၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၅-၂-၂၀၁၉)ရက်နေ့ နံနက်(၉:ဝ၀)နာရီအချိန်တွင် ၁၇ ကြိမ်မြောက် CFNWG အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် CFNWG ဥက္ကဌ ဦးကျော်ကျော်လွင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….

အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၂၂-၂-၂၀၁၉ ရက်နေ့ (၁၁:၁၅) အချိန်တွင် ပန်းတောင်းမြို.နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းစစ်ကြောင်းအဖွဲ့သည် ပန်းတောင်းမြို.နယ်၊ သူရဲတန်းကြိုးဝိုင်းအတွင်းမှ တရားမဝင် ပျဉ်းကတိုး/ဘင်္ဂ/ဖက်ဝန်းခွဲသား စုစုပေါင်း (၃၇) ချောင်း (၆.၆၀၆၂) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၂၂-၂-၂၀၁၉ ရက်နေ့တွင် သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းစစ်ကြောင်းအဖွဲ့သည် သာယာဝတီ မြို.နယ်၊ သုံးဆယ်ကြိုးဝိုင်းအတွင်း ကင်းလှည့်စစ်ဆေးခဲ့ရာ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား (၄.၉၅၁၆) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးချက် အရ ၂၀.၂.၂၀၁၉ ရက်နေ့တွင် ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ကျောက်ပုံရွာနှင့်ကလုံရွာကြား၊ ဧရာဝတီမြစ်အတွင်းမှ တရားမဝင် ကျွန်းသစ်လုံး/လုံးပတ်၃ပေအောက်ကျွန်းသစ် (၄၅၂)လုံး(၃၉.၃၂၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးချက် အရ ၂၀.၂.၂၀၁၉ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဆင်ညှပ်ကုန်းကျေးရွာ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ ကြံခင်းအနီးမှ တရားမဝင် အင်ကြင်းသစ်/ပျဉ်းကတိုး သစ်လုံး/ လုံးပတ်၃ပေအောက်သစ် (၄၀)လုံး(၈.၁၅၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေ ရပ်တည်နိုင်ရေးအတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင် ခြင်း စီမံကိန်း”၏ သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်မှုဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၂-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ M-gallery Hotel ၊ နေပြည်တော်တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်တွင် ကြုံတွေ့နေကြရသည့် ဘေးအန္တရာယ်များ မှာ လေ့လာကြည့်မည်ဆိုပါက (၅)မျိုးခန့် ခွဲခြားဖော်ပြနိုင်ပါကြောင်း၊ ဆိုင်ကလုံး၊ တိုင်ဖွန်း၊ ဟာရီ ကိန်းစသည့် အပူပိုင်းဒေသ လေပြင်းမုန်တိုင်းများကျရောက်မှု၊ ရေကြီးရေလျှံမှု၊ တောမီးလောင် ကျွမ်းမှုစသည့် မိုးလေဝသနှင့်ဇလဆိုင်ရာ (Hydro-meteo) ဘေးအန္တရာယ်များ၊ မြေငလျင်လှုပ်မှု၊ ဆူနာမီလှိုင်းများ ရိုက်ခတ်မှု၊ မြေပြိုတိုက်စားမှုစသည့် ရူပ/ ရုပ်ပိုင်းဆိုင်ရာ (Physical) ဘေး အန္တရာယ်များ၊ ကူးစက်ရောဂါပြန့်ပွားမှု၊ အဆိပ်အတောက်ဖြစ်စေသော ရေညှိများ ပြန့်ပွားပေါက် ရောက်မှု၊ ရေထုအတွင်း အာဟာရဓာတ်လွန်ကဲမှု စသည့် ဇီဝဖြစ်စဉ်ဆိုင်ရာ (Biological ) ဘေး အန္တရာယ်များ၊ ပင်လယ်ရေပြင် မြင့်တက်လာမှု၊ အအေးဓာတ်လွန်ကဲမှု၊ အပူဓာတ်လွန်ကဲမှု စသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ (Climate Change) ဘေးအန္တရာယ်များ၊ ရေထုအတွင်း ဆီယိုဖိတ် ညစ်ညမ်းမှု၊ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများနှင့် သတ္ထုတွင်းထွက် ဒြပ်ထုများ စည်းကမ်း မဲ့စွန့်ပစ်မှု စသည့် နည်းပညာရပ်ဆိုင်ရာ (Technical) ဘေးအန္တရာယ်များဖြစ်ပါကြောင်း၊

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ (၂၁-၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား ဂျပန်နိုင်ငံ၊ မာကီနိုရုက္ခဗေဒဥယျာဉ်မှ Director General Dr.Hajime Mizukami မှ လာရောက်တွေ့ဆုံ၍ FD-MBK အပင်မျိုးစုံမျိုးကွဲလေ့လာခြင်း သုတေသနလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်နှင့် သစ်တောသုတေသန ဌာနရှိပန်းပုံစံပြတိုက်အဆာက်အဦ အဆင့်မြင့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းကိစ္စများ၊ scientific publication ကိစ္စများအားလာရောက်ဆွေးနွေးခဲ့ပါသည်။

ဂေဟစနစ်အခြေခံသည့် သစ်တောများ ရေရှည်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေး ဆွဲခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၁-၂-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ CFDTC၊မှော်ဘီမြို့တွင်ကျင်းပရာသစ်တောဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် FAO တို့ ပူးပေါင်းပြီး “ Sustainable Cropland and Forest Management in Priority Agro – ecosyatems of Myanmar ”စီမံကိန်းကို ၂၀၁၆ ခုနှစ်မှစ၍ (၅)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤစီမံကိန်းတွင် သစ်တောနှင့် စိုက်ခင်းရေးရာ မူဝါဒ၊ ဥပဒေ၊ အဖွဲ့အစည်းများ အားကောင်းစေရေးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ FAO နှင့်ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ရေရှည်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် သရုပ်ပြ သစ်တောများ တည်ထောင်ခြင်းကို သစ်တောဦးစီးဌာနမှ FAO နှင့် ပူးပေါင်း ဆောင်ရွက်နေပါသည်။ ယနေ့ကျင်းပသည့် သင်တန်းသည် သစ်တောဦးစီးဌာနနှင့် FAO တို့ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဂေဟစနစ်အခြေခံ သည့် ရေရှည်တည်တံ့သော သစ်တောအုပ်ချပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လက်စွဲနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လက်စွဲများပြုစုပြီး ၊ ၄င်းလက်စွဲများနှင့်အညီ ကနဦးအနေဖြင့် ရှေ့ပြေးစီမံကိန်း (၃)ခု၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ပါသည်။

Pages