Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၃-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ တုံးကျေးရွာ၏ တောင်ဘက်(၂)မိုင်ခန့်အကွာ၊ တုံကျွန်းမှ တရားမဝင် ကျွန်း/ သစ်ယာခွဲသား (၃၆)ချောင်း (၉)တန်နှင့် မဲတင်းခါးဝါး (၂၀၀)လုံးအား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၊ ၂၅ ရက် နံနက် ၁၁ နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ သစ်တောကဏ္ဍ ဆိုင်ရာ Geodatabase တည်ဆောက်ခြင်းလုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သစ်တော ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်တောနယ်မြေများ (ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ)၏ နယ်နိမိတ်များအား စိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ သစ်တောနယ်မြေများ၏ GIS Shapefile၊ အမိန့်ကြော်ငြာစာများ အပါအဝင် အခြားဆက်စပ် သတင်းအချက်အလက်များ ပါဝင်သည့် Spatial Database တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကနဦးဆန်းစစ်ခြင်းများတွင် တွေ့ကြုံရ သည့်အခက်အခဲများ၊ ဆုံးဖြတ်ချက်များ၊ စီမံအုပ်ချုပ်မှု များ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည့်စုံ၍ မှန်ကန်တိကျပြီး (complete and accurate) အချိန်နှင့်တပြေးညီ (Updated)ဖြစ်သော သစ်တောကဏ္ဍဆိုင်ရာ သတင်းအချက် အလက်များအား စုစည်းပြုစုပြီး Web based portal တစ်ခုအဖြစ် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

Dalbergla မျိုးစိတ်များအား CITES Appendix II သို့ စာ ရင်းထည့်သွင်းခြင်း အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၇) အားအစားထိုးပြင်ဆင်သည့်အမိန်ကြော်ငြာစာ

၂၂-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းအကွက်အမှတ်(၁၁၊ ၁၃)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုး/ကညင်/ ရုံးခွဲသား (၆၉)ချောင်း (၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဝန်ထမ်းများ၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်စဉ် မိုးနဲမြို့နယ် (ပူးတွဲ)မောက်မဲမြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခွဲခန့်အကွာမှ တရားမဝင် ကျွန်းခွဲသား/ ကျွန်းတံခါးချပ်/ အင်ခွဲသား (၁၇)တန်ခန့်အား မော်တော်ယာဉ်(၃)စီးပေါ်မှ တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ စစ်ပင်ရပ်ကွက်၊ ပန်းပဲတန်းနယ်မြေ၊ ဘူတာသွားလမ်းနှင့် ကမ်းနားသွားလမ်းနေရာရှိ ခြံဝင်းအတွင်းသို့ သတင်းအရ သွားရောက်ဖမ်းဆီးရာ ခြံဝင်းအတွင်းရှိ မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရေးအဖွဲ့မှ လိုက်လံဖမ်းဆီးရာ အလုံဘူတာအနီး လမ်းပေါ်တွင် စက်ရပ်မထားဘဲ ရပ်တန့်၍ ယာဉ်မောင်းထွက်ပြေးသွားပြီး မော်တော်ယာဉ် အား ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ်အမှတ်မပါ DONG FENG စက်မှုဖုန်ထုတ်ဖြူ/စိမ်းကြား(၆)ဘီးယာဉ်ပေါ်မှ လုံးပတ်(၃)ပေါအောက်အင်သစ်(၄၄)လုံး(၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် မုံရွာမြို့၊ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၉)အတွင်း၊ ညောင်ခြေထောက်ရွာ အနောက်ဘက်(၁)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်းခွဲသား (၁၂၅)ချောင်း (၁၃)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့ရှောင်လမ်း၊ ဟိုကျယ်ကျေးရွာအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (6L/1436) ALPHARD (၄)ဘီး (ငွေရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးရွက်ဆိုဒ်စုံ (၄၁) ချပ် (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages