၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၅၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

လျှောက်ထားသူသည်-
**********************
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၂၈-၂-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၁၆-၁-၂၀၂၁ ရက်နေ့တွင် ကမ်းခြေစောင့်ရေယာဉ်(၄၁၃)မှ ဗိုလ်ကြီး ဝေထက်စည် ဦးစီးသော တပ်မတော်သားများ အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဒူးယားကျွန်းအနီးတွင် စက်လှေ (၁)စီးပေါ်မှ တရားမဝင် ကဒွတ်/ ကံ့ကော်/ တောင်ခရဲခွဲသား (၆၄)ချောင်း (၆.၀၃၈၈)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၈-၁-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကူးမြို့နယ်၊ စဉ့်ကူးတို့ချဲ့ကြိုးဝိုင်းအကွက်အမှတ်(၃၁)အတွင်း တရားမဝင် ထောက်ကြံ့/ ပျဉ်းကတိုး/ သတီ/ ဖက်သန်း/ ဇင်ပြွန်း/ ခူသန်/ ကျွန်းခေါက်နွယ်/ ဒီဒူး/ ဂွေး/ မျောက်ချော/ နဘဲသစ် (၃၁)လုံး (၁၃.၅၂၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် လှည်းကူးမြို့နယ်၊ ပေါင်းလင်းကြိုးဝင်းအကွက်အမှတ်(၅၉၊ ၆၂ ၊ ၆၃၊ ၈၀)အတွင်းမှ တရားမဝင် တောင်သင်္ဘော/ မျောက်ချော/ ချဉ်ယုတ်/ ထောက်ကြန့်/ သစ်ပုတ်/ ပျဉ်းကတိုး/ နဘဲ/ ပျဉ်းမ/ မျောက်ငို/ သစ်ဆိမ့်/ သဒီ/ ဖန်ခါး/ သစ်မန်ကျည်း/ သစ်ပုတ်/ လယ်ဇ/ လျော်ပြာခွဲသား (၄၈၉)ချောင်း (၁၉.၈၅၂၇)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်စစ်ရေယာဉ်(၅၇၀)မှ ဗိုလ်မှူး ခွန်မြတ်ဇော်ဝင်းဦးစီးသော တပ်မတော်သားများ အဖွဲ့သည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာ၏ အနောက်မြောက်ဘက် (၁.၅)မိုင်ခန့်အကွာနေရာ၌ အမည်မပါမှောင်ခိုလှေ(၁)စီးပေါ်မှ တရားမဝင်ကျွန်း/ကညင်ခွဲသား (၂၈၃)ချောင်း (၁၂.၀၇၁၄)တန်အား တရားခံ(၄)ဦး ဆက်စပ်တရားခံ(၂)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

“ဒီရေတောနှင့်ဆက်စပ်ကမ်းရိုးတန်းသယံဇာတဆိုင်ရာသုတေသနများဖိတ်ခေါ်ခြင်း”
(Call for Mangrove and Coastal Research Proposals)

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၄၉.၇၄၆၇)တန်၊ သစ်မာ (၈၀.၉၅၇၁)တန်၊ အခြား (၄၀၆.၈၆၅၁)တန်၊ စုစုပေါင်း(၆၃၇.၅၆၈၉)တန်၊ တရားခံ(၅၉)ဦး၊ ယာဉ်/ယန္တရား(၂၆)စီး ဖမ်းဆီးရမိခဲ့ပါ၊သည် ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ဘိနယ်၊ ပင်ခုတ်ကျေးရွာ၏အရှေ့ တောင်ဘက် (၁၀)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်သစ်လုံး/ခွဲသား/ခွဲခြမ်း (၁၁၄၅)လုံး/ချောင်း/ ခြမ်း(၄၄.၂၇)တန်၊ သစ်စက်(၁)ခုနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်

၁၁-၁-၂၀၂၁ ရက်နေ့မှ ၁၉-၁-၂၀၂၁ ရက်နေ့အထိ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲများ၌ တင်ပြခဲ့သည့် မြန်မာနိုင်ငံသစ်တောပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်း (FREDIP)၏ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့် အစီအမံများ၏ တင်ပြချက်(Powerpoint File) များကို အောက်ပါ download link တွင် ရယူနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါ မူဘောင်နှင့် အစီအစဉ်(မူကြမ်း)များအပေါ် သဘောထား မှတ်ချက်များနှင့် အကြံပြုချက်များကို ယခု Web Page ၏ Comment Box တွင် လည်းကောင်း၊ Gmail account – fd.fredip.esmf2021@gmail.com သို့ လည်းကောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါရန် တင်ပြအပ်ပါသည်။

https://www.forestdepartment.gov.mm/books/other/fredip-project-overview-...
https://www.forestdepartment.gov.mm/books/other/fredip-project-es-docume...

Pages