၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၁-၂-၂၀၁၇ ရက်နေ့၊ (၁၄ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်း၌ CF Unit လစဉ်ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

သစ်တောဦးစီးဌာနမှဖွင့်လှစ်သည့် ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၈)သင်တန်းဆင်းပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်အမှာစကားပြောကြားပါသည်။

(၁၆-၂-၂၀၁၇)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကန်တောင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဲချောင်း ကြီးကျေးရွာနှင့် ရေကန်တောင်ရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ သဲချောင်းကြီးရွာ၊ ရွာရှေ့ချောင်း၊ ခန့်မှန်း မြေပုံညွှန်း(MN-341006) နေရာတွင် (၄၄' x ၁၀' x ၅' )အရွယ်အစား၊ တရုတ်(10 H.P)အင်ဂျင်(၁)လုံးနှင့် HONDA (5 H.P) အင်ဂျင်ရေစုပ်စက်(၁)လုံး တပ်ဆင်ထား သည့် စက်လှေ(၁)စီး၊ (၅၂' x ၁၅' x ၇') အရွယ်အစား၊ တရုတ်(22 H.P) အင်ဂျင် (၂)လုံးနှင့် HONDA (5H.P)အင်ဂျင်ရေစုပ်စက်(၁)လုံးတပ်ဆင်ထားသည့် စက်လှေ (၁)စီး၊ (၄၇' x ၁၂' x ၆') အရွယ်အစား၊ တရုတ်(10 H.P) အင်ဂျင်(၂)လုံးနှင့် HONDA (5 H.P) အင်ဂျင်ရေစုပ်စက်(၁)လုံးတပ်ဆင်ထားသော စက်လှေ(၁)စီး၊ (၃၃' x ၄.၆' x ၄') အရွယ် အစား၊ တရုတ်(10 H.P) အင်ဂျင်(၁)လုံးနှင့် HONDA (5 H.P) ရေစုပ် စက်(၁)လုံး တပ်ဆင်ထားသော စက်လှေ(၁)စီး၊ စုစုပေါင်းစက်လှ(၄)စီးမှ တရားမဝင် (ငှက်/ဆောင်း) သစ်မျိုး၊ မျောလုံး(၁၉၅၅)လုံးအား သိမ်းဆည်းရမိပါသည်။

(၁၈-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သီပေါမြို့ အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ အနောက်ရပ် ကွက်၊ ကံ့ကော်လမ်း၊ ဟိန္နူဘုရားကျောင်းအနီးတွင် ယာဉ်အမှတ်(MDY/3E-2263) တပ်ဆင်ထားသော ခေါင်းအပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်(ပိတောက်/ တမလန်း) ခွဲသား၊ (၆၃) ချောင်း၊ (၆.၂၆၄၀)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၁၆-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ကင်းစိန်စျေးနှင့် ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အသိသက်သေများပါဝင် သောပူးပေါင်းအဖွဲ့သည် မြစ်သားမြို့နယ်၊ မြစ်သားမြို့အနောက်ဘက် ကင်းစိန်စျေး ကျေးရွာ စမာမြောင်းအထက်(၄)ဖာလုံခန့်အကွာ သရက်ခြံအတွင်းတွင် တရားမဝင်(ပျဉ်းကတိုး/အခြား) သစ်/တိုင်/ခွဲသား(၂၂၀)လုံး/ချောင်း၊ (၁၆.၇၀၈၆) တန်၊ ချိန်းဆော(၁)လက်၊ ချန်ချိုင်း(32 H.P) အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများတပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံးနှင့် တရားခံ(၁)ဦး၊ ညောင်ဝန်းကျေးရွာ၊ ကြက်တိုက်ကွေ့ဘုရားအနီး သရက်ခြံအတွင်း တရားမဝင် အခြားခွဲသား(၆၃)ချောင်း၊ (၆.၀၈၂၈)တန်၊ ယူလင်(24 H.P) အင်ဂျင်(၁) လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်းများတပ်ဆင်ထားသည့် တရားမဝင် သစ်စက် (၁) လုံးနှင့် တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၇-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် တံခွန်တိုင်ရပ်ကွက်၊ ငွေတော်ကျီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူး ပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြကျွန်းအောင်ဘုန်းကြီး ကျောင်းဘေးနှင့် ယာဉ်အမှတ်(MDY-8G/7387)တပ်ဆင်ထားသော Light Truck အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၂၉)ချောင်း၊ (၁.၂၁၇၆)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၁၇-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုန်းတော(၁)ရပ်ကွက်၊ အုပ်ချု့ပ်ရေးအဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဆည်မြောင်း(တည်ဆောက်ရေး-၃)၊ ရုံးဝန်းအနီးတွင် ယာဉ်အမှတ်(1G/9142) တပ်ဆင်ထားသော SKAT အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား သစ်/တိုင် (၂၁)လုံး၊ (၂.၀၆၉၆)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၁၉-၂-၂၀၁၇)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအကွက်(၆၈)၊ ခန့်မှန်းမြေပုံညွှန်း(V-562438) နေရာတွင် တရားမဝင်(ကျွန်း/ပျဉ်းကတိုး/အခြား) သစ်/တိုင်/ခွဲသား(၄၃)လုံး/ချောင်း၊ (၃.၆၉၃၄)တန်အား သိမ်းဆည်းရမိပါသည်။

Pages