၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၃-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာအုပ်စု၊ စက်စက်ယိုကျေးရွာနှင့် အောင်မြကျေးရွာကြားတွင် တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား (၉၂)ချောင်း (၉.၀၃၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၂-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကလေးဝမြို့နယ်၊ မဟာမြိုင်ကြိုးဝိုင်းအတွင်း တရားမဝင် အင်သစ် (၉)လုံး (၇.၈၃၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၅-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ ကီလိုမီတာ(436)km ရှု့ခင်းသာအနီး မော်တော်ယာဉ် အမှတ် (MDY 9D/2063) IPSUM ယာဉ်ပေါ်မှ တရားမဝင် ကျွန်း ခွဲသား/တံခါးရွက် (၃၁၉)ချောင်း/ရွက် (၀.၆၂၄၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၂-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်းတိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာ၊ အမှတ်(၃)လမ်းမကြီး၊ ရွှေဗိုင်းဖြူစက်သုံးဆီအရောင်းဆိုင်ဝင်း အတွင်းမှ တရားမဝင်ကညင်ခွဲသား (၁၃၇)ချောင်း (၉.၂၂၄)တန် တင်ဆောင်ထားသော မော်တော်ယာဉ် အမှတ်၊ BGF/တနယ်(၂)*1015* (NISSAN Diesel UD (စစ်ရောင်)ယာဉ်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မင်းလှမြို့နယ်၊ မုက္ခာကြိုးဝိုင်း အကွက်အမှတ်(၃၈)အတွင်း တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား (၁၄၇)လုံး/ချောင်း (၆.၈၆၇၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ တောင်အင်-မန်နွဲ့ကျေးရွာချင်းဆက်လမ်းတွင် မော်တော်ယာဉ်အမှတ် (1Q/9604)FORLAND (၆)ဘီး(အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(7L/4215) SKAT (၆)ဘီး(အဖြူရောင်)ယာဉ်များပေါ်မှ တရားမဝင်ကျွန်း/အင်ကြင်းခွဲသား (၁၂၂)ချောင်း (၇.၁၈၂၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဆည်မြောင်းဈေးတန်း (၂)ရပ်ကွက်၊ မြောက်ဘက်နှင့် အရှေ့ဘက်နေရာတို့၌ တရားမဝင်ကျွန်း/ ပျဉ်းကတိုးခွဲသား (၂၂၂)ချောင်း (၁၀.၇၄၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားမဝင်သစ်များအား မြို့ချောင်းကယားဖူးသစ်တော စခန်းသို့ သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှီနှင့် သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်းအကွက် အမှတ်(၆၉၊ ၇၁၊ ၇၆)အတွင်း တရားမဝင်ကျွန်းသစ် (၄၇)လုံး (၁၂.၂၆၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိတရားမဝင်သစ်များအား ဘန့်ဘွေးကုန်းစခန်းသို့ သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages