Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၁၁၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမ်းမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၆၇/၂)အနီး၊ ကံမြင့်ကန်စစ်ဆေးရေးဂိတ်အနီးတွင် မော်တော်ယာဉ်အမှတ်မပါ NISSAN Diesel (ဖြူစိမ်းကြား)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၄၁)ချောင်း (၅.၁၄၂၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၀၀.၇၀၁၇)တန်၊ သစ်မာ(၁၃၇.၉၉၈၆)တန်၊ အခြား (၂၈၂.၂၂၉၆)တန်၊ စုစုပေါင်း(၅၂၀.၉၂၉၉)တန်၊ တရားခံ(၃၈)ဦး၊ ယာဉ်/ယန္တရား(၄၅)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ မြို့မမြောက်ပိုင်းဘိနယ်၊ မြစ်ကြီးနား-ပူတာအို သွား ကားလမ်း၊ အင်ဂျစ်ကျေးရွာအနောက်ဘက်(၅)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကြေးလံ/ လောက်ယား/စကားဝါ/ဆေးခါး သစ်လုံး/ခွဲခြမ်း (၉၃)လုံး/ခြမ်း (၈၀.၆၆၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Global Environment Institute (GEI) နှင့် သားငှက်ထိန်း သိမ်းရေးအဖွွဲ့ (Wildlife Conservation Society-WCS) မြန်မာနိုင်ငံအစီအစဉ် တို့ ပူးပေါင်း၍ “ဒေသခံပြည်သူအခြေပြု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများနှင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲ (Community-Based Conservation Practices and Policies International Symposium)” ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄−၅) ရက်နေ့တို့တွင် နေပြည်တော်ရှိ Aureum Palace ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် နှင့် GEI ၏ အမှုဆောင်ဒါရိုက်တာ Ms. Jiaman Jin တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားပါသည်။

၂-၁၁-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေဿကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 9L/1740) (၂၂)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၆၇)ချောင်း (၁၈.၀၇၃၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ခလရ(၁၃၄)မှ ဗိုလ်မှူးမျိုးမင်းသန့် ဦးစီးစစ်ကြောင်းမှူးပါ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ နမ့်ပိန်းလိန်ကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၆၂)အတွင်း တရားမဝင်ကျွန်း/ပိတောက်(၁၇၅)လုံး (၈၃.၁၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေဿကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပဲခူး-လေးအိမ်စုကျေးရွာ-အမြန်လမ်းသို့ဆက်သွယ်ထားသောလမ်း၊ ရတနာရွှေကျောင်းဘုန်းကြီးကျောင်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ် (၇ဌ/၈၂၉၆) ထော်လာဂျီ(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၈၃)ချောင်း (၂.၂၉၀၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ လှည်းကူးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာနေရာနှင့် (၃)မိုင်ခန့်အကွာနေရာတို့၌ တရားမဝင်ကညင်/အင်/သစ်ယာသစ်/ခြမ်း/ခွဲသား(၈၂)လုံး/ခြမ်း/ချောင်း (၁၄.၀၈၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ (၇)မိုင်ရွာတောင်ဘက်၊ ချောင်းဘေးနေရာနှင့် (၈)မိုင်ရွာမြောက်ဘက်တောစပ်နေရာတို့၌ တရားမဝင်ကျွန်း/သတီ/ဘင်္ဂ/မျောက်ငိုခွဲသား (၈၀)ချောင်း (၈.၆၁၃၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages