၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၇-၅-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ မဘိမ်းမြို့နယ်၊ နမ့်မဲဘိနယ်၊ နမ့်မဲကြိုးဝိုင်းအကွက်အမှတ်(၉၄)အတွင်းမှ တရားမဝင် ကျွန်းသစ်(၃၃)လုံး (၆.၄၅၆၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၇-၅-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းဘိနယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်၊ (၁၁၆/၁) နှင့် (၁၁၆/၂)ကြား၊ ရွှေသံလွင် တိုးဂိတ်အနီးတွင် ယာဉ်အမှတ်၊ BGO-5P/1767 ISUZU ကွန်တိန်နာ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်ဆိုဒ်စုံ (၄၁၂)ချပ် (၅.၅၃၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ တန့်ဆည်မြို့နယ်၊ တောကျင်ဘိနယ်၊ စိန်ကျေးကူကျေးရွာ၏ အရှေ့တောင်ဘက်(၃)မိုင်ခန့်အကွာ စီပဒုံချောင်းအတွင်းနေရာများ မှ တရားမဝင် သစ်ယာ/သပြေသစ်ခွဲသား (၁၁၀)ချောင်း (၇.၅၆၂၂)တန် အား နောက်တွဲယာဉ်ပါ ထွန်စက်(၂)စီး၊ တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၆-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ကျောက်တိုင်ကျေးရွာတောင်ဘက်လယ်ကွင်းစပ်၊ မြောက်ဘက်လယ်ကွင်းစပ်နှင့် ဦးကျော်မြင့်၏ နေအိမ်ခြံဝန်းအတွင်းတို့မှ တရားမဝင် ကျွန်းခွဲသား (၄၇၉)ချောင်း (၉.၈၇၅၈)တန်၊ တရားခံ(၁)ဦး၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့် ကြောင်အိမ် အကြမ်းထည်(၃)လုံး (၀.၀၉၅၆)တန် စုစုပေါင်း (၉.၉၇၁၄)တန်၊ တရားခံ(၁)ဦး၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၁၆-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်း မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထူးသတင်းတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ မြို့လှဘိနယ်၊ ပြတိုက်ကျေးရွာ၊ မဟာရတနာပြတိုက်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းမှ တရားမဝင် သစ်ယားခွဲသား/စကားဝါခွဲသား (၁၉၇၃)ချောင်း (၂၁.၁၃၇၆))တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ်(၂၉/၁)နှင့် (၂၉/၂)ကြားတွင် ယာဉ်အမှတ်၊ YGN-5H/9351 Lefan(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား (၂၂၁)ချောင်း (၆.၃၈၁၂)တန် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မြို့မ(၁)ဘိနယ်၊ ရွာသီကျေးရွာအုပ်စု၊ စံပြကျေးရွာတောင်ပိုင်း ဦးကျော်တင်၏ နေအိမ် ဝင်းအတွင်း အနောက်တောင်ဘက် ကားဂိုဒေါင်နှင့်တွဲလျက် အဆောက်အဦအတွင်းနှင့် နေအိမ်၏ တောင်ဘက်နေရာတို့မှ တရားမဝင် ကျွန်းခွဲသား/ပျဉ်းကတိုးခွဲသား/အင်ခွဲသားဆိုဒ်စုံ (၁၄၄၉)ချောင်း (၁၄.၅၄၃၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်သစ်တောဝန်ထမ်း(၉)ဦးပါ မြို့နယ်စစ်ကြောင်းအဖွဲ့သည် နယ်မြေရှင်း လင်းဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအကွက် (၅၆၊ ၆၅၊ ၆၆)တို့မှ တရားမဝင် ကညင်/သတီ/လယ်ဇ/ရုံးခွဲသား စုစုပေါင်း (၁၃၉)ချောင်း (၁၅.၀၁၀၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages