Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၈-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ ရေယာဉ်ကျေးရွာ၊ အနောက်မြောက်ဘက်(၂)ဖာလုံခန့်အကွာ၊ မုန်းချောင်းအနီးတွင် တရားမဝင် နဘဲ/သန်း/ဒီးဒူး/ခွဲသား၊ လုံးပတ်(၃)ပေအောက် ဒဟတ်/သန်း/ ဇောင်းပလွေး/ဒီးဒူး/နဘဲ/လိန်သစ်လုံး (၂၅၇)လုံး/ချောင်း (၉)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၆၂)၊ ဆည်ရေစပ်အနီးတွင် ရပ်တန့်ထားသော GMC (၆)ဘီး ခေါင်းစိမ်းယာဉ်ပေါ်မှ တရားမဝင် ထောက်ကြန့်သစ် (၁၈)လုံး (၉)တန်၊ အောက်မတ္တရာတိုးချဲ့ ကြိုးဝိုင်းအကွက်အမှတ်(၆၂)၊ ဆည်အတွင်းနေရာများမှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ၊ အင်/ထောက်ကြန့် သစ် (၆၂)လုံး/ချောင်း (၂၃)တန်၊ စုစုပေါင်း တရားမဝင်သစ် (၈၀)လုံး/ချောင်း (၃၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ကောလင်း-ဝန်းသို-ပင်လည်ဘူးသွားကားလမ်း (၅)မိုင်အနီး SINO TRUCK (၆)ဘီးယာဉ်နှင့် FORLAND အဖြူယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ အင်ကြင်းခွဲသား၊ လုံးပတ်(၃)ပေအောက်အင်ကြင်းသစ် (၃၀၂)လုံး/ချောင်း (၆)တန်အား တရားခံ (၆)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၈-၈-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ မိုင်တိုင်(၂၁၈/၄)အနီး မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၁၅)ချောင်း (၀.၄၉၂၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ သပြေတောရွာအောက်ဘက်၊ ပလူဇဝကျေးရွာမှ ကျောက်မီးသွေးများ တင်ဆောင်လာသော စက်လှေ(၂)စီးပေါ်မှ တရားမဝင် ကျွန်း/ကညင်/အင်သစ်လုံး/ခွဲသား (၁၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်း စက်လှေများအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ပြီးချိန်တွင် စက်လှေပေါ်မှ ပါရှိသူများ ထွက်ပြေး တိမ်းရှောင်သွားပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၃၁-၈-၂၀၂၀ ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် Myanmar-Korea Chamber of Commerce & Industry (MKCCI)မှ သစ်တောဦးစီးဌာနသို့ COVID-19 ရောဂါကာကွယ်ရန် ပါးစပ်နှင့် နှာခေါင်းစည်း Mask (၂၀၀၀၀) ခုပေးအပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ညီညီကျော််မှ လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာအား MKCCI မှတာဝန်ရှိသူများအား ပြန်လည်ပေးအပ်ခဲ့ပါသည်…

၂၈-၈-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ သံလမ်းကုန်းလမ်းဆုံ၊ ဟင်္သာတ-ရေကြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၂/၅)နှင့် (၄၂/၆)ကြားနေရာတွင် ယာဉ်အမှတ် (3I/3441) UD NISSAN (၆)ဘီး(ခေါင်းဖြူ)ယာဉ်ပေါ်မှ တရားမဝင် တောင်သရက်/ ကညောင်းသစ်ခွဲသား (၇၄)ချောင်း (၉)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံ မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၉ x ၃၀ လမ်းကြား၊ ၅၄ လမ်း၊ ရွှေတောင်မန်းကားခြံဝင်းအတွင်း JRC သုံးဘီးအပြာယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၉၀)ချောင်း (၂)တန် အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါ သည်။

Pages