၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (Fauna and Flora International) တို့ပူးပေါင်းကျင်းပပြုလုပ်သည့် FLEGT Preparedness for Small Holder Timber Producers in Myanmar စီမံကိန်းပြီးဆုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို (၁၀-၃-၂၀၂၀)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် Grand Amara Hotel ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် သစ်တောများသည် ဒေသခံပြည်သူများ အတွက် ဂေဟစနစ်ဝန်ဆောင်မှုများအပြင် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များနှင့် ဝင်ငွေအခွင့် အလမ်းများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အစားအစာ၊ ရေ၊ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများထောက်ပံ့ပေးနိုင်ခြင်း၊ ပြင်းထန်သည့် ရာသီဉတုအခြေအနေများမှ အကာ အကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း သစ်တောများမှ ပေးစွမ်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၁ သန်းခန့် ရှိသည့်အနက် ၈၁ ရာခိုင်နှုန်းခန့်သည် လောင်စာ အတွက် ထင်းနှင့် မီးသွေးကို အသုံးပြုနေပြီး နေအိမ်အဆောက်အဦအတွက်လည်း သစ်နှင့်ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများအပေါ် မှီခိုမှုသည် မြင့်မားလျက်ရှိသည်ကိုလည်း တွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊

၄-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ တုံစီကျေးရွာ၏ အနောက်ဘက်(၄)မိုင်ခန့်အကွာနေရာ၌ တရားမဝင်အင်သစ်/ခြမ်း/ခွဲသား(၂၁၈)လုံး/ခြမ်း/ချောင်း (၈.၃၃၂၆) တန်နှင့် ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင်(၁)လုံးသစ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ချိန်းဆော(၁)လက်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ကနီ-ကင်းကားလမ်း(41-KM)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(SGG 9F/9985) NISSAN Diesel (ဖြူစိမ်းကြား)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(SGG 2M/4080)(စိမ်းဖြူဝါကြား)ယာဉ်တို့နှင့်အတူ တရားမဝင်အင်သစ်(၁၀၉)လုံး (၅.၈၈၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တောင်ငူမြို့နယ်၊ ရေကြည်မြောက်ကွင်း၊ လယ်ကွက်အတွင်း တရားမဝင်ပျဉ်းကတိုးခွဲသား (၆၅)ချောင်း (၆.၁၁၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သင်္ဃန်းကျွန်း/အင်းစိန်/အလုံမြို့နယ်တို့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်၊ (၀/၇)Toll Gate နေရာနှင့် အမှတ်(၃)လမ်းမကြီးတံတားအမှတ်(၁/၁)အနီးနေရာတို့၌ မော်တော်ယာဉ်အမှတ် (6D/1541) TOYOTA Caldina (အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(8I/8142) TOYOTA Super Custom (ခဲရောင်)ယာဉ်များပေါ်မှ တရားမဝင်ကျွန်းခွဲသား/ပါကေး(၄၀၉)ချောင်း (၂.၅၉၄၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂-၃-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဗန်းမော်မြို့နယ်၊ မိုင်းဟိန်းကြိုးဝိုင်းအကွက်အမှတ်(၂၇) အတွင်း တရားမဝင်ကျွန်းသစ်(၁၀၂)လုံး (၁၅.၀၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခရိုင်(၃)ခရိုင်တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ပြောင်သွယ်ကြိုးဝိုင်းအကွက်အမှတ်(၆၄၊ ၆၅)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာခွဲသား (၂၂၉)ချောင်း (၁၄.၄၈၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages