၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးသွားကားလမ်းဘေးမှ မော်တော်ယာဉ် အမှတ် (ဒ-၁၅၆၈) ဟီးနိုးခေါင်းရှည် ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၁၄)ချောင်း (၁)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၇-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၅)အနီး နေရာ၌ မသင်္ကာဖွယ် လူမရှိဘဲရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(MDY 9H/6574) (TOYOTA Alphard) (အဖြူရောင်) ယာဉ်အား စစ်ဆေးရာ တရားမဝင်ပိတောက်ဓါးရွေ(၂၉)ချောင်း (၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRSဖြင့် သတင်းပေးပို့ချက်အရ ၁၇-၆-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပရပ်ကွက်၊ အိမ်အမှတ် (၂၃၁၂၁၊ ၂၃၁၂၃) ခြံဝန်းအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်(၅၆၅)ချောင်း (၃)တန်၊ လွှဝိုင်း(၁)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တရားခံ(၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ လောင်ထောင်ကြိုးဝိုင်းအကွက်အမှတ်(၅)အတွင်း ပန်းအေးတောင်ချောင်း၏ အရှေ့မြောက်ဘက် (၁)ဖာလုံခွဲခန့်အကွာမှ တရားမဝင် ကျွန်းသစ်လုံး (၁၀)လုံး (၆)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၄-၆-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကန်ပက်လက်မြို့နယ်၊ ကြက်မောက်တောင်ကြိုးဝိုင်းအကွက်အမှတ် (၂၅၊၂၇)အတွင်းမှ တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲသားဆိုဒ်စုံ (၁၄၃)လုံး/ချောင်း (၅)တန်အား CMRS သတင်းအရ ကြက်မောက်တောင်ကြိုးဝိုင်းအတွင်း လှည့်လည်စစ်ဆေးခဲ့ရာ ပိုင်ရှင် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ အိုင်တောင်(တောင်)ဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်ခွဲသား (၁၁၄၇)ချောင်း (၁၅)တန်အား စက်လှေ(၃)စီနှင့်အတူ သတင်းအရသွားရောက်ဖမ်းဆီးစဉ် ပိုင်ရှင်တစ်ဦး တစ်ယောက်မျှ မတွေ့ရှိရသောကြောင့် ပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးပြီး သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်အတူ တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု ရေရှည်တည်တံ့စေရေး မြှင့်တင်ခြင်းစီမံကိန်း (၂၀၁၅−၂၀၂၀)”၏ စီမံကိန်းဘုတ်အဖွဲ့ သတ္တမအကြိမ်မြောက် အစည်းအဝေး ကို (၁၉-၆-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီး ဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ်၊ အင်းလေးကန်ရေဝေရေလဲဒေသအတွင်းရှိ တောင် ကတုံးများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေသတ္တုတူးဖော်ခြင်းကြောင့် သစ်တောပြုန်းတီးနေ သော နေရာ(၉)နေရာတို့တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခြင်းကို (၁၉-၆-၂၀၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

Pages