၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ စုံတော်ရွာတောင်ဘက်(၂)မိုင်ခွဲခန့်အကွာ နေရာ၌ တရားမဝင်ဝီလင်း(၂၅)ကောင် အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်းသစ်(၁၆)လုံး (၆.၀၁၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များအား စုံးတော်ရွာ၊ အုပ်ချုပ်ရေးမှူးအိမ်သို့ သယ်ယူသိမ်းဆည်းသွားမည်ဖြစ်ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၉-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်မှူး ဦးမျိုးနိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့နယ်၊ ဇီးတော ကျေးရွာမြောက်ဘက် ဒေသအခေါ် (လယ်ယာကွင်း) ရွှေလောင်းချောင်းကမ်းပါဘေးမှ တရားမဝင် ကျွန်းခွဲသား (၅၂)ချောင်း (၅.၅၁၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၅-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ်၊ နယ်ဇောကျေးရွာအရှေ့တောင်ဘက်(၁)ဖာလုံခန့်အကွာနေရာ၌ မော်တော်ယာဉ် အမှတ် (MDY 2M/5291) DYNA (၆)ဘီး(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး/အင်ကြင်းခွဲသား (၉၆)ချောင်း (၀.၉၆၉၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၈-၅-၂၀၂၀ ရက်နေ့တွင် ရတခလရ(၄၅)မှ ဒုမှူးကြီး ညွန့်ဝင်းလှိုင် ဦးဆောင်သော တပ်မတော်သားများအဖွဲ့၊ စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး စိုင်းထက်ပြည့်အောင်ပါ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ မန်မိုင်းကျေးရွာရှိ ဦးမာခါးဂိုဒေါင်(၂)ခုအတွင်း၌ တရားမဝင်တမလန်း/ပိတောက်/ သစ်မကျီးဓါးရွေ/ခွဲသား (၃၀)တန်ခန့်အားလည်းကောင်း၊ ဦးကျော်ဦးနေထိုင်သော ဂိုဒေါင်အတွင်းမှ တရားမဝင်တမလန်း/ပိတောက်/သစ်မန်ကျီးဓါးရွေ/ခွဲသား (၂၂)တန်ခန့်အားလည်းကောင်းဖမ်းဆီးရမိခဲ့ပြီး နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်ရာ ဒေါ်နန်းစိန်၏ နေအိမ်ခြံဝန်းအတွင်း တရားမဝင်တမလန်း/ ပိတောက်/သစ်မကျီးဓါးရွေ/ခွဲသား (၁၆)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များအား တပ်မတော်၏ လုံခြုံရေးကူညီမှုဖြင့် မူဆယ်မြို့နယ်၊ ဦးစီးအရာရှိရုံးဝင်းအတွင်းသို့သယ်ယူသိမ်းဆည်းသွားမည်ဖြစ်ပြီး ခြံဝန်းပိုင်ရှင်နှင့် သစ်ပိုင်ရှင်တို့အား သစ်တောဥပဒေပုဒ်မ၊ ၄၂(က)ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ စက်မှုဇုန်ရပ်ကွက်နယ်မြေ(၂)၊ (၃၉)လမ်းနေ ဦးအောင်သိန်းကျော်၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် သစ်ယာ/ လုံးပတ်၃ပေအောက်အင်သစ်/ခွဲသား (၈၂)လုံး/ချောင်း (၄.၂၅၅၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကလေးဝမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ(၁)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြစ်သာမြစ်အတွင်း တရားမဝင် အင်ခွဲသား(၁၂၄)ချောင်း (၄.၁၆၈၄)တန်အား စက်လှေ(၂)စီးပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၅-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ မဘိမ်းမြို့နယ်၊ နမ့်မဲဘိနယ်၊ နမ့်မဲကြိုးဝိုင်းအကွက်အမှတ်(၉၄)အတွင်းမှ တရားမဝင် ကျွန်းသစ်(၃၃)လုံး (၆.၄၅၆၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၇-၅-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းဘိနယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်၊ (၁၁၆/၁) နှင့် (၁၁၆/၂)ကြား၊ ရွှေသံလွင် တိုးဂိတ်အနီးတွင် ယာဉ်အမှတ်၊ BGO-5P/1767 ISUZU ကွန်တိန်နာ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်ဆိုဒ်စုံ (၄၁၂)ချပ် (၅.၅၃၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages