Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၄.၃.၂၀၁၉ ရက်နေ့ (၂၁:၁၀)နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ စစ်ကိုင်းတံတားမှ မြစ်ငယ်သွား လမ်း၊ မိုင်တိုင်အမှတ်(၄/၃)နေရာ၌ ယာဉ်အမှတ်X/7550 (NISSAN DIESEL ၆ဘီး ခေါင်းဖြူ/စိမ်းကြား)ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား (၄၉)ချောင်း (၂.၁၉၂၆)တန်အား တရားခံ (၁)ဦးနှင့်တူ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမရပူရမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၃.၃.၂၀၁၉ ရက်နေ့ (၁၇:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘောလခဲ မြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ စွတ်ပိုင်ဒေသ၏ မြောက်ဘက်(၄)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/ပိတောက် သစ်လုံး (၃၀)လုံး (၁၀.၁၇၉၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများ အား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ပင်ဂွင်းပြကွက်တွင် မွေးမြူပြသထားသော ပင်ဂွင်း အထီး(၆)ကောင်၊ အမ(၃)ကောင်၊ စုစုပေါင်း(၉)ကောင်ရှိသည့်အနက် ပင်ဂွင်း EBISU (အထီး) နှင့် ပင်ဂွင်း HIMAWARI(အမ) တို့မှ (၂၆-၁-၂၀၁၉) ရက်နေ့တွင် ပင်ဂွင်းငှက်ငယ်(၁)ကောင် နှင့် (၂၉-၁-၂၀၁၉) ရက်နေ့ တွင် (၁)ကောင်၊ ပင်ဂွင်း KAWASE (အထီး) နှင့် ပင်ဂွင်း MUROTO (အမ) တို့မှ ၁၄-၂-၂၀၁၉ ရက်နေ့တွင် (၁) ကောင်၊စုစုပေါင်း ပင်ဂွင်းငှက်ငယ်(၃) ကောင်ပေါက်ပွားခဲ့ပါသည်။ ပင်ဂွင်းသားပေါက်(၃)ကောင်မှာ လသားအရွယ်ဖြစ်သဖြင့် အထီး/ အမ ခွဲခြား၍မရနိုင်သေးပါကြောင်း၊ မိခင်ပင်ဂွင်းငှက် နှင့် ကလေးငယ်များမှာ ကျန်းမာရေး ကောင်းမွန်လန်းဆန်းလျှက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၅-၃-၂၀၁၉ ရက်နေ့ ( ၂၀ : ၃၀ ) နာရီအချိန်ခန့်တွင် မင်းတုန်းမြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှင့်အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းတုန်း - မြောက်ပြင် ဆက်သွယ်ရေးလမ်း၏ အနောက်ဘက် ( ၂ ) ဖာလုံခန့်အကွာ နေရာမှ တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား စုစုပေါင်း ( ၇၀၂ ) ချောင်း (၁၃.၄၄၅၀) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၁၈၀.၇၂၂၃)တန်၊ သစ်မာ(၁၆၆.၇၃၃၅)တန်၊ အခြား (၄၅၀.၁၈၉၈)တန်၊ စုစုပေါင်း(၇၉၇.၆၄၅၆)တန်၊ တရားခံ(၇၀)ဦး၊ ယာဉ်/ယန္တရား(၄၈)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် (ပူးတွဲ) ဟိုပုံးမြို့နယ်၊ မြို့မ(၁)ဘိနယ်၊ ရပ်စောက်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အစပ်၊ ဖာလဲ- မိုင်းပျဉ်း ဒေသမှ တရားမဝင် အခြားသစ်(၁၄၅၇)လုံး (၁၂၅.၄၁၀၂)တန်၊ လုံးပတ် ၃ပေအောက် သစ်မာသစ်(၂၄)လုံး (၂.၀၄)တန်၊ အခြားသစ်(၄၆၁)လုံး (၉၁.၆၂၄)တန်၊ လွှဝိုင်း(၂)ချပ်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

၂-၃-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီး၊ ဆည်ဘောင်လမ်းပေါ် ရေနီကြိုးဝိုင်းအကွက်(၅၅)အတွင်း ယာဉ်အမှတ်၊ (MDY 9B/1087) NISSAN (အနက်ရောင်) (၁၀)ဘီးယာဉ်နှင့် ယာဉ်အမှတ်(NPW 5B/1780) NISSAN (၁၀)ဘီးယာဉ်တို့ပေါ်မှ တရားမဝင်သံသေ/ မအူခွဲသား(၈၃)ချောင်း (၁၆.၅၀၆၈)တန်အား တရားခံ(၄)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၁)၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်(၁၇၁/၄)၊ အရှေ့ဘက် တွင် တရားမဝင်ကျွန်းခွဲသား(၁၂၀)ချောင်း (၂၂.၆၅၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များနှင့် ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

၃-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၊ လက်ပံတန်းဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်း များအဖွဲ့၊ နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာယာဝတီ မြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာစုစုပေါင်း တရားမဝင်ကျွန်း သစ်လုံး / ခွဲကြမ်း(၃၃)လုံး/ ခြမ်း (၈.၂၂၆) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရာသို့ သယ်ယူပြီးပါကြောင်း သတင်းရရှိပါသည်။

Pages