Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၁-၂၀၂၀ ရက်နေ့မှ ၂၅-၁-၂၀၂၀ ရက်နေ့အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့၊ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ မြင်းနားကျေးရွာ၊ သဲချောင်းကျေးရွာ၊ ပျဉ်ပြားကျေးရွာအနီးဝန်းကျင်နှင့် ကျီးနီကန်ကြိုးပြင်ကာကွယ်တော၊ ဝါးဖြူတောင်အုပ်စု၊ ချောင်းဖျားကျေးရွာအနီးဝန်းကျင်၊ ထုံးကြီးအပတောတို့အတွင်းနေရာများ၌ တရားမဝင်သစ်ယား/စကားဝါ/ သစ်အယ်/ကညင်သစ်/ခြမ်း/ခွဲသား စုစုပေါင်း(၉၁၂)လုံး/ခြမ်း/ချောင်း (၂၂၅.၆၅၈)တန်၊ အင်ဂျင်(၆)လုံး၊ မော်တော်ယာဉ်(၂)စီး၊ လက်စွဲမီးစက်(၁)လုံး၊ လွှဝိုင်း(၅)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၉၈/၀)အနီးနေရာ၌ မော်တော်ယာဉ်(၃)စီး ပေါ်မှ တရားမဝင်အင်ခွဲသား(၁၁၃၀)ချောင်း(၂၄.၆၄၆၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၁-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်၊ စလွန်အော်ငယ်ကျေးရွာရေဆိပ်နှင့် ဘုန်းကြီးကျောင်းအနီးတို့မှ တရားမဝင် ကျွဲသွေး/ယေမနေ/လေသရက်/သစ်ဝါ/သရဖီ/တောင်ပရုန်း/ချေး/သင်ပုန်း ထိုင်/ကညင်/တောဒူး ရင်း/သပိတ်/ကံ့ကော်/သပြေသစ်(၆၆)လုံး (၂၄.၆၀၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရည်မြို့နယ်၊ စမိုးထင်းကြိုးဝိုင်းအကွက်အမှတ်(၆)အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ်(၁၈)လုံး (၆.၁၈၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၇-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တိုင်းဒေသကြီးမှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၃၉x၄၀ လမ်းကြား၊ ၆၁x၆၂လမ်းကြားရှိ နေအိမ်ခြံဝန်းများအတွင်း တရားမဝင်ကျွန်းတံခါးချပ်(၉၅၉)ချပ် (၁၃.၈၆၆၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၇-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဒုဦးစီးမျိုးမြင့်နိုင်ဦးစီးသောအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ မံနာကျေးရွာအရှေ့တောင်ဘက်(၁)မိုင်တွင် တရားမဝင် ကျွန်းသစ်(၁၂)လုံး(၅.၀၀၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၂၉.၃၉၄၉)တန်၊ သစ်မာ(၁၀၂.၆၇၆၁)တန်၊ အခြား (၁၆၃.၉၆၉၂)တန်၊ စုစုပေါင်း(၃၉၆.၀၄၀၂)တန်၊ တရားခံ(၂၈)ဦး၊ ယာဉ်/ယန္တရား(၂၈)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသ ကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဆည်တော်ကြီးဘိနယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်း အကွက်အမှတ်(၆၂)၊ ဆည်တော်ကြီးဆည်အတွင်း၊ အမှတ်(၂)တံတားအောက်/ အကွက်အမှတ် (၃၃)၊ ဝန်တင်ကုန်းကျေးရွာမြောက်ဘက် (၁)မိုင်ခန့်အကွာ/ အကွက်အမှတ်(၃၁)၊ အေးသာယာ ကျေးရွာမြောက်ဘက်(၂)မိုင်ခန့်အကွာ နေရာတို့မှ တရားမဝင် ပျဉ်းကတိုး/ အင်ကြင်း /အင် သစ်လုံး/ခွဲသား (၄၉၁)လုံး/ချောင်း(၄၁.၈၆၄၂)တန်၊ မော်တော်(၁)စီး၊ သစ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အင်ဂျင်(၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၀-၁-၂၀၂၀)ရက်နေ့မှ (၂၆-၁-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၉၆.၂၂၉၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages