၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၆-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မှော်ဘီ/သင်္ဃန်းကျွန်း/အင်းစိန်/အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၀/၇)၊ Toll Gate တွင်မော်တော်ယာဉ် အမှတ် (8I/2768) Super Custom(အဖြူ/ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၈)ချောင်း (၁.၃၇၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ တဲကြီးကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်ခွဲသား(၃၆၄)ချောင်း (၅၅.၈၃၄၄) တန်အား တာယာဘီးတပ်လှည်း(၅)စီးနှင့်အတူ တရားခံ(ခြံဝန်းပိုင်ရှင်)(၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ရတစကခ(၇)မှ ဗိုလ်မှူးကျော်ထွေး ဦးစီးသော ရှေ့တန်းစစ်ကြောင်းမှ တပ်မတော်သားများသည် နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ(၈၀၀)ခန့်နေရာ၌ မော်တော်ယာဉ်(၃၃)စီးအားဖမ်းဆီးရမိခဲ့ပြီး ၁၄-၃-၂၀၂၀ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နောင်ကောက်ကျေးရွာ အုပ်စု၊ နောင်ကောက်ကျေးရွာအနီး၊ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးနှင့် မိုင်းဝန်းချောင်းဘေး နေရာများမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်ခွဲသား (၇၄၁)ချောင်း(၁၃.၆၆၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

“ KFS-REDD+ ” စီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးလက်မှု သင်တန်းဆင်းပွဲအခမ်းအနားအား ၁၇-၃-၂၀၂၀ ရက်နေ့၊ (၁၄:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့် ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် သစ်တောအရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာဟောင်းအနီးတွင် တရားမဝင်ကျွန်းခွဲသား (၇၅)ချောင်း (၇.၄၀၂၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၃-၂၀၂၀ ရက်နေ့မှ ၁၄-၃-၂၀၂၀ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခမ်းပတ်မြို့နယ်၊ နယ်မြေတပ်ရင်းမှ ဗိုလ်ကြီးကျောက်သက်အောင်ပါ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်အမှတ် (၁၃၇၊ ၁၃၈)အတွင်း တရားမဝင်ကညင်သစ်လုံး (၄၉)လုံး (၃၅.၇၁၈)တန် ၊ကညင်ခွဲသား (၁၂၈)ချောင်း (၂၇.၉၁၃)တန် စုစုပေါင်း (၆၃.၆၃၁)တန်နှင့် တစ်လုံးထိုး(ပြောင်းချော)လက်လုပ်သေနက်(၁)လက် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်

၁၄-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြေးစီရွာ၏ အရှေ့တောင်ဘက်(၁)မိုင်ခန့် အကွာနေရာ၌ တရုတ်နီအင်ဂျင်(18Hp)(ANEC)(၁)လုံး သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ဘင်္ဂ၊ နှော၊ ပျဉ်းကတိုး၊ သစ်ယာ၊ ဖက်ဝန်း၊ မျောက်ချော၊ ဇင်ပြွန်းသစ်/ခွဲသား (၁၇၃)လုံး/ချောင်း (၁၁.၉၆၈၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages