်း (၁၄.၂၃၁၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၅၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

လျှောက်ထားသူသည်-
**********************
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၂၈-၂-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

Pages