၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။လတ်တလော ဖြစ်ပွားရသည့် COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ပုံမှန် သင်တန်းအစီအစဉ်များ မတ်လမှ စတင်၍ ယာယီ ရပ်ဆိုင်းထားပြီး ယခုကာလအတွင်း သင်တန်းကျောင်း အဆောက်အဦ ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး လှပရေးလုပ်ငန်းများ အလေးပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို သင်တန်းကျောင်း အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်၊

၂-၇-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်မှုအောက်ရှိ တောင်ဒဂုံမြို့နယ်၊ ရိုးမရိပ်သာလမ်း၊ (၁၄၁/၁)ရပ်ကွက်၊ အမှတ်(၆၉၆)ရှိ “ဖူရိန်ကျီ” စားသောက်ဆိုင်ဝန်းအတွင်း မော်တော်ယာဉ်အမှတ် (YGN 9A/9732) TOYOTA (Dyna) (အဖြူရောင်) ယာဉ်နှင့်အတူ တရားမဝင်ပိတောက်ခွဲသား (၅၈)ချောင်း (၇)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံ(၁)ဦးနှင့်အတူ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၇-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများနှင့် ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန် ဦးစီးဌာနအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး- ပြင်ဦးလွင်(အတက်)ကားလမ်း (၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်) စင်နေရာတွင် မော်တော်ယာဉ်အမှတ်-YGN(5B/4559)(Nissan Diesel)၁၂ဘီး၊ နီဝါကြားရောင် ယာဉ် (၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၄)ချောင်း (၅)တန်အား ဖမ်းဆီးစဉ် ယာဉ်မောင်မှာထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၁-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ မင်းလမ်းရွာ၊ ရွာကျင်ဘုန်းကြီးကျောင်းဝင်း အုတ်တံတိုင်းအနီးမှ တရားမဝင် ပျဉ်းကတိုးအကြမ်းပြား (၆၀၉၅)ချောင်း (၁၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁-၇-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် ကနီမြို့နယ်၊ ပင်ထောင်ကြိုးဝိုင်း အကွက်အမှတ်(၁၂) ဖလံပင်ချောင်းဖျား၊ လာပို့ကျေးရွာမှ စိုင်တဲသွားလမ်းဘေးနေရာအနီးဝန်းကျင် နေရာများ၌ တရားမဝင်ကျွန်း/ပိတောက်/ပျဉ်းကတိုး/အင်ကြင်း/နှော/ဂျီယုတ်သစ်/ခွဲသား (၅၁)ချောင်း (၃)တန်နှင့် နွား(၁၀)ကောင်၊ လှည်း(၆)စီး၊ တရားခံ(၆)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၆-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ ဆင်ဦးစီးများပါဝင်သည့် ဥယျာဉ်ထိန်းသိမ်းရေးအဖွဲ့မှ ဥယျာဉ်ဧရိယာအတွင်း ကင်းလှည့်စစ်ဆေးခြင်း ပုခက်ချောင်းရေဝေဒေသနေရာပတ်ဝန်းကျင်ဧရိယာတစ်ဝိုက်တွင် ခုတ်လှဲထားသော ပျဉ်းကတိုးသစ်ပင်(၁၆)ပင်နှင့် သစ်ယာသစ်ပင်(၄)ပင်စုစုပေါင်း (၂၀)ပင်တို့အား ခုတ်လှဲထားသည့် ငုတ်ရင်းနေရာတို့အတိုင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းင်းသစ်ပင်တို့အား (၁၈ပေ)အရှည် (၁၅ပေ)အရှည်၊ (၁၂ပေ)အရှည်နှင့် (၉ပေ)အရှည်ရရှိနိုင်သည့်အနေအထားဖြင့် လုံးပတ်အရွယ်အစားတိုင်းတားခဲ့ရာ ပျဉ်းကတိုးသစ်(၃၀)လုံး၊ သစ်ယာသစ်(၆)လုံး စုစုပေါင်း (၃၆)လုံး (၂၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၆-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရတပ်စုမှ ဗိုလ်ကြီးအောင်ပြည့်ဖြိုးဦးပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ စပါးထချောင်း(ဒေသအခေါ်)ဝဲကြီးဒေါင့်နေရာ၌ တရားမဝင်ကညင်/တောင်သရက်ခွဲသား (၅၀)တန်ခန့်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများနှင့်အတူ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၁.၂၃၉၄)တန်၊ သစ်မာ(၅၄.၃၅၃၀)တန်၊ အခြား (၁၅၃.၉၅၂၆)တန်၊ စုစုပေါင်း(၃၁၉.၅၄၅၀)တန်၊ တရားခံ(၅၂)ဦး၊ယာဉ်/ယန္တရား(၅၀)စီး ဖမ်းဆီး ရမိခဲ့ပါသည်-၊ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သံပေါက်ဘိနယ်၊ စမြင်ငယ်ချောင်းဘေးနှင့် မြောင်း ဇင်းချောင်းဘေးအနီးတဝိုက်နေရာများမှ တရားမဝင် အင်/ကညင် သစ်လုံး/ခွဲသား (၁၁၈)လုံး/ ချောင်း(၂၄.၁၃၀၆)တန်၊တာယာဘီးတပ်လှည်း(၂)စီးတို့အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages