၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၇-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မှုခင်းအကူတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သီရိမာလာအနောက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောင်မြေသာစံမြို့နယ်၊ (၂၅x၂၆) လမ်းကြား၊ သင်္ဂဟာချောင်းဘေး မော်တော်ယာဉ်အမှတ်(MDY-2B/2189)TOYOTA ဒိုင်နာ(၆)ဘီး အစိမ်းရောင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၃)ချောင်း (၂.၁၇၁၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်အမှတ်(၄၂၊၁၂၁၊၁၂၃၊၁၂၄၁၂၅)နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား (၁၆၃)လုံး/ချောင်း (၂၄.၄၉၁၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး၏ သတင်းချပြမှု့အရ မြန်မာ့တပ်မတော်၊ စကခ(၃)မှ ဗိုလ်မှူးကြီးစိန်လင်း ဦးဆောင်သော စစ်ကြောင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ဆထုံးနယ်မြေ၊ ဘွန်တောင်ကျေးရွာအနီးတွင် တရားမဝင်သစ်များတွေ့ရှိသဖြင့် အကြောင်းကြားလာရာ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် အဆိုပါနေရာသို့ ရောက်ရှိပြီး တပ်မတော်စစ်ကြောင်းမှ ဗိုလ်မှူးကြီးစိန်လင်း အဖွဲ့နှင့်ပူးပေါင်းဖမ်းဆီးခဲ့ရာ တရားမဝင်သစ်လောက်ယား/စကားဝါသစ်လုံး ခန့်မှန်း(၁၅၀၀)လုံးခန့် ဘန်းဆော(၂)လုံး၊ သစ်တင်ကရိန်းကား(၁)စီး၊ သစ်တင်ထားသော (၁၂)ဘီးကား(၁)စီးနှင့်အတူ တရုတ်နိုင်ငံသား (၁)ဦး၊ မြန်မာနိုင်ငံသား (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရမိသစ်များအား တိုင်းတာစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကွန်းတောကျေးရွာ၏ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာနှင့် နမ့်မဲကြိုးဝိုင်းအကွက်အမှတ် (၁၄)နေရာတို့မှ တရားမဝင် ကျွန်းသစ်/လုံးပတ်၃ပေအောက်ကျွန်းသစ် (၄၆)လုံး (၈.၇၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ကံကြီးရွာအနောက် တောင်ဘက် (၃)မိုင်ခန့်အကွာ၊ နေရဥ္ဇာချောင်းအနီး၊ ကံကြီးရွာတောင်ဘက် (၃.၅/၃)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/နှော ခွဲသား (၃၁၅)ချောင်း (၁၄.၆၂၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှ မြို့နယ်၊ ကုန်းကြီးကျေးရွာအရှေ့ဘက် (၂)မိုင်ခန့်အကွာနှင့် (၆)မိုင်ခန့်အကွာ၊ ဝင်းရှင်လယ်တောတိုက်၊ အောင်ပင်ကျေးရွာ အရှေ့ဘက်(၁၀)မိုင်ခန့်အကွာ၊ နန်းကြီးသာကြိုးပြင်ကာကွယ်တောအတွင်း တရုတ်ဆိုင်ကယ် (၅)စီးပေါ်မှ တရားမဝင် အင်/တမလန်း/လုံးပတ်၃ပေအောက်အင် သစ်/ခွဲသား/ခွဲခြမ်း (၆၁၉)လုံး/ချောင်း/ခွဲခြမ်း (၆၁.၁၇၆၀)တန်နှင့်အတူ ချိန်းဆော (၁)လက်၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်း(၉)မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၃၉.၄၇၇၅)တန်၊ သစ်မာ(၁၁၉.၈၁၇၄)တန်၊ အခြား (၄၂၉.၄၃၂၄)တန်၊ စုစုပေါင်း(၇၈၈.၇၂၇၃)တန်၊ တရားခံ(၆၁)ဦး၊ ယာဉ်/ယန္တရား(၄၄)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မြို့မဘိနယ်၊ အမှတ်(၃)ရပ်ကွက် လူမနေသောခြံဝင်း အတွင်းမှ တရားမဝင် သစ်ယာ/အင်ကြင်း/အင်/ဖန်ခါး ခွဲသား(၈၈၆)ချောင်း (၃၃.၄၄၉၈)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်သည်-

၁၅-၃-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကော့ကရိတ်ခရိုင် တရားမဝင် ကုန်စည် တားဆီးကာကွယ်ရေးအဖွဲ့မှ ခရအမှူးပါဝင်သောတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စကခ(၁၂)မှ ဒုဗမက မင်းထင်အောင်ပါ တပ်မတော်သားများ၊ ခလရ(၂၃၁)မှ ဗက ဟန်မင်းထက်ပါ တပ်မတော်သားများ၊ ယထရစု(၁)မှ တပ်မတော်သားများ၊ မြို့နယ်လဝကမှ ဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမဘေး၊ ကျိုက်ဒုံသွားလမ်းပေါ်မှ မော်တော်ယာဉ်အမှတ် (KYN 8H/7203) NISSAN UD (၆)ဘီး(စိမ်း/ပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်သင်္ဂဒူခွဲသား(၅၂၉)ချောင်း (၁၀.၀၄၂၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages