Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၀-၆-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေကြိုးဝိုင်းအကွက်အမှတ်(၉၇)အတွင်း တရားမဝင် သံသေ/တောင်ပိန္နဲ/လယ်ဇ/ရုံး/ကြို့/ချဉ်ယုတ်/နဘဲ ခွဲသား(၃၅)ချောင်း(၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ သစ်တောကြိုးဝိုင်းအတွင်း ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသဖြင့် နယ်မြေခံ ကျေးရွာအုပ်ချုပ်ရေးမှူးများ အကူအညီဖြင့် ပိုင်ရှင်အား ဆက်လက်စုံစမ်း ဖော်ထုတ်ဆဲဖြစ်ပါသည်။

၁၀-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ တူးကုန်းကျေးရွာ၏အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာ မော်တော်ယာဉ်အမှတ် (MDY 3Q/1883) ယာဉ်ပေါ်မှ တရားမဝင် စကားဝါခွဲသား (၁၉၉)ချောင်း (၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၀-၆-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတနမရ(၃၈၇)တပ်မှ ဗိုလ်အောင်မျိုးကျော်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ်၊ 12KM နှင့် 13KM ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(6J/3592) VOXY (ခဲရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(5E/3517) (Super Custom)(အဖြူရောင်)များပေါ်မှ တရားမဝင်ကျွန်း/ပိတောက်/တမလန်းခွဲသား (၁၃၂)ချောင်း (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ရဲစခန်းသို့ ခေါ်ဆောင်စဉ် ထွက်ပြေးသွားခဲ့သဖြင့် တရားခံဖြစ်သူ ဦးဆိုင်းလော့ဒ်(ဘ) ဦးတန်ဂွန်း မှတ်ပုံတင်မရှိ၊ ခါနန်ရပ်ကွက်၊ မိုးမောက်မြို့အား ရဲစခန်းမှ စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၁-၆-၂၀၂၀ ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးကော်မတီ (MFCC) ၏သတ္တမအကြိမ်မြောက် အစည်းအဝေး အခမ်းအနားကို(Video Conference)ဖြင့်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ (သစ်တော)မှ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးကော်မတီ၏အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်

၈-၆-၂၀၂၀ ရက်နေ့မှ ၉-၆-၂၀၂၀ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအကွက် (၇၁)စိန်ကန့်လန့်-မြို့ချောင်း ကားလမ်းမိုင်တိုင် (၄၁/၆)၊ (၄၁/၇)အနီး/ ပဲနွယ်ကုန်းမြို့၊ တောင်သလဲပင်ရွာ အရှေ့ဘက်လယ်ကွင်းစပ်နှင့် သတိပဌာန်ရပ်ကွက်ကျောင်းလမ်းရှိ နေအိမ်ခြံဝင်းအတွင်းနေရာတို့၌ တရားမဝင် ကျွန်း/မျောက်ငို/ပျဉ်းကတိုး ခွဲသား (၂၁၀)ချောင်း (၁၁)တန်၊ တရားခံ(၁)ဦးနှင့်အတူ အင်ဂျင် (၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ ပါအော့ကျေးရွာအနောက်မြောက်ဘက်(၂)မိုင်ခန့်၊ တပ်လွင်ကြိုးဝိုင်း (၆၅)အတွင်း တရားမဝင် ကျွန်းသစ် (၃၄)လုံး (၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၈-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ မှိုတောက်ကြိုးဝိုင်းအတွင်း တရားမဝင် အင် သစ်/ခွဲသား (၁၆၆)လုံး/ချောင်း (၁၁)တန်နှင့်အတူ ချိန်းဆော (၁)လက်၊ အင်ဂျင် (၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၈၄.၄၄၁၄)တန်၊ သစ်မာ (၇၉.၇၈၃၇)တန်၊ အခြား (၂၅၇.၀၂၆၆)တန်၊ စုစုပေါင်း(၅၂၁.၂၅၁၇)တန်၊ တရားခံ(၅၉)ဦး၊ယာဉ်/ယန္တရား(၅၉)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းဘိနယ်၊ ကျိုင်းတောင်း-ခိုလမ်ကားလမ်းအနီး၊ ကွမ်မုံ ကျေးရွာအရှေ့မြောက်ဘက် (၂)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား စုစုပေါင်း (၃၈၁၃)ချောင်း (၃၁.၇၁၇၀)တန်၊ ယာဉ်(၅)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages