၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၅-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့နယ်၊ တရုတ်လယ်ကျင်း သစ်တောစခန်းတွင် ယာဉ်အမှတ်(စျ/၁၂၁၁)တပ်ဆင်ထားသော HINO အမျိုးအစား၊ အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၂၇)ချောင်း၊ (၃.၆၂၄၆)တန်နှင့်အတူ တရားခံ(၁) ဦး ဖမ်းဆီးရမိပါသည်။

(၁၄-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဥက္ကံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ပလုံးဘိနယ်၊ ဒေသအခေါ်ဘွက်မြောင်၊ ခန့်မှန်းမြေပုံညွှန်း(47Q-883635)တွင် ယာဉ်အမှတ်(O/1188) တပ်ဆင်ထားသော HINO အမျိုးအစား၊ ခဲညို ရောင်ယာဉ်ပေါ်မှ တရားမဝင် အခြားသစ်(၁၁)လုံး၊ (၄.၇၃၄၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

(၁၄-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းမှ တာဝန်ကျအကောက်ခွန် ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-လားရှိုးလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ်(MDY-1I/2626)တပ်ဆင်ထားသော HINO အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်(ကျွန်း/ပိတောက်) ပရိဘောဂအကြမ်း ခွဲသားဆိုဒ်စုံ(၅၆၀)ချောင်း/လုံး၊ (၁.၂၀၂၀)တန်နှင့်အတူ တရားခံ (၁)ဦးအား ဖမ်းဆီးရမိပါသည်။

(၁၄-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကသစ်တိုင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖအသိ သက်သေများပါဝင်သောအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ ရွှေတောင် ဆည်ကြိုးပြင်ရှိ (၁၉၈၇)ခုနှစ် စီးပွားရေးကျွန်းစိုက်ခင်း (၂၅၀)ဧကအတွင်းမှ တရားမဝင် ကျွန်း(သစ်/တိုင်)၊ (၃)လုံး၊ (၀.၈၁၆)တန်နှင့်အတူ တရားခံ(၂)ဦး၊ ကျွဲ(၂)ကောင် အပါ အဝင် လှည်း(၁)စီးအားဖမ်းဆီးရမိပါသည်။

(၂၀-၂-၂၀၁၇)ရက်နေ့၊ နံနက်(၁ဝ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအစည်းအဝေး ခန်းမ၌ သစ်တောဦးစီးဌာနအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ် (HRD Plan) ရေးဆွဲနိုင်ရေးညှိနှိုင်းအစည်းအဝေးနှင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း မြန်မာ နိုင်ငံသစ်တောများပြန်လည်ထူထောင်ခြင်းစီမံကိန်းတွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းများအတွက် သင်ရိုးညှိနှိုင်းခြင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သစ်တော သယံဇာတများ ရေရှည်တည်တံ့ရေးထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျှက်ရှိပြီး တရားမဝင် သစ်ခိုးထုတ်ခြင်း၊ ကုန်သွယ်ခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်အတွင်း(၃၁-၁-၂၀၁၇)ရက်နေ့အထိ တရားမဝင်သစ် စုစုပေါင်း (၄၀၈၂၅) တန် ကိုဖမ်းဆီး ရမိခဲ့ပါသည်။

(၁၄-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်မှ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး(၁၀)မှ အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀)၊ နှင်းဆီလမ်း နှင့် ပြည်သာယာလမ်းဒေါင့်၊ ခြံအမှတ် ပ/၁၊ ပ/၂၄ တွင် တရားမဝင် (ပိတောက်၊တမလန်း) သစ်/တိုင်/ခွဲသား၊ ဓားရွေ(၁၅၉)လုံး/ချောင်း၊ (၃.၅၆၀၈)တန်၊ ခြံအတွင်းမှ ယာဉ်အမှတ်(8E/7252) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ (၁၂)ဘီး ယာဉ်ပေါ်မှ တရားမဝင် (ပိတောက်၊ တမလန်း)ဓားရွေ (၇၃)ချောင်း၊ (၂.၆၆၈၈)တန်နှင့် တရားခံ(၃)ဦးဖမ်းဆီး ရမိပါသည်။

(၁၄-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ် တောအတွင်း ခန့်မှန်းပြေပုံညွှန်း(V-316582, V-314580, V-323581 နှင့် V-333572) နေရာများတွင် တရားမဝင် (ကျွန်း၊ ပျဉ်းကတိုး) သစ်လုံး/ခွဲသား (၁၆၁)လုံး/ချောင်း၊ (၁၀.၀၈၈၂)တန်အား သိမ်းဆည်းရမိ ပါသည်။

Pages