၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၃-၂-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် ကြိုးကြာကွင်းအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းပေါ်ရှိ တောင်ကုတ်မြို့အဝင်- ဘိုးဘွားရိပ်သာအနီးတွင် ယာဉ်အမှတ်(YGN-3B/7069) တပ်ဆင်ထားသော HINO အမျိုးအစား၊ ခေါင်းအဖြူရောင် (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်/ စကားဝါ ခွဲသား(၃၇)ချောင်း၊ (၅.၅၆၀၂)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၃-၂-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ဘားအံ- မြဝတီလမ်းမကြီး ဘေး မိုင်တိုင်(၁၂၆)ကီလိုမီတာနေရာတွင် ယာဉ်အမှတ် ၉ဌ/၂၄၇၇၆ တပ်ဆင်ထားသော FAW အမျိုးအစား၊ အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၃၀)ချောင်း၊ (၁.၃၀၀၄)တန်အား ဖမ်းဆီးရမိ ပါသည်။

(၁၃-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့၊ ညောင်ဝိုင်းရပ်ကွက် (၁၃)လမ်း၊ သွန်းဘုရား ရှေ့တွင် ယာဉ်အမှတ်(BGO-H/5158) တပ်ဆင်ထားသော HINO အမျိုးအစား (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး(ခွဲသား၊ ဖရုံစိတ်) (၅၆)ချောင်း/ စိတ်၊ (၃.၈၁၈၆) တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောအဖွဲ့သည် (၁၃-၂-၂၀၁၇) ရက်နေ့တွင် ပင်လယ်ဘူးမြို့နယ်၊ ညောင်ကုန်းရွာတမိုင်၊ ခန့်မှန်းမြေပုံညွှန်း (GB-324567) တွင် လေးလုံး ထိုး၊ ထော်လာဂျီယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၇) ချောင်း၊ (၂.၉၇)တန်၊ တရားခံ(၂)ဦးနှင့် (၁၄-၂-၂၀၁၇)ရက်နေ့တွင် ဒေါ်စီသစ် တောပျိုးဥယျာဉ်စခန်းရှေ့ ခန့်မှန်းမြေပုံညွှန်း(GB-612390) တွင် လီဖန်းအမျိုးအစား (၆)ဘီးယာဉ်(၁)စီးပေါ်မှ တရားမဝင် တမလန်း ဓားရွေ(၁၁)ချောင်း၊ (၂.၃၄၃၂)တန်၊ တရားခံ(၄)ဦးတို့အား ဖမ်းဆီးရမိ ပါသည်။

(၁၂-၂-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ သထုံခရိုင် မှုခင်းတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့သည် သထုံမြို့နယ်၊ ပေါ်တော်မူ ကျေးရွာ၊ မိုင်တိုင်(၁၄၈/၂)အနီးတွင် ယာဉ်အမှတ်(7L/2214) တပ်ဆင် ထားသော ဟီးနိုးအမျိုးအစား၊ ခရမ်းဖြူရောင် (၁၈)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၅၅)ချောင်း၊ (၁၃.၁၀၉၈)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၁-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် မဘိမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်လှိုင်ကြိုးဝိုင်းအကွက် (၇)၊ ခန့်မှန်းမြေပုံညွှန်း(KE-204815) နေရာတွင် အယ်ဇူးသရီးကရောင် အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက် သစ်လုံး(၂၁)လုံး၊ (၅.၉၀၈၀)တန်အား သိမ်းဆည်းရမိပါသည်။

(၁၀-၂-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် ထုံးအိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ထုံးအိုင်-ကော့မှူးရွာလမ်း (တောကြီးရွာနိုင်ရွာ)အနီးတွင် ယာဉ်အမှတ်(KYH- 3C/7148) တပ်ဆင် ထားသော NISSAN အမျိုးအစား၊ (၁၂)ဘီး၊ အဖြူ ရောင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်(ခွဲသား/စကွဲယား) (၇၁)ချောင်း၊ (၈.၇၈၅) တန်နှင့် အတူ တရားခံ(၂)ဦး လက်ကိုင်ဖုန်း(၂)လုံးတို့အား ဖမ်းဆီးရမိပါသည်။

(၁၀-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် လားရှိုး မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကွန်ခိုက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၁၅၁/၃)နေရာတွင် ယာဉ်အ မှတ်(၉ဌ/၇၃၇၃၁) တပ်ဆင်ထားသော (၄)လုံးထိုး၊ ထော်လာဂျီအမျိုး အစားယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်/တိုင်/ဓားရွေ) (၁၈)လုံး/ တုံး၊ (၂.၅၉၉၆)တန်နှင့်အတူ တရားခံ(၇)ဦး ဖမ်းဆီးရမိပါသည်။

Pages