Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်းတွင် လစ်လပ်လျှက်ရှိသော (လစာနှုန်း ကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) သုတေသနလက်ထောက်(၃)၊ ပညာရှင်အဆင့်(၂) ရာထူးနေရာ (၃)နေရာ အတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
+++++++++++++
https://bit.ly/3tG0Sg6

၃၀-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ဆောင်ရွက်လျက်ရှိ ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ်(၇၁)အတွင်း တရားမဝင်ကညင်/စကားဝါခွဲသား (၇၅၂)ချောင်း (၁၁.၈၉၄၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၉-၁-၂၀၂၁ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ တောင်ညိုကြိုးဝိုင်းအကွက် အမှတ်(၄၄)၊ ထန်းတပင်ကျေးရွာအနီးဝန်းကျင်နေရာများ၊ တောင်ညိုကြိုးဝိုင်း အကွက်အမှတ်(၄၀)အတွင်း၊ ရွှေပေါ်ကျွန်းကျေးရွာ၏ အနောက်တောင်ဘက်(၁)မိုင်ခန့်အကွာနေရာ၊ အထက်ဆင်သေကြိုးဝိုင်း အကွက် အမှတ်(၇၅)အတွင်း ရွှေနန်းထိုက်ကျေးရွာ၏ အနောက်ဘက်အနီးနေရာ များ၌ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သင်းဝင်/ဘဲ့ပြား/ဖက်သန်း/တောင်မကျည်း/ကြက်ရိုး/ယင်းမာ/ဘင်္ဂ/ရုံး/ ဖန်ခါး/အင်/သန်း/ လိန်/ သဘွတ်ကြီး/တရော်/ချဉ်ယုတ်/သံသေ/ကြို့/အင်ကြင်း/ နဘဲ/ တရော်သစ်/ ယင်းမာ/ သဘောက်/ကတီ/ ခူသန်ခွဲသား/ခွဲခြမ်း/မျော(၃၁၄)လုံး/ချောင်း/ခြမ်း(၁၀.၈၂၇၂)တန်၊ Jianghuai အင်ဂျင်(၂)လုံးနှင့်သစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၉၁)တန်၊ သစ်မာ (၅၈)တန်၊ အခြား(၂၈၀)တန်၊ စုစုပေါင်း(၄၂၉)တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ယန္တရား(၄၃)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ နတ်စက်ဘိနယ်၊ စန္ဒားကြိုးပြင်ခုတ်ကွက်ကြီး(II) အတွင်းမှ တရားမဝင်ကညင်သစ်လုံး(၂၆)လုံး(၁၉)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၅-၁-၂၀၂၁)ရက်နေ့မှ (၃၁-၁-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၃၅.၆၀၉၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ AWPT ဆိပ်ကမ်းတွင် ကြယ်စင်ဝိုင်းကုမ္ပဏီအမည်ဖြင့် ကုန်သေတ္တာ (၂)လုံးအား ဂျင်းအစို(Fresh Ginger)ဟုကြေညာထားပြီး EXPORT DECLEARATION လျှောက် ထားမှုအပေါ် မသင်္ကာသဖြင့် အဆိုပါကုန် သေတ္တာ(၂)လုံးအား (၂၃-၁-၂၀၂၁)ရက်နေ့တွင် X-ray ဖြတ်၍စစ်ဆေးရာ သစ်များဖြစ်ကြောင်း သိရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် နှင့် အလုံမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်‌သောပူးပေါင်းအဖွဲ့သည် (၂၅-၁-၂၀၂၁)ရက်နေ့တွင် စစ်ဆေးရာ တရားမဝင် ပိတောက်သစ် ခွဲသား (၃၁၆၂) ချောင်း၊ (၂၂.၈၁၀၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၅-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ အဖွဲ့သည် ဘုတလင်မြို့နယ်၊ ဂွေးပင်ကျင်းကျေးရွာအနီးတွင် မော်တော် ယာဉ်အမှတ် SGG-1A/870 NISSAN DESEL (၆)ဘီးယာဉ်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၈၈)ချောင်း (၆.၇၆၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၅-၁-၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ထီးဖိုးခလုံးကျေးရွာအုပ်စု၊ ထီးဖိုးခလုံကျေးရွာအနီး၊ ဘားအံ- မြိုင်ကြီးငူကားလမ်းဘေး၊ မြိုင်ကြီးငူမုဒ်ဝအရှေ့တွင် မော်တော်ယာဉ် အမှတ် (၇က/၇၃၇၆)AEOLUS Hino(၆)ဘီး၊ အစိမ်းရောင်ယာဉ်(၁)စီးပေါ်မှ တရားမဝင် သင်္ဂဒူ/ ကောင်းမှု ခွဲသား (၁၆၅)ချောင်း (၄.၁၄၅၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages