၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၀-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုးဝိုင်း အကွက်(၁၀)၊ ခန့်မှန်းမြေပုံညွှန်း(93B/12, G-070710) နေရာတွင် ယာဉ်အမှတ်(2L/1413) တပ်ဆင်ထားသော(HYUNDI LIBERO) အမျိုးအစား၊ အဖြူရောင်ယာဉ်(၁)စီး၊ ယာဉ်အမှတ်(1K/1598) တပ်ဆင် ထားသော (CDW737)အမျိုးအစား အနီရောင်ယာဉ်(၁)စီးနှင့် ယာဉ် အမှတ် (6D/5584) တပ်ဆင်ထားသော (SINO TRUCK) အမျိုး အစား၊ အဖြူရောင်နောက်တွဲ TLR-3315 ယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၃)စီးပေါ်မှ တရားမဝင် (တမလန်း၊ ပိတောက်)ဓားရွေ (၄၃)တုံး၊ (၄.၈၇၆၆)တန်နှင့်အတူ တရားမဝင်သစ်များ သယ်ယူရာတွင် ပါဝင်သည့် ယာဉ်အမှတ် (MDY-9C/9157) တပ်ဆင်ထားသည့် MITSUBISHI CHAUENGER အမျိုးအစား လူစီးယာဉ်(၁)စီးနှင့် တရုတ်ဆိုင်ကယ် (၁၃)စီး၊ တရားခံ(၁၁)ဦးတို့အား ဖမ်းဆီးရမိပါသည်။

(၉-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ သစ်တောဝန်ထမ်းများအဖွဲ့သည် သိန်းနီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ် (SHN-7F/8151) တပ်ဆင်ထားသော FUSO အမျိုးအစား အဖြူရောင် (၁၂) ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ဓားရွေ)၊ (၇၂)တုံး/ လုံး(၁၃.၆၇၀၀) တန်၊ တရားခံ(၁) ဦးနှင့် ယာဉ်အမှတ်(MDY-2F/6602) တပ်ဆင်ထားသော ISUZU အမျိုးအစား၊ ခဲရောင်(၆) ဘီးယာဉ်ပေါ်မှ ပိတောက်၊ ဓားရွေ (၃၅) တုံး(၁.၂၇၈) တန်၊ တရားခံ (၂) ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်း ပိတောက် (သစ်လုံး/ ဓားရွေ)၊ (၁၀၇) လုံး/တုံး၊ (၁၄.၉၄၈၀)တန်၊ တရားခံ (၃) ဦးနှင့် ယာဉ်(၂)စီး ဖြစ်ပါသည်။

(၈-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သစ်တောဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်း များ၊ အင်းငါးခွ သကြားစက်ရုံ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဖန်းကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ရှားပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၆၁)၊ ပေါက်ခေါင်း-သဲကုန်းနယ်စပ်တွင် တရားမဝင်ပိတောက်ခွဲသား(၅၉)ချောင်း၊ (၆.၈၂၃၆)တန်အား သိမ်းဆည်း ရမိပါသည်။

(၇-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်(ကျိုင်းတုံ)၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၃၂၉)ခြေမြန် တပ်ရင်းမှတပ်မတော်သားများနှင့် မိုင်းဖြတ်မြို့နယ်မှ ပြည်သူ့ရဲတပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ် မိုင်းဖြတ် ပြည်ထောင်စုလမ်းမကြီး ခန့်မှန်းမြေပုံညွှန်း(LP-925272) နေရာတွင် ယာဉ် အမှတ်(2M-5828) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဇီးရောင်၊ (၁၈)ဘီးနောက်တွဲယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက် (၂၅၇)ချပ်၊ (၄.၂၅၉၂)တန်နှင့်အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိ ပါသည်။

(၆-၂-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အုန်းတော(၁)ရပ်ကွက်မှ အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီးမြို့နယ် ပြည်-အောင်လံ-တောင်တွင်းကားလမ်းမပေါ် တောစိမ်းကျေးရွာနှင့် ရထား လမ်းကူးကြားတွင် ယာဉ်အမှတ် ဆ/၆၄၄၃ တပ်ဆင်ထားသော HINO အမျိုးအစား အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်(ကျွန်း/ ပျဉ်းကတိုး) ခွဲသား (၆၀) ချောင်း၊ (၃.၃၆၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

(၆-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တော ဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်ငူမြို့နယ်၊ စမိုးထင်းကြိုးဝိုင်းအတွင်း ခန့်မှန်းမြေပုံညွှန်း (V-769186)နေရာတွင် ယာဉ်အမှတ်(8B/1639) တပ်ဆင်ထားသော (၁၀)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး(သစ်လုံး၊ ခွဲသား) (၈၂)လုံး/ ချောင်း၊ (၅.၈၆၄၂)တန်နှင့်အတူ လက်ကိုင်စက်လွှ(၁)လက်အား သိမ်းဆည်းရမိပါသည်။

(၆-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၁၂၄/၀ နှင့် ၁၂၄/၁)ကြား တွင် ယာဉ်အမှတ်(5J-1373) တပ်ဆင်ထားသော HINO အမျိုးအစား၊ နို့စိမ်းရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၈) ချောင်း၊ (၇.၀၉၆၀) တန်အား သိမ်းဆည်းရမိပါသည်။

(၅-၂-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် စံပါယ်နံ့သာရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ် စံပါနယ် နံ့သာ-ကန့်ဘလူကားလမ်း မိုင်တိုင် (၁/၀) အနီးတွင် ယာဉ်အမှတ် (M/709)နှင့် (SHN-L/5645) တပ်ဆင်ထားသော TE အမျိုးအစား၊ (၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ်မာခွဲသား(၁၉၀)ချောင်း၊ (၆.၉၈၇၆) တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။

Pages