Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၇၈/၁)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်မပါ NISSAN Diesel (အပြာရောင်)(၆)ဘီး ခေါင်းတိုယာဉ်ပေါ်မှ တရားမဝင် တမလန်းဓါးရွေ(၃၈)ချောင်း(၇.၈၇၁၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၁၁-၂၀၁၉ ရက်နေ့မှ ၁၆-၁၁-၂၀၁၉ ရက်နေ့ထိ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ဘူဘောင်ကျော၊ မဒေးကြိုးဝိုင်းအကွက်အမှတ်(၅၊ ၁၁)တို့အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား(၅၃)ချောင်း (၇.၆၈၃၈)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၁၀၀၅)နယ်ခြားစောင့် တပ်မှ ဗိုလ်ကျော်မင်းလေးပါ တပ်မတော်သားများ၊ စ.ရ.ဖ ဗိုလ်ကြီးမျိုးသန့်ဇင်ပါတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ ရွာသစ်ကျေးရွာ၏ မြောက်ဘက် သံလွင်မြစ်အနောက်ဘက်နေရာ၌ တရားမဝင်ကျွန်း/ပိတောက်သစ်(၂၈)လုံး (၁၀.၂၁၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၄-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း၊ သင်းဝင်မြောင်ဘေးတွင် တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား/ခွဲခြမ်း (၁၁၈၄)လုံး/ချောင်း/ခြမ်း (၇၃.၀၂၆၀)တန်နှင့်အတူ တရားမဝင် သစ်စက် (၁)လုံးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၃-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ဝန်းသို-နမ်းခမ်းသွားကားလမ်းဝန်းကျင်နှင့် နမ်းခမ်းကြိုးဝိုင်းအတွင်း သုံးဘီးဆိုင်ကယ် (၄)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၄၆၇)ချောင်း (၃.၉၇၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံအဆင့်သစ်တောသယံဇာတစာရင်းကောက်ယူခြင်းလုပ်ငန်းများအပေါ် ဆွေးနွေးအကြံပြုချက် များရယူခြင်းအစည်းအဝေးကို ၁၄-၁၁-၂၀၁၉ ရက်နေ့ (၁၀:၃၀)နာရီအချိန်၌ အင်းလျားလိတ်ဟိုတယ် ရန်ကုန်တွင် ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့် အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ အတွေ့အကြုံရှိသည့် အငြိမ်းစား သစ်တောပညာရှင်များ၊ FAO မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက်ကြပါသည်။

သစ်တောနည်းဥပဒေ (မူကြမ်း)အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြုချက် များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးပွဲအား ၁၄-၁၁-၂၀၁၉ ရက်နေ့၊ (၀၉:၀၀)နာရီတွင် ရန်ကုန်၊ Green Hill Hotel ၌ ကျင်းပပြုလုပ်ရာ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။အမှာစကားပြောကြားရာတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် သစ်တောနည်းဥပဒေ(မူကြမ်း)ကို အကျိုးသက်ဆိုင်သူများထံသို့ ချပြဆွေးနွေးခြင်း၊ အကြံဉာဏ် များရယူခြင်းဆိုင်ရာ အလုပ်ရုံ‌ဆွေးနွေးပွဲများကို သစ်တောဦးစီးဌာနက ဦးဆောင်ပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏ နည်းပညာ၊ ရန်ပုံငွေပံ့ပိုးကူညီမှုများနှင့် အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့သကဲ့သို့ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၃.၂၀၈၄)တန်၊ သစ်မာ(၁၅၆.၈၆၁၃)တန်၊ အခြား (၄၆၀.၀၃၅၀)တန်၊ စုစုပေါင်း(၇၅၀.၁၀၄၇)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ဘိနယ်၊ ဂွကြိုးပြင်တော၊ ဒေသအခေါ် လေယာဉ်ကျကုန်း အနီး၊ ဘိုမင်းချောင်းနှင့် ဝါးကလောချောင်း ဝဲ/ယာ နေရာမှ တရားမဝင် တောင်သရက်သစ်လုံး (၁၆၅)လုံး (၁၄၃.၅၇၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages