Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန ထုတ်လုပ်ရေးအလုပ်တိုက်နယ်များအတွင်း သစ်တောသယံဇာတစာရင်းကောက်ယူခြင်းသင်တန်း ဆင်းပွဲအခမ်းအနားကို (၃၁-၁-၂၀၁၉)ရက်နေ့၊ (၁၅:ဝ၀)နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခဲ့ပါသည်။

ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) ကို ၂၈-၁-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်၌ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သစ်တောဦးစီးဌာန၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းဒေသသည် ဘင်္ဂလား ပင်လယ်အော်ဒေသ ဂေဟစနစ်ကြီးတစ်ခုလုံး၏ ၅ ပုံ တစ်ပုံရှိပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝပြီး ရှည်လျားသည့် ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သည့့် ပင်လယ်ပြင်၊ ကျွန်းကြီးကျွန်းငယ်ပေါင်း (၈၀၀)ကျော်နှင့် ဖွဲ့စည်းထားသည့် မြိတ်ကျွန်းစုစသည့် မြေပြင်ရေပြင်အခြေအနေများသည် သဘာဝမှ ပေးထားသည့် နိုင်ငံ၏ အဖိုးတန်အမွေအနှစ်ဖြစ်ပါကြောင်း၊ အဆိုပါ ဒေသများသည် နိုင်ငံအတွက် ထုတ်ကုန်ပစ္စည်း (Goods)နှင့် ဝန်ဆောင်မှု (Services) အမျိုးမျိုးကို ပံ့ပိုးပေးနေသည့် ဒေသကြီးများ ဖြစ်သည့်အတွက် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေပါကြောင်း၊ ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ကျက်စားနိုင်သည့် နေရာများ၏ ၉၀ ရာခိုင်နှုန်းသည်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသအတွင်းတွင် တည်ရှိနေပါကြောင်း၊ ထိုကဲ့သို့ ကမ်းရိုးတန်းဒေသ၏ ပေါကြွယ်ဝသည့် သယံဇာတများကို အပြိုင်အဆိုင်သုံးစွဲရန် ကမ္ဘာ့လူထု၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပင်လယ်ကမ်းရိုးတန်းအစပ်မှ ကီလိုမီတာ ၆၀ အတွင်းတွင် မှီတင်းနေထိုင်နေ ကြပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ ကမ်းရိုးတန်းဒေသလည်း ဖြစ် မြစ်ဝကျွန်းပေါ်ဒေသလည်းဖြစ်သည့် နေရာများသည် လူဦးရေအထူထပ်ဆုံး နေရာဒေသများ ဖြစ်ပါကြောင်း

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၂၈၉.၀၅၂၂)တန်၊ သစ်မာ(၉၀.၀၅၆၃)တန်၊ အခြား (၂၇၂.၀၄၃၅)တန်၊ စုစုပေါင်း(၆၅၁.၁၅၂၀)တန်၊ တရားခံ(၄၅)ဦး၊ ယာဉ်/ယန္တရား(၄၄)စီး ဖမ်းဆီးရမိခဲ့ပါသည္၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝှေ့ရှမ်း- မဲပလဲ့ဘိနယ်မှ တရားမဝင် သင်္ကန်းနက်(၉)လုံး (၄.၂၂၆၀)တန်၊ အခြားခွဲသား (၈၀)ချောင်း (၄၁.၁၉၈၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည္။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိပါသည်၊ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက်  ကိုရီးယားသမ္မတ နိုင်ငံ၊ Chonnam အမျိုးသားတက္ကသိုလ်မှ မျိုးဆက်သစ်လူငယ်များ၏ သစ်တော သုတေသနအစီအစဉ် (Chonnam National University – Young Forester Research Program)အဖြစ် အထူးသီးသန့်သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊

၂၈-၁-၂၀၁၉ ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးသက်နိုင်ဦး (ဦစီးအရာရှိ)သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနက တရုတ်နိုင်ငံ (Workshop on Development Strategy of Timber Trade among Lancang-Mekong Region Countries )တက်ရောက် ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဦးအေးချမ်းအောင်(ဦးစီးအရာရှိ)CFDTC က အိန္ဒိယနိုင်ငံတွင် တက်ရောက်ခဲ့သည့် (Program for Sustainable Forestry Management with Community Participation) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးနေအောင်(တောအုပ်ကြီး) သစ်တောသုတေသနဌာနက အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သည့် (UNREDD Asia-Pacific Regional Knowledge Exchange Event 2018 “ Forest Reference (Emission)Levels(FREL/FRLs” ) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၃၉၄.၇၆၅၁)တန်၊ သစ်မာ(၁၂၃.၂၆၆၁)တန်၊ အခြား (၃၆၄.၂၇၃၄)တန်၊ စုစုပေါင်း(၈၈၂.၃၀၄၆) တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား(၅၅)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ဘိနယ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၇)ချောင်း(၀.၇၃၄၈)တန်၊ ကျွန်းခွဲသား (၇၀၃)ချောင်း (၈၆.၂၅၀၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်၏ စတုတ္ထအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့၌ မှော်ဘီမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ ဆရာမ (၆၀)ဦးတို့မှ လာရောက် လေ့လာခဲ့ပါသည်၊

ပထမအကြိမ် အိတ်ဖွင့်တင်ဒါအောင်မြင်ခဲ့သည့် တင်ဒါလုပ်ကွက်ဧရိယာ (၁၀၈၂၄)ဧကအနက် (၉၈၂၄)ဧကအား ပြန်လည်သိမ်းဆည်းခြင်း

Pages