၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုန် သစ်တောဂေဟစနစ် များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် တနင်္သာရီသဘာဝကြိုးဝိုင်းကို ၂၀၀၅ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ယခင်သစ်တော ရေးရာဝန်ကြီးဌာန)က အမိန့်ကြော်ငြာစာအမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းသည် မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (Mottama Gas Transportation Company- MGTC)၊ တနင်္သာရီပိုက်လိုင်း ကုမ္ပဏီ (Taninthayi Pipeline Company-TPC)နှင့် အက်ဒမန်ပို့ဆောင်ရေးလီမိတက် (Andaman Transportation Limited-ATL)တို့မှ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ (လေးသိန်းခွဲ)နှင့် စီမံကိန်းကာလတစ်ခု (၄နှစ်)အတွက် အမေ ရိကန်ဒေါ်လာ (၁.၈ သန်း)နှင့် နိုင်ငံတော်မှထည့်ဝင်ငွေ(In Kind) ကျပ် (၁၅၄)သန်းဖြင့် သစ်တောဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နှစ်ရှည် စီမံကိန်း တစ်ခုဖြစ်ပါသည်။

သစ်တောဦးစီးဌာနနှင့် နော်ဝေပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Environmental Agency- NEA) တို့ ပူးပေါင်းဆောင်ရွက်သည့် “ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု အဆင့်မြှင့်တင်ခြင်း စီမံကိန်း” မှ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (၂၀၁၉-၂၀၂၀ မှ ၂၀၂၄-၂၀၂၅ ထိ) ကို ရေးဆွဲခဲ့ပြီး၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ပါ လုပ်ငန်းစဉ်တစ်ခု ဖြစ်သော “ရေဝပ်ဒေသများအား အကျိုးရှိစွာအသုံးချခြင်း သရုပ်ပြလုပ်ငန်း (Demonstration of Wise-Use Activities)” များကို စီမံကိန်း၏ ရံပုံငွေ အထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှ စတင် ၍ ဆောင်ရွက်ခဲ့ပါသည်။

၇-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၃)လမ်းဆုံ၊ အမြန်လမ်းရဲစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် (၁၉/၀)အနီး၊ ယာဉ်အမှတ် YGN 2D/5892 ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၁)ချောင်း (၁.၅၄၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ချောင်းမငယ် ချောင်းဘေး၊ ဥသျှစ်ခုံအနီးတွင် တရားမဝင် ပျဉ်းကတိုး ခွဲသား (၂၉၈၉)ချောင်း (၇.၆၅၂၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရွှေဝန်းသီတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ အောင်သိန္ဒိကျောင်းတိုက်အနီး မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၈)ချောင်း (၃.၁၄၅၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၅-၅-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာအမှတ်(၁) ဘုန်းကြီးကျောင်း၏ အနောက်တောင်ဘက် ရိုးအနီးမှ တရားမဝင် သံသေ/ ကြို့/ ခူသန်/ ပျဉ်းကတိုး သစ်/ ခွဲသား (၇၁)လုံး/ချောင်း (၃.၆၃၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၅-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပုလဲမြို့နယ် ဦးစီးအရာရှိ ဦးဆောင်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက် မြို့နယ်၊ တန့်ကြီးတောင်ကြိုးဝိုင်း အကွက် (၅၇)၊ လယ်မကျေးရွာအနောက်မြောက်ဘက် (၃)မိုင်ခန့် အကွာ၊ မဲချောင်းတောတိုက် အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/နဘဲ/ကုက္ကို ခွဲသား (၁၂၁) ချောင်း (၂.၉၉၃၄)တန်၊ သစ်စက် (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကော်စီနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်ဝေး-ကံလှ-သစ်ပုတ်ပင်လမ်း၊ ရှမ်းစုရွာအနီးမှ တရားမဝင် ကျွန်းသစ်/ လုံးပတ်၃ပေအောက်ကျွန်းသစ် စုစုပေါင်း (၃၂)လုံး (၂.၀၉၀၀)တန်အား ဆိုင်ကယ်(၁၀)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages