၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၆-၆-၂၀၂၀ ရက်နေ့ (၁၅:ဝဝ)နာရီအချိန်တွင် နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း(NFI)၊ နိုင်ငံအဆင့် သစ်တော စောင့်ကြည့်လေ့လာခြင်းနှင့် သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းကို လူ့အခွင့်အရေး ဆိုင်ရာအခြေခံနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းစီမံကိန်းဆိုင်ရာ အချက်အလက်များ (Myanmar National Forest Inventory (NFI)/National Forest Monitoring and Information System(NFMIS)with a Human Rights Based Approach) သဘောတူ လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အဖွင့်အမှာစကြားပြောကြားပါသည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနား သို့ Ms.Riikka Laatu, Ambassador, Embassy of Finland, Yangon(Virtually)က (Video Conference)ဖြင့်ဆွေးနွေးပြီး၊ Mr.Julian Fox,FAOHQ, Rome(Virtually)နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၈-၆-၂၀၂၀)ရက်နေ့မှ (၁၄-၆-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၆၁.၁၈၆၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးချောင်း၏ အရှေ့ဖက်(၂)ဖာလုံခန့်အကွာ တောစပ်၊ ရေပြာကျွန်းမြောင်းအတွင်း၌ တရားမဝင်ကျွန်းခွဲသား (၈၈)ချောင်း (၁၁)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိပဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်း၊ ညောင်အိုင်ကျေးရွာအဝင်နေရာ၌ မော်တော်ယာဉ်အမှတ် (2K/3822) Faw (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးသစ်လုံးပတ်(၃)ပေအောက်(၃၆)လုံး (၂)တန်အား တရားခံ(၂)ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၃-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအနီး၊ မန္တလေးတူးမြောင်းဘောင်လမ်းအနောက်ဘက်နေရာ၌ မော်တော်ယာဉ်အမှတ်မပါ LIFAN ထော်လာဂျီ (အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး တံခါးချပ်/ကျဉ်းခွေ (၄၇)ချပ် (၁)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် ကားရပ်၍ ယာဉ်မောင်းထွက်ပြေး သွားခဲ့သဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၂-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသွားရောက်ဖမ်းဆီးရာ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာ အနောက်ဘက်(၃)ဖာလုံခန့်အကွာနေရာ၌ လူမရှိပဲရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (စ/၇၁၈၀) TE (အစိမ်းရောင်း) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်မအူလက်တံရှည်သစ် (၈)လုံး (၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

၁၂-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားကားလမ်းမိုင်တိုင်အမှတ်(၄၃/၀)အနီး မော်တော်ယာဉ်အမှတ် (7A-7459) 4D အမျိုးအစား ဖြူ/ပြာကြား (၆)ဘီးယာဉ်(၁)စီးအပေါ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ အင်ကြင်း/ အင်/ ယမနေ/ သဒီခွဲသား (၄၂၅)ချောင်း (၆)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၁-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တကောင်းလမ်းဆုံ မိုင်တိုင်အမှတ် (၄၄/၃)အနီး မော်တော်ယာဉ်အမှတ် (၃ခ/၆၈၂၅) FUSW (၁၀)ဘီး ခေါင်းစိမ်း ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပျဉ်းကတိုး/သစ်ယာခွဲသား (၃၀၀)ချောင်း (၆)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages