Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့မှု ၊ သစ်တောဦးစီးရုံးချုပ်၏ သတင်းချပြမှု ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွှေလင်ဗန်းစက်မှုဇုံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေလင်ဗန်းစက်မှုဇုံစီမံခန့်ခွဲရေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၆-၃-၂၀၁၉)ရက်နေ့၌ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ပြင်စည်မင်းသားကြီး လမ်း၊ အမှတ်(၁၃၉) ခြံဝန်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ ကျွန်း/ပိတောက်ခွဲသား(၅၆၉)ချောင်း (၇၇.၈၂၀၄)တန်နှင့် မော်တော်ယာဉ် (၃)စီးတို့အား ဖမ်းဆီးရမိခဲ့ပြီး သိရှိတရားခံ(ခြံပိုင်ရှင်)(၁)ဦးနှင့် ဆက်စပ်ပက်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် ရရှိသတင်းအရ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြညွှန်ကြားချက်ဖြင့် မြေပုံမြို့နယ်၊ သစ်တောဝန်ထမ်းများအဖွဲ့သည်နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ (၇-၃-၂၀၁၉)ရက်နေ့ (၁၃:၃၀)အချိန်တွင် ခမမပည 46Q..ET.733932 နေရာမှ စက်လှေ တစ်စီး တရားခံ ၅ ဦးနှင့်အတူ သင်ပုန်းခွဲသား ဒုကြီးဆိုဒ်စုံ ခန်မှန်း (၁၀၀) ချောင်းခန့် (ခန့်မှန်း ၂၀ တန်အား)ဖမ်းဆီးရမိသဖြင့် ကမ်းထောင့်ကြီးဘိနယ်စခန်းသို့သယ်ဆောင်ပြီးတရားခံများအားတရားစွဲဆိုနိုင်ရေးဆောင်ရွက်လျှက်ရှိပါ ကြောင်းတင်ပြအပ်ပါသည်။

၆-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သာယာဝတီတိုးဂိတ်နေရာတွင် စစ်ဆေးခံယူခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်သွားသည့် ယာဉ်အား ပိတ်ဆို့ရှာဖွေဖမ်းဆီးရေးဆောင်ရွက်ရာ သုံးဆယ်မြို့၊ အလယ်ကုန်းကျေးရွာတွင်း လမ်းဘေးတွင် ယာဉ်အမှတ် (4J/3480) ISUZU ယာဉ်အား တွေ့ရှိခဲ့၍ သစ်တောရုံးဝန်းအတွင်းသို့ သယ်ယူချတိုင်းစစ်ဆေးခဲ့ရာ တရားမဝင်ကျွန်းတံခါးချပ်(၈၀)ချပ် (၁.၇၆၆၆)တန်နှင့် တံခါးဆံတံခါးဘောင်(၀.၁၇၁၆)တန် စုစုပေါင်း (၁.၉၃၈၅)တန်အား ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဇာသပြင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၇-၃-၂၀၁၉)ရက်နေ့ နံနက်(၀၅:၃၀)နာရီအချိန်တွင် ယာဉ်မောင်း စောစိုးနိုင်(ခ)စောစီတူ မောင်းနှင်လာသောအဖြူရောင် Hiace ကား ယာဉ်အမှတ်(2K/4775) ဖြင့်သယ်ဆောင်လာသည့် ကျွန်းခွဲသား ၂၄၈ ချောင်း ၁.ရ၅၄၄ တန် ဖမ်းဆီးရမိခဲ့ပါသဖြင့် ဇာသပြင်ရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြစ်အမှုဖွင့်အရေးယူခဲ့ရာ စခန်းမှ(ပ)၂၁/ ၂၀၁၉ ဖြင့် လက်ခဲ့ဆောင်ရွက်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၈-၃-၂၀၁၉)ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် 5th Project Steering Committee Meeting အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် မှ အဖွင့်အမှာစကားပြောကြားပါသည်။အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ FAO မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၅၃)မှ တပ်မတော်သားများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ၆-၃-၂၀၁၉ ရက်နေ့တွင် တရားမဝင်ကျွန်းသစ်(၄၉၁)လုံး/ချောင်း/ခြမ်း (၈၃.၃၉၈၆)တန်၊ ပျဉ်းကတိုးသစ်လုံး/ခွဲသား (၂၅)တန်ခန့်နှင့် တရားမဝင်သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရာသို့ အမြန်ဆုံးသယ်ယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

၅.၃.၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ မဘိမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မိုင်းသာကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား (၁၀၀၀)ချောင်း (၁၀.၄၁၆၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၆.၃.၂၀၁၉ရက်နေ့ ၀၂း၁၅နာရီအချိန်တွင် ကံမမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် ၁၈၈/၄ဖာလုံ၏ အရှေ့ဘက်တစ်မိုင်ခွဲခန့် အကွာ ဒေသအခေါ် ပေါက်တောကွင်းနေရာမှ ယာဉ်အမှတ်မပါ Hinoကား ခေါင်းစိမ်း (၆)ဘီးကားပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၄၀)ချောင်း (၃.၁၄၂၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Pages