၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

CMRS သတင်းအရ ၂၃-၅-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်း(၉)ဦး၊ ဒေသခံကင်းသား (၄)ဦး၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးနန္ဒအောင်ပါ(၃)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် စောအယ်ထူးပါ (၃)ဦး အဖွဲ့တို့သည် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ် (၄၉/၂)အနီး ၌ တရားမဝင်ပိတောက်ခွဲသား ၃၉ချောင်း (၃.၃၉၀၆)တန်အား ကားကြမ်းခင်းအောက် အခန်းဖွဲ့(Box)ဖြင့် ဂဟေတို့ကွယ်ဝှက်၍ မိုးကာဖုံးအုပ်ပြီး တင်ဆောင်မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 5B-5552 Nissan Diesel (၁၂)ဘီးယာဉ် (၁)စီးအား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်နှင့် တရားခံများအား ကနီမြို့မရဲစခန်းတွင် အပ်နှံပြီး ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ၄၀(ခ)ဖြင့် ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၂-၅-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ချပြသတင်းအရရွှေဘိုခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သောသစ်တောဝန်ထမ်း ၁၅ဦး၊သစ်တောရဲတပ်ဖွဲ့ဝင် ၆ဦးနှင့်မလည်ကျေးရွာအုပ်ချုပ်ရေးမှူးပါသက်သေများဖြင့် ကန့်ဘလူမြို့နယ်၊မလည်ကျေးရွာအနောက်ဖက်မှအုပ်စု(၁)/အခြားသစ်ခွဲသား၂၅၇ချောင်း(၆.၈၉၇၄)တန်နှင့်၃ပေအောက်အုပ်စု(၁)သစ်လုံး၁၂လုံး (၁.၄၉၂၈)တန်၊ကျွန်း/အုပ်စု(၁)သစ်လုံး ၂၂လုံး(၈.၀၂၃၂)တန်စုစုပေါင်း(၂၉၁)လုံး /ချောင်း (၁၆.၄၁၃၄)တန်ဖမ်းဆီးရမိပြီး၊မလည်-ဇီးကုန်းလမ်းပေါ်မှ ကင်တာအမျိုးအစား မော်တော်ယာဉ်အမှတ် 2N-4428 ပေါ်မှ ၄၅ပေါင်မီးသွေး(၇၆)အိပ်၊ထော်လာဂျီ ၅ဌ/၂၈၂၅ပေါ်မှ၄၅ပေါင်ဝင်မီးသွေး(၉၆)အိပ်အားပိုင်ရှင်များနှင့်အတူဖမ်းဆီးရမိခဲ့ရာသစ်တောဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၂-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဇရပ်ကွင်းကျေးရွာ အမှတ်(၃)ရပ်ကွက်မှ ရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း(မြောက်)ဘိနယ်၊ မန္တလေး-မိုးကုတ်ကားမိုင်တိုင်အမှတ် (၇၁/၅)နှင့် (၇၁/၆)အကြားတွင် မော်တော်ယာဉ်အမှတ် (SGG 9F-6638) Nissan Light Truck ခဲရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားတံခါးရွက်(၉၀)ချပ် (၀.၇၉၆၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမပေါ် ရွာထောင်ရပ်ကွက်၊ ဓါတ်ပေါင်းစုဘုရားရှေ့၌ မော်တော်ယာဉ်အမှတ် (MDY 8F-5452) Light Ace အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံချပ်ဆိုဒ်စုံ (၈၅)ချပ် (၃.၀၄၄၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လယ်ဝေးမြို့နယ်မှ သစ်တော ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာ ရွာမရပ်ရှိ ဒေါ်သန္တာမိုးခြံဝန်းတွင် သုံးဘီးဆိုင်ကယ်(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ် (၁၁၈)လုံး/ ချောင်း/ ခြမ်း (၂.၁၇၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့ နယ်၊ မတ္တရာ-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၃)မှ ဂန္ဓမာကျေးရွာအဝင်လမ်းတောင်ဘက်၊ ရွာ၏အနောက်မြောက် (၁.၅)မိုင်ခန့်အကွာနေရာတွင် ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကညင်/အင်ခွဲသား (၄၉)ချောင်း (၉.၄၉၄၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်း မှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ မြို့တောင်ဘိနယ်၊ လောင်ထောင်ကြိုးဝိုင်း အကွက်အမှတ်(၁၉)၊ ဆင်သေချောင်း၏တောင်ဘက်(၂)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်းသစ်(၁၆)လုံး (၇.၉၃၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကလေးမြို့နယ်၊ တောင်ပိုင်း၂ဘိနယ်၊ မှန်တောရွာအရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/သစ်ယာ/အင်သစ်/ခွဲသား လုံးပတ်(၃) အောက် အင်သစ် စုစုပေါင်း (၃၄)လုံး/ချောင်း (၉.၅၂၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages