Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၀-၁၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း(မန္တလေးမှ ရန်ကုန်သို့သွားသည့်ဖက်ခြမ်း)၊ မိုင်တိုင်အမှတ်(၈၇/၇)မိုင်အနီး၊ မိုင်တိုင်အမှတ်(၁၀၃/၀)မှ (၁၀၃/၁)ကြားနေရာတို့၌ မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ကျွန်း/ပိတောက် ခွဲသား (၁၁၉)ချောင်း (၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်းမိုင်တိုင်အမှတ်(၂၆)အနီးတွင် မော်တော်ယာဉ်အမှတ်( MDY 5B/7935) UD(၆)ဘီးပေါ်မှ တရားမဝင်သစ်ယာ/အင်ခွဲသား (၉၅)ချောင်း (၁၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)(ကွတ်ခိုင်) ဗိုလ်ကြီးဝေလျှံဖြိုးနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်းတွင် မော်တော်ယာဉ်အမှတ်(YGN 3P/9788) (ခေါင်းဖြူ/ဘော်ဒီခဲရောင်)(ဆီဘောက်ဆာတွဲယာဉ် ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ(၂၁၄)ချောင်း (၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းသေကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်း၊ စစ်ကိုင်းတံတားအဟောင်းအနီး၊ အိုးထုတ်တန်းလမ်းဆုံတွင် မော်တော်ယာဉ်အမှတ် (MDY 8G-7269) NISSAN UD (ဖြူစိမ်းကြား) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၅၁)ချောင်း (၁၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၅-၁၂-၂၀၂၀ ရက်နေ့မှ ၁၆-၁၂-၂၀၂၀ ရက်နေ့အထိ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ဟုမ္မလင်း မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ခုတ်ကွက်ကြီး XXXIII အတွင်းမှ တရားမဝင် အင်သစ်/လုံးပတ်၃ပေအောက်အင်သစ် (၄၆)လုံး (၂၇.၁၁၄၀) တန်အား လက်ကိုင်စက်လွှ(၁)လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၇-၁၂-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွချောင်းဖျာမှ တရားမဝင် စကားဝါခွဲသား (၅၂)ချောင်း (၈.၂၁၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ၁၇-၁၂-၂၀၂၀ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်သာစည်မြို့နယ်၊ရေပေါင်းဆုံကျေးရွာအနီးဝန်းကျင်နေရာများ၌ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ပိတောက်/ အင်/ သန်း/ ဖျောက်ဆိပ်/ နဘဲ/ သတီ/ ကြို့/ သစ်ပုတ်/ သစ်စေးသစ်/ တိုင်/ ခွဲသား(၆၃)လုံး/ချောင်း(၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၄-၁၂-၂၀၂၀)ရက်နေ့မှ (၂၀-၁၂-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၇၄.၅၂၃၃)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages