Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၉.၆.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့နယ်၊ ပဇူကြိုးဝိုင်းအကွက်(၄၄)အတွင်း ယာဉ်အမှတ်၊ ဓ/၄၂၈၉ (မှန်ထောင်ခေါင်းစိမ်း (၆)ဘီး)ပေါ်မှ တရားမဝင် လုံးပတ်၃ပေအောက်ကျွန်းသစ် (၅၀)လုံး (၂.၅၉၇၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၅.၆.၂၀၁၉ မှ ၂၇-၆-၁၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ်၊ သုံးဆယ်ကြိုးဝိုင်း အကွက် (၁၀၄,၁၁၂)အတွင်း တရားမဝင်ကညင်ခွဲသား (၁၄၁) ချောင်း (၃၁.၂၇၆၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈.၆.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၇၁/၇)အနီး၊ ဆိုင်ကယ် (၅)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၄)ချောင်း (၀.၈၁၆၀)တန်နှင့်အတူ တရားခံ(၅)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၆-၂၀၁၉ ရက်နေ့တွင် မြစ်ကြီးနားခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တနိုင်းမြို့တံတားအနီး၊ ဆင်မ်ဆာ့ရပ်ကွက်နေရာ ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကြေးလံခွဲသား (၁၅၇) ချောင်း (၂.၄၀၅၀)တန်နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၇.၆.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီး-ဝေါလမ်း ရွှေသံလွင်တိုးဂိတ်အနီးတွင် ယာဉ်အမှတ်(KYN GG-3464)ပေါ်မှ တရားမဝင် ကျွန်းပြူတင်းတံခါးချပ်ဆိုဒ်စုံ(၉၁)ချပ် (၀.၇၆၇၀)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၉.၆.၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်)ကားလမ်း(၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်)စင်နေရာတွင်ယာဉ်အမှတ်( MDY 3F/5762) ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၆၇)ချောင်း (၀.၃၄၃၈၀)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၃၀-၆-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းများ ဝန်ထမ်းများ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် တီးတိန်မြို့နယ်၊ နေချင်စရာကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်ကညင်သစ်/ခွဲသား(၁၄) လုံး/ချောင်း (၅.၄၆၃၆)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈.၆.၂၀၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းခန်းမတွင် သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်း ကျောင်းသို့ လာရောက်လေ့လာသော Mr.Shingo Onishi ဦးဆောင်၍ Yangon Japanese School (YJS)မှ ကျောင်းအုပ်ကြီး Mr.Yukiyasu Osakabe နှင့်တကွ ဆရာ/ဆရာမ (၄)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၂၂)ဦးအဖွဲ့အား သင်တန်းကျောင်းနှင့် ပတ်သက်သည့် အချက် အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါရှင်းလင်းတင်ပြမှုနှင့် ဧည်ခံကြိုဆိုမှုအပေါ် YJS ကျောင်းမှ ကျောင်းသား/ကျောင်းသူကလေး(၃)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။၂၈.၆.၂၀၁၉ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် YJS ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအဖွဲ့သည် သင်တန်းကျောင်းရှိ သစ်နမူနာပြခန်း၊ စာသင်ခန်း၊ ပုံဆွဲခန်း၊ စာကြည့်တိုက်၊ ကျွန်းတစ်သျှူးခန်း၊ သစ်ခွတစ်သျှူးခန်းတို့အား ကြည့်ရှုလေ့လာ၍ လေ့ကျင့်ရေးသစ်တောတွင် ဒိုချပ်ကင်သဘာဝမြေဩဇာပြုလုပ်ခြင်းအား လက်တွေ့ပြုလုပ်ခဲ့ကြ ပါသည်။၂၉.၆.၂၀၁၉ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် Mr.Shingo Onishi ဦးဆောင်၍ Yangon Japanese School မှ ကျောင်းအုပ်ကြီး Mr.Yukiyasu Osakabe နှင့်တကွ ဆရာ/ဆရာမ(၄)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၂၂)ဦးတို့သည် CFDTCဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု များ၏ သားငယ်သမီးငယ် ကျောင်းသား/ကျောင်းသူများနှင့်အတူ လေ့ကျင့်ရေးသစ်တောအတွင်း သစ်မျိုးစုံ (၁၄၅၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
 ၂၄.၆.၂၀၁၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြိမ်ဝါးအသင်းမှ ဝါးလက်မှု ပညာရှင် ဦးသက်ဇော်နှင့်အဖွဲ့၏ ဝါးလက်မှုပစ္စည်းများလက်တွေ့ပြုလုပ်ခြင်းအား သင်တန်းသားများ ကိုယ်တိုင် လက်တွေ့လေ့လာသင်ယူခဲ့ကြပါသည်။
၂၅.၆.၂၀၁၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြိမ်ဝါးအသင်းမှ ဝါးလက်မှု ပညာရှင် ဦးသက်ဇော်နှင့်အဖွဲ့၏ ဝါးလက်မှုပစ္စည်းများ ဆေးဆိုးခြင်းလက်တွေ့ပြုလုပ်ခြင်းအား သင်တန်းသားများ ကိုယ်တိုင် လက်တွေ့လေ့လာသင်ယူခဲ့ကြပါသည်။ ဆက်လက်၍ သင်တန်းသားများမှ သင်တန်းအပြီးဆန်းစစ်ခြင်းများ ဖြေဆိုခဲ့ကြပါသည်။၂၆.၆.၂၀၁၉ရက်နေ့ နံနက်(၉:၀၀)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလတ် မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။ ၄င်းနောက် သင်တန်းအတွင်းရေးမှူး ဦးအေးချမ်းအောင်မှ သင်တန်းပြီးမြောက်ကြောင်း အစီရင်ခံစာအား ဖတ်ကြားခဲ့ပြီး မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလတ် သင်တန်းသားခေါင်းဆောင်အား သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ပါသည်။

Pages