၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-ဥသျှစ်ကုန်းလမ်း၊ အညာစုကျေးရွာ၊ ကောင်းပြည့်ဆန်စက်အနီး ယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၂၇၄)ချောင်း (၁၅.၂၄၀၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၁-၁၀-၂၀၁၉)ရက်နေ့မှ (၂၇-၁၀-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၅၁.၈၀၂၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၅-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာ၏ တောင်ဘက်(၁)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း သစ်သားခွံ အစိမ်းရောင် စက်လှေ(၂)စီးနှင့်အတူ တရားမဝင်အင်ခွဲသား(၉၆၄)ချောင်း (၂၅.၅၉၂၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၆-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တိုင်းစစ်ကြောင်းအဖွဲ့၊ မဟာမြိုင်ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်းအတွင်း တရားမဝင်ကညင်/သစ်ယာသစ် (၁၃)လုံး (၁၃.၅၆၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မကျီးပင်ကျေးရွာမြောက်ဘက်(၁)မိုင်ခန့်အကွာ မဲဇာချောင်းဘေးနေရာ၌ တရားမဝင်ကျွန်း/အင်သစ်/ခွဲသား(၂၃၉)လုံး/ချောင်း (၂၅.၁၈၁၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်အတွင်း တရာမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ခြင်းဆောင်ရွက်လျှက်ရှိရာ ကြီးလေးကြီးလမ်းပေါ် ဇလုတ်ကြီး ကျေးရွာအနီး ပဲခူးမြို့ဘက်မှ မောင်းနှင်လာသော အဖြူရောင် (SKAT)ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် နောက်ကြောင်းပြန်လှည့်၍ ပဲခူးမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးရာ နိုးဖတောကျေးရွာ အနီးတွင် တရားမဝင်သစ်များအား နောက်လှန်ချထွက်ပြေးသွားခဲ့ပြီး ဆက်လက်လိုက်ပါဖမ်းဆီးနိုင်မှု မရှိတော့ပါသဖြင့် လှန်ချထားရှိခဲ့သော တရားမဝင်ကျွန်းခွဲသား(၉၄)ချောင်း (၄.၂၃၈)တန်အား ဖမ်းဆီးရမိ ခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်း၊ အင်ဂျစ်ကျေးရွာအနီးဝန်းကျင်နေရာများမှ တရားမဝင်ကြေးလံ/လောက်ယား/ စကားဝါ/ ဆေးခါးသစ်/ခြမ်း(၉၃)လုံး/ခြမ်း (၈၀.၆၆၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်တီ(၂/၂၀၁၉) အစည်း အဝေးအား (၂၉-၁၀-၂၀၁၉) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ပါသည်။ အမှာစကားပြောကြားရာတွင် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသား အဆင့်ကော်မတီကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁/၂၀၁၉ အစည်းအဝေးအား (၂-၂-၂၀၁၉) ရက်နေ့တွင် အင်းလေးကန်၌ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်း အမှတ်အခမ်းအနားနှင့် တစ်ဆက်စပ်တည်းကျင်းပခဲ့ပြီး၊ ယနေ့အစည်းအဝေးသည် သတ္တမအကြိမ် ကော်မတီအစည်းအဝေးဖြစ်ကြောင်း၊

Pages