Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၁ ရက်နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ရေဆင်းရှိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့ကို ကြည့်ရှုစစ်ဆေးသည်။

၂၁-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးအဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ စက်မှုဇုန်လမ်းခွဲထိပ်နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 7K/1991) NISSAN Diesel (ဖြူခဲနီကြားရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၁၂၅၇)ချောင်း (၈)တန်၊ (၃)ပေအောက်ကျွန်းသစ်(၁၃)လုံး (၁)တန် စုစုပေါင်း (၉)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၂-၁၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၄ လမ်းနှင့် ၆၀(D)လမ်းကြား၊ အိမ်အမှတ်(တတ-၃/၃၇)ခြံဝင်းအတွင်း တရားမဝင်တောဂျင်း၊ လိပ်ပြာဥ၊ သစ်ခွ(၂၅)အိတ် (၅၇၄)ပိဿာအား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ- ၄၀(ခ)အရ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၂-၁၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၄ လမ်းနှင့် ၆၀(D)လမ်းကြားတွင် မော်တော်ယာဉ်အမှတ်(MDY 3R/9856) TOYOTA HILUX REVO (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်စေတီသစ်ခွ (အစို)၊ ပုဇွန်သစ်ခွ(အစို)၊ ဂတုံးသစ်ခွ(အစို)၊ ပန်းကြီးသစ်ခွ(အစို)၊ ဖယောင်းသစ်ခွ(အစို)၊ သံခွန်သစ်ခွ(အစို)၊ လိပ်ပြာဥ (၁၃)အိတ်(၂၃၁)ပိဿာအား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ- ၄၀(ခ)အရ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၁-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးဆောင်ရွက်စဉ် ဝန်းသိုမြို့နယ်၊ ဖီးလေးအပတော၊ ပြင်တဲကြိုးဝိုင်း အကွက်အမှတ်(၁၉၊ ၂၃၊ ၂၅)၊ နမ်းခမ်းအပတောအတွင်း နေရာများ၌ တရားမဝင်ကျွန်း/အင်ကြင်း/ ထောက်ကြံ့၊ ကညင်/သစ်/ခွဲသား (၆၉၃)လုံး/ချောင်း (၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၀-၁၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၆၁/၂)အနီး၊ မိုင်တိုင်အမှတ်(၆၂/၁)အနီးနှင့် မြို့ချောင်းကျေးရွာ၊ ပိတောက်ကုန်း၊ ရေပိုလွှဲသွား လမ်းဘေးနေရာများ၌ တရားမဝင်ကျွန်းခွဲသား (၈၂)ချောင်း (၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြို့မစုပေါင်းဂိတ်နေရာနှင့် ကလေးဝ-မော်လိုက်ကားလမ်းမိုင်တိုင်အမှတ်(၀/၃)မိုင်နေရာတို့၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် အင်/ကညင်ခွဲသား (၁၃၇)ချောင်း (၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးသွားကားလမ်းမကြီး၏ လက်ယာဘက်ခြမ်း(၁)မိုင်ခန့်အကွာ နန်းခမူကြိုးဝိုင်းအကွက်အမှတ်(၁၇၄)အတွင်းမှ တရားမဝင် တမလန်း ဓါးရွှေ (၃၇)ချောင်း (၇)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages