Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၆-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တိုင်းစစ်ကြောင်းအဖွဲ့၊ မဟာမြိုင်ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်းအတွင်း တရားမဝင်ကညင်/သစ်ယာသစ် (၁၃)လုံး (၁၃.၅၆၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မကျီးပင်ကျေးရွာမြောက်ဘက်(၁)မိုင်ခန့်အကွာ မဲဇာချောင်းဘေးနေရာ၌ တရားမဝင်ကျွန်း/အင်သစ်/ခွဲသား(၂၃၉)လုံး/ချောင်း (၂၅.၁၈၁၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်အတွင်း တရာမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ခြင်းဆောင်ရွက်လျှက်ရှိရာ ကြီးလေးကြီးလမ်းပေါ် ဇလုတ်ကြီး ကျေးရွာအနီး ပဲခူးမြို့ဘက်မှ မောင်းနှင်လာသော အဖြူရောင် (SKAT)ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် နောက်ကြောင်းပြန်လှည့်၍ ပဲခူးမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးရာ နိုးဖတောကျေးရွာ အနီးတွင် တရားမဝင်သစ်များအား နောက်လှန်ချထွက်ပြေးသွားခဲ့ပြီး ဆက်လက်လိုက်ပါဖမ်းဆီးနိုင်မှု မရှိတော့ပါသဖြင့် လှန်ချထားရှိခဲ့သော တရားမဝင်ကျွန်းခွဲသား(၉၄)ချောင်း (၄.၂၃၈)တန်အား ဖမ်းဆီးရမိ ခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်း၊ အင်ဂျစ်ကျေးရွာအနီးဝန်းကျင်နေရာများမှ တရားမဝင်ကြေးလံ/လောက်ယား/ စကားဝါ/ ဆေးခါးသစ်/ခြမ်း(၉၃)လုံး/ခြမ်း (၈၀.၆၆၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်တီ(၂/၂၀၁၉) အစည်း အဝေးအား (၂၉-၁၀-၂၀၁၉) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ပါသည်။ အမှာစကားပြောကြားရာတွင် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသား အဆင့်ကော်မတီကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁/၂၀၁၉ အစည်းအဝေးအား (၂-၂-၂၀၁၉) ရက်နေ့တွင် အင်းလေးကန်၌ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်း အမှတ်အခမ်းအနားနှင့် တစ်ဆက်စပ်တည်းကျင်းပခဲ့ပြီး၊ ယနေ့အစည်းအဝေးသည် သတ္တမအကြိမ် ကော်မတီအစည်းအဝေးဖြစ်ကြောင်း၊

၂၈-၁၀-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ခလရ (၁၄၃)မှ ဗိုလ်မှူးမျိုးမင်းသန့် ဦးစီးစစ်ကြောင်းမှူးပါတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောအကွက်(၆၅)၊ ဟိုဖကျေးရွာအရှေ့ဘက်၊ ဟိုဖ-လယ်တောရွာသွားလမ်းဘေးဝဲယားနေရာ၌ တရားမဝင်ကျွန်းသစ် (၁၇၉)လုံး (၇၀.၁၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၇-၁၀-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ဧရာဝတီတံတားပေါ်၌ မော်တော်ယာဉ်အမှတ် (Q/2482) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား(၁၄၈)ချောင်း (၇.၁၃၇၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မော်တော်ယာဉ်အား သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းအပ်နှံရေးဆောင်ရွက်လျက်ရှိပါသည်။

၂၅-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တာယာဘီးတပ်လှည်း(၂)စီးပေါ်မှ တရားမဝင်ကျွန်းသစ်(၇)လုံး (၅.၁၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages