Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော တောအုပ်ကြီးရာထူးနေရာ လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲ ဖြေဆိုရန် ခုံအမှတ်များစာရင်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ(၉-၃-၂၀၁၉) ရက်နေ့မှ (၁၀-၃-၂၀၁၉)ရက်နေ့ထိ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးချောင်းတစ်လျှောက်ကွင်း နင်းရှာဖွေရာ တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ(၅၆)ချောင်း (၇.၅၄၃၂)တန်အား(ပိုင်ရှင်မဲ့) ဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့မှု ၊ သစ်တောဦးစီးရုံးချုပ်၏ သတင်းချပြမှုဖြင့် ၉-၃-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ နောင်းကွမ်းကျေးရွာအတွင်း တရားမဝင်သစ်စက်အင်ဂျင်(၅)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်သစ်မျိုးစုံ(၁၉၇)လုံး/ခြမ်း (၆၈.၄၃၂) တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိပြီး၊ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များသတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်းမှ (၄-၃-၂၀၁၉)ရက်နေ့မှ (၁၀-၃-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြားစုစုပေါင်း (၂၂၆.၀၉၁၈)တန် ဖမ်းဆီးရမိခဲ့ပါသည်။
(၆-၃-၂၀၁၉)ရက်နေ့ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာကမ်းစပ်နေရာ၌ တရားမဝင်သစ်ပုတ်ခွဲသား (၄၈၂)ချောင်း (၅.၃၅၂၈)တန်တင်ဆောင်ထားသော စက်လှေ တစ်စီး တရားခံ ၁ ဦးနှင့်အတူ ဖမ်းဆီးရမိသဖြင့် တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၁-၃-၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Worldview International Foundation (WIF)မှ ကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံ၍ A/R CDM Project အကောင် အထည်ဖော်နိုင်ရေး ကိစ္စများအားလာရောက် ဆွေးနွေးခဲ့ပါသည်။
၇-၃-၂၀၁၉ရက်နေ့တွင် CMRSစနစ်ဖြင့်သတင်းပေးပို့ချက်အရ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ တောင်ငူမြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ်တို့မှ ဦးစီးအရာရှိ များ ပါသော သစ်တောဝန်ထမ်းအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ် ခပေါင်းကြိုးဝိုင်းအကွက်(၁၆၄)အတွင်း၌ ကျွန်း/ပျဉ်းကတိုးသစ်လုံး (၇၈)လုံး (၆၀)တန်ခန့် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
၇-၃-၂၀၁၉ ရက်နေ့၊ CMRSစနစ်ဖြင့်သတင်းပေးပို့ချက် အရ မြောင်းမြခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ် တော၀န်ထမ်း များနှင့် စက်ဆန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ၊ နယ်မြေ(၁)ရှိ ဦးအောင်ဇော်ဦး နေအိမ်ခြံ၀င်းအတွင်းမှ ဦးအောင်ဇော်ဦး ပိုင်ဆိုင်သော သစ်စက်(၁)လုံးနှင့်အတူ တရားမ၀င် တောင်သရက် ခွဲသား(၂၁၃)ချောင်း( ၆.၄၉၉၁ )တန်အားဖမ်းဆီးရမိပြီး ဦးအောင်ဇော်ဦးအား သစ်တောဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိပါသည်။









