၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလေထု​​​​ထိန်းချုပ်​ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၃ ရက်က ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပသည်။ ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင် - ၂ ဦးမင်းညို က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာန၊တွဲဘက်ပြည်နယ်ညွှန်ကြားရေးမှူးဦးရဲထွန်း က ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာခြင်းအကြောင်း၊ သစ်ပင်များ စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကြောင်း၊ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးအကြောင်းအရာများကို လွိုင်မွေဒေသရှိ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(လွိုင်မွေ) အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်ပြီး ကျိုင်းတုံခရိုင်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းနှင့် တာချီလိတ်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်း​ဝေယံထွန်း တို့က ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများအကြောင်း၊ ရေချိုများရှားပါလာမှုအကြောင်း၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ကျိုင်းတုံ-မိုင်းဆတ်ခရိုင်သစ်တော်ဦးစီးဌာနမှူး၊ ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှူးနှင့်ဝန်ထမ်းများက ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးခိုးမြူငွေညစ်ညမ်းမှုလေထုလျော့ချရေး ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ် နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှုဆန်းစစ် လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲ (Consultation and Validation Workshop on Forest Resources Assessment 2025, Myanmar) (၈-၁-၂၀၂၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ RS & GIS ကျွမ်းကျင်ပညာရှင်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပြင်ပကျွမ်းကျင်ပညာရှင်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တော သယံဇာတဆန်းစစ်လေ့လာခြင်းလုပ်ငန်းကို ကောင်းကင်ဓါတ်ပုံများ အသုံးပြုပြီး ၁၉၅၅ ခုနှစ်၊ ၁၉၇၅ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်တို့တွင် ဆန်းစစ်လေ့လာ ခဲ့ပါကြောင်း၊ ၁၉၉ဝ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှု ကို UNFAO ရဲ့ နည်းပညာ အထောက် အပံ့ဖြင့် ဂြိုဟ်တုဓါတ်ပုံများ အသုံးပြုခြင်း၊ သယံဇာတစာရင်း ကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များကို အသုံးပြု၍ ပြင်ဆင် လေ့လာခဲ့ကြပါကြောင်း၊ အကဲဖြတ်ရလဒ် များကို အစီရင်ခံစာ များရေးသားပြုစု၍ ကမ္ဘာ့ကုလသမဂ္ဂ၏ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ ၅ နှစ်လျှင် ၁ ကြိမ် တင်ပြ၍ ကမ္ဘာ့သစ်တောသယံဇာတများ အကဲ ဖြတ်ခြင်း (Global Forest Resources Assessment- FRA) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သစ်တော သယံဇာတ အခြေအနေ၊ အပြောင်းအလဲများ Time Series Data များကို ဖော်ပြ ပေးလျက်ရှိကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှုအခြေအနေကို ဂြိုဟ်တု ဓါတ်ပုံများ၊ Remote Sensing နဲ့ GIS Soft ware များကို အသုံးပြုလေ့လာ၍ Digital Image Classification စနစ်ဖြင့် မြေပုံများရေးဆွဲခဲ့ပါကြောင်း၊ အစီရင်ခံ စာများအရ မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုဟာ ၄၆.၉၆ % (FRA 2010)၊ ၄၂.၉၂ % (FRA 2015) နဲ့ ၄၂.၁၉ % (FRA 2020) အသီးသီးရှိပါကြောင်း၊ ၂၀၂၅ခုနှစ် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေကို Remote Sensinga GIS နည်းပညာများအသုံးပြုပြီး ဆန်းစစ်လေ့လာခြင်း ဆောင်ရွက် ခဲ့ပြီး ရရှိလာတဲ့ရလဒ်များအရ FRA 2025 အစီရင်ခံစာအဖြစ် ရေးသား ပြုစုခဲ့ပြီးနောက် အစီရင်ခံစာ(မူကြမ်း)ကို ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ ကြွရောက်လာကြတဲ့ ဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အငြိမ်းစားသစ်တော ပညာရှင်များ၊ RS/GIS ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများနဲ့ တက်ရောက်လာသူများမှ သစ်တောသယံဇာတဆန်းစစ် လေ့လာခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တိကျမှန်ကန်မှု ဆန်းစစ်လေ့လာခြင်းများနဲ့ ရလဒ်တွက်ချက်ရာမှာ ဘာသာရပ်ဆိုင်ရာ နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့်မှ ဆွေးနွေး အကြံပြုပေးပါရန် ပြောကြားခဲ့ပါသည်။ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ သစ်တောဦးစီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဌာန တာဝန်ရှိသူအသီးသီး၏ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ RS & GIS နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှု နည်းပညာအသုံးပြုလေ့လာမှုများ ရလဒ်တိကျမှန်ကန်ရေး စစ်ဆေးခြင်းနည်းစနစ်နှင့် အစီရင်ခံစာပြုစုခြင်း ဆောင်ရွက်ထားရှိမှု ရှင်းလင်းတင်ပြခြင်းများအပေါ်တက်ရောက် လာသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အငြိမ်းစား သစ်တောပညာရှင်များ၊ RS/GIS ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ အနေဖြင့် ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာခြင်း (FRA 2025) နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ပါကြောင်းသိရှိရပါသည်။

(၂၀-၁-၂၀၂၅) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ်ကို နေပြည်တော် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်၊ ဝါးလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များစုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။‌ ဆွေးနွေးပွဲတွင် နေပြည်တော်၊သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း၊ ဒက္ခိဏခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဌေး၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ကျော်အောင် တို့က သစ်တောဦးစီးဌာနမှဖြေလျှော့ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေး ရှင်းလင်းပြောကြားပြီး ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ် ဦးစီးအရာရှိတို့က ဖြေလျှော့ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို အသေးစိတ် ဆက်လက်ရှင်းလင်းဆွေးနွေးကြသည်။ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(၉.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင်သစ်တောဦးစီးဌာန၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ မှော်ဘီမြို့၌ (၉.၁၂.၂၀၂၄)ရက်နေ့မှ (၂၀.၁၂.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည့် တောခေါင်းစွမ်းဆောင် ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊မှော်ဘီမြို့၊ ဒုတိယညွန်ကြားရေးမှူး ဦးထွန်းထွန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်းနှင့် သင်တန်းသို့ တောခေါင်းအဆင့်သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

၉-၁၂-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါ်ဖြူဖြူခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရည်မွန်လှိုင်မှ နေပြည်တော်၊ ရုံးအမှတ် (၁၉)တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း(၁/၂၀၂၄)တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချမ်းမြေ့ခိုင်မှ ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးထက်မြက်အောင်မှ ကိုရီးယားသမ္မတနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်နန်းရွှေရည်မှ ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် အပူပိုင်းဒေသနှင့် နိုင်ငံတကာသစ်တောပညာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း (၄၈.၃၅၀၂)တန်၊ သစ်မာ (၄၃.၀၉၄၄)တန်၊ အခြား (၅၆.၂၀၅၂)တန်၊ စုစုပေါင်း(၁၄၇.၆၄၉၈)တန်၊ တရားခံ(၂၅)ဦး၊ ယာဉ်/ယန္တရား(၁၅)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၄-၂၀၂၁ ရက်နေ့တွင် တနင်္သာရီတိုင်း‌ ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝဲကျွန်းကျေးရွာအနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ၊ ဒူးယားကျွန်း (ဒေသအခေါ်)ပန်းထောင်းကျွန်းပေါ်မှ တရားမဝင် ကညင်/တောင်လန်းဖဲ/ဟင်းချို ရိုင်းခွဲသား (၁၄၃)ချောင်း (၁၃.၀၈၇၆)တန်၊ လက်ကိုင်စက်လွှ(၁)လက်၊ တရားခံ(၁)ဦး ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၅၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

လျှောက်ထားသူသည်-
**********************
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၂၈-၂-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၆-၄-၂၀၂၁)ရက်နေ့မှ (၂-၅-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၆.၀၀၉၇)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages