Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၈-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၁)နယ်မြေ၊ ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ်(၆၈/၀)နေရာ၌ တိမ်းမှောက်နေသော မော်တော်ယာဉ်အမှတ် (MDY 1P/1097) NISSAN UD Counter(၆)ဘီး(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂၈၀)ချောင်း (၅.၃၀၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၂-၂၀၂၀ ရက်နေ့တွင် ရှေ့တန်းခမရ(၅၂၀)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျဦးစီးပါတပ်ခွဲ(၂)ခွဲသည် နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဘက်(၂၅)မိုင်ခန့်အကွာ၊ နားပေါ့ကြိုးဝိုင်းအတွင်း ဆင်(၁)ကောင်အား ဆင်ထိန်း(၂)ဦးပါ တရားခံ(၅)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၁၃-၂-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားအပ်နှံလာ၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၇-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ တြိဂံတိုင်းဒေသစစ်ဌာနချုပ်နည်းဗျူဟာ (၃)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဦးစီးသောအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ တာပင်းအုပ်စု၊ ဝမ်ပုံကျေးရွာအနီးမှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၉၅)ချောင်း (၅.၃၂၉၀)တန်၊ တရုတ်နိုင်ငံလုပ် ချိန်းဆော (၄)လက်တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၂-၂၀၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ စန္ဒာကြိုးပြင်ခုတ်ကွက်ကြီး(XXXII)အတွင်း တရားမဝင်အင်ကြင်း/အင်ခွဲသား (၅၀၆)ချောင်း (၁၄.၀)တန်အား သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအရှေ့တောင်ဘက် (၃)ဖာလုံခန့် အကွာ ခပေါင်းဆည်ဘောင်အနီးတွင် တရားမဝင်ကျွန်းခွဲသား (၂၃၁)ချောင်း (၉.၀၃၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၁၀၅)တပ်မှ ဗိုလ်ကြီး ဖြိုးကိုဇင် ဦးစီးသောတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်းအကွက်အမှတ် (၁၈၁)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၆၁)ချောင်း (၇.၄၈၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၂-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ခ.လ.ရ (၁၀၃)မှ ဗိုလ်မှူး ကျော်ထွန်းသူ ဦးစီးသော တပ်မတော်သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ငဝန်တိုးချဲ့(၁)ကြိုးဝိုင်း၊ သဲဖြူကျေးရွာ၏တောင်ဘက်(၃)မိုင်ခန့်အကွာ၊ သိန်ခွန်းချောင်းအတွင်းမှ တရားမဝင် ကညင်/လေသရက်/သင်ပုန်း ခွဲသား(၁၅၀)ချောင်း (၁၈.၃၇၈၂) တန်၊ ကျွဲ(၅)ကောင်၊ လက်ကိုင်စက်လွှ (၂)လုံးနှင့်အတူ တရားခံ(၁၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်းအကွက်အမှတ်(၁၂၅၊၁၂၇)တို့အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/သစ်ယာသစ်/ ခွဲသား(၁၁၈)လုံး/ချောင်း (၁၈.၈၉၈)တန်နှင့် ချန်ချိုင်း(၂၅)ကောင်အင်ဂျင်(၁)လုံး သစ်စက်ဆက်စပ် ပစ္စည်းများနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages