၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည် တည်တံ့ရေးထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး တရားမဝင်သစ်ခိုးထုတ်ခြင်း၊ ကုန်သွယ်ခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်အတွင်း(၃၁-၁-၂၀၁၇)ရက်နေ့အထိ တရားမဝင်သစ် စုစုပေါင်း(၄၀၈၂၅) တန် ကိုဖမ်းဆီးရမိခဲ့ပါသည်။

၂၁-၂-၂၀၁၇ ရက်နေ့၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများအဖွဲ့သည် သိန်းနီမြို့နယ်၊ Oriental High Way တိုလ်းဂိတ်တွင် ယာဉ်အ မှတ်(YGN-8H/7431) နှင့် (YGN-4G/3784) တပ်ဆင်ထားသည့် NISSAN အမျိုး အစား (၁၂)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ(၇၄)တုံး၊ (၁၅.၉၅၀၈) တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

၂၀-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုးမြို့ရှောင် လမ်း၊ နမ္မတူချောင်းတံတားအနီးတွင် ယာဉ်အမှတ် (YGN-5H/5711) တပ်ဆင်ထား သော NISSAN အမျိုးအစား၊ အစိမ်းရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက် (သစ်လုံး/ဓားရွေ) (၃၀)လုံး၊ (၄.၅၁၃၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၁၉-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မိုးမိတ်မြို့နယ် ကျောက်မောရဲကင်းနှင့် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ၊ကျောက်မောရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ မိုးမိတ်မြို့နယ်၊ ကျောက်မောရွာ အုပ်ချုပ်ရေးမှူး ၏ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ပိတောက်ခွဲသား(၄)ချပ်၊ (၀.၀၉၄၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိပါသည်။

၁၄-၂-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်း များအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-တောင်တွင်းကြီးလမ်း မိုင်တိုင်(၂၅/၀) နှင့် (၂၅/၁)ကြား၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၇၃)တွင် ယာဉ်အမှတ်(YGN-8G/ 9915) တပ်ဆင်ထားသည့် Super Custom အမျိုးအစား၊ ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးဓားရွေ(၉)ချောင်း၊ (၀.၈၀၅၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းများဆောင်ရွက်စဉ် ၁၉-၂-၂၀၁၇ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်(၉၂)တွင် တရားမဝင် ကျွန်းသစ်(၁၇)လုံး၊ (၂.၆၈၂)တန်နှင့် ၂၀-၂-၂၀၁၇ ရက် နေ့တွင် ခပေါင်းကြိုးဝိုင်းအကွက်(၂၀၅)တွင် တရားမဝင် ကျွန်းသစ်(၁၆)လုံး၊ (၃.၇၃၀) တန် ဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောအဖွဲ့သည် တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ၂၀-၂-၂၀၁၇ ရက်နေ့တွင် ရေတာ ရှည်မြို့နယ်၊ တုံးကြီးရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာ ကြိုးပြင်တော ခန့်မှန်းမြေပုံ ညွှန်း(V-690262)နေရာတွင် တရားမဝင် ကျွန်း(သစ်/တိုင်/ခွဲသား) (၂၉)လုံး/ချောင်း (၃.၀၄၇၆)တန်၊ စိမ်းဝိုင်းကျေးရွာအနီး၊ ဘုန်းကြီးကျောင်းဟောင်းနေရာ ခန့်မှန်းမြေပုံ ညွှန်း(V-758225)နေရာတွင် တရားမဝင် ကျွန်း(သစ်/ခွဲသား) (၇)လုံး/ချောင်း (၀.၆၂၀၆)တန်၊ အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများပါဝင်သည့် တရားမဝင် သစ်စက်(၁)လုံးတို့အား ဖမ်းဆီးရမိပါသည်။

၂၂-၂-၂၀၁၇ ရက်နေ့၊ (၁ဝ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ သစ်တောဦးစီးဌာနမှ အရာရှိများအား Mercy Corps အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပြီး မြန်မာ့မီးဖိုစီမံကိန်းတိုးတက်ဆောင်ရွက်နေမှုတင်ပြခဲ့ပါသည်။

Pages