Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၈.၈၁၆၈)တန်၊ သစ်မာ(၆၆.၁၈၄၆)တန်၊ အခြား(၆၄.၀၄၀၅)တန်၊ စုစုပေါင်း(၁၄၉.၀၄၁၉)တန်၊ တရားခံ(၃၅)ဦး၊ ယာဉ်/ ယန္တရား(၃၁)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊

ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ဝန်ထမ်းအိမ်ရာ၀န်းအတွင်း နေထိုင်လျက်ရှိ သောဝန်ထမ်းများဖြင့်  ဝန်ထမ်းအိမ်ရာလိုင်းရှေ့မျက်နှာစာတွင် ပေါင်းပင်များခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ခြုံနွယ်ပင်များဖယ်ရှားရှင်းလင်းခြင်း၊ ရေဝပ်နေသော လုံးချင်းအိမ်ရာများအနီး ရေနုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများကို ၇−၁၁−၂၀၁၈ ရက်နေ့နှင့် ၁၀−၁၁−၂၀၁၈ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ပါသည်။

ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်၊ အခြေခံသစ်တောပညာ အထူး(၃)လသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ နို၀င်ဘာလ (၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့ပါ သည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၅၈.၈၈၁၀)တန်၊ သစ်မာ(၁၁၂.၃၆၂၆)တန်၊ အခြား(၁၂၁.၀၃၄၀)တန်၊ စုစုပေါင်း(၂၉၂.၂၇၇၆)တန်၊ တရားခံ(၃၅)ဦး၊ ယာဉ်/ ယန္တရား(၃၆)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

    ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ဘုတလင်မြို့နယ်၊ သပြေတောကျေးရွာ၏ အောက်ဘက်(၂)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း တရားမဝင် ကျွန်းခွဲသား(၁)ချောင်း (၀.၁၅၀၀)တန်၊ ပိတောက် ခွဲသား (၅၁)ချောင်း (၈.၉၆၇၀)တန်၊ သစ်ယာခွဲသား(၁၄)ချောင်း (၁.၀၇၄၄)တန်၊ အင်သစ်(၉)လုံး (၃.၃၆၄၀)တန်၊ အင်ခွဲသား (၁၈၀)ချောင်း (၂.၀၂၁၂)တန်၊ အင်ပကာ (၂၂၇)ချောင်း (၃.၃၂၆၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

မီးထိန်းချုပ်သည့် ပုံစံသစ်များ ပေါ်ထွက်လာစေရန်နှင့် ပြည်သူအခြေပြု သစ်တောမီး ထိန်းချုပ်ခြင်း နည်းစနစ်များကို သိရှိနားလည်စေရန်၊ အဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယား သမ္မတနိုင်ငံတွင် အသုံးပြုနေသည့် သစ်တောမီး စီမံအုပ်ချုပ်ခြင်း နည်းစနစ်များအနက် အကောင်းဆုံး နည်းလမ်းများကို ရရှိစေရန် ရည်ရွယ်လျက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ ပါသည်။

သစ်တောမီး ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ အစိုးရဝန်ထမ်းများ၏ စွမ်းဆောင် ရည်များကို ပိုမိုအားကောင်းစေပြီး ခေတ်မီတိုးတက်သည့် သစ်တောသိပ္ပံဆိုင်ရာ နည်း ပညာများအပေါ် အခြေခံကာ နည်းလမ်းကောင်းများ ဖော်ထုတ်အသုံးချနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

Pages