Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁-၇-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် ကနီမြို့နယ်၊ ပင်ထောင်ကြိုးဝိုင်း အကွက်အမှတ်(၁၂) ဖလံပင်ချောင်းဖျား၊ လာပို့ကျေးရွာမှ စိုင်တဲသွားလမ်းဘေးနေရာအနီးဝန်းကျင် နေရာများ၌ တရားမဝင်ကျွန်း/ပိတောက်/ပျဉ်းကတိုး/အင်ကြင်း/နှော/ဂျီယုတ်သစ်/ခွဲသား (၅၁)ချောင်း (၃)တန်နှင့် နွား(၁၀)ကောင်၊ လှည်း(၆)စီး၊ တရားခံ(၆)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၆-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ ဆင်ဦးစီးများပါဝင်သည့် ဥယျာဉ်ထိန်းသိမ်းရေးအဖွဲ့မှ ဥယျာဉ်ဧရိယာအတွင်း ကင်းလှည့်စစ်ဆေးခြင်း ပုခက်ချောင်းရေဝေဒေသနေရာပတ်ဝန်းကျင်ဧရိယာတစ်ဝိုက်တွင် ခုတ်လှဲထားသော ပျဉ်းကတိုးသစ်ပင်(၁၆)ပင်နှင့် သစ်ယာသစ်ပင်(၄)ပင်စုစုပေါင်း (၂၀)ပင်တို့အား ခုတ်လှဲထားသည့် ငုတ်ရင်းနေရာတို့အတိုင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းင်းသစ်ပင်တို့အား (၁၈ပေ)အရှည် (၁၅ပေ)အရှည်၊ (၁၂ပေ)အရှည်နှင့် (၉ပေ)အရှည်ရရှိနိုင်သည့်အနေအထားဖြင့် လုံးပတ်အရွယ်အစားတိုင်းတားခဲ့ရာ ပျဉ်းကတိုးသစ်(၃၀)လုံး၊ သစ်ယာသစ်(၆)လုံး စုစုပေါင်း (၃၆)လုံး (၂၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၆-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရတပ်စုမှ ဗိုလ်ကြီးအောင်ပြည့်ဖြိုးဦးပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ စပါးထချောင်း(ဒေသအခေါ်)ဝဲကြီးဒေါင့်နေရာ၌ တရားမဝင်ကညင်/တောင်သရက်ခွဲသား (၅၀)တန်ခန့်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများနှင့်အတူ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၁.၂၃၉၄)တန်၊ သစ်မာ(၅၄.၃၅၃၀)တန်၊ အခြား (၁၅၃.၉၅၂၆)တန်၊ စုစုပေါင်း(၃၁၉.၅၄၅၀)တန်၊ တရားခံ(၅၂)ဦး၊ယာဉ်/ယန္တရား(၅၀)စီး ဖမ်းဆီး ရမိခဲ့ပါသည်-၊ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သံပေါက်ဘိနယ်၊ စမြင်ငယ်ချောင်းဘေးနှင့် မြောင်း ဇင်းချောင်းဘေးအနီးတဝိုက်နေရာများမှ တရားမဝင် အင်/ကညင် သစ်လုံး/ခွဲသား (၁၁၈)လုံး/ ချောင်း(၂၄.၁၃၀၆)တန်၊တာယာဘီးတပ်လှည်း(၂)စီးတို့အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၉-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့နယ်၊ ကိုင်းတောစုကျေးရွာနေ ဦးတင်သောင်း၏ အိမ်ခြံဝန်းနှင့် လယ်ကွင်း စပ်ကြားမှ မော်တော်ယာဉ်အမှတ်-9K-4008 လိမ္မော်ရောင်(၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၉)ချောင်း (၅)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ရေဖြူကျေးရွာ၏ အရှေ့မြောက်ဖက် (၂)မိုင်ခန့် အကွာတောအတွင်း၊ ဘုတလက်ချောင်းအနီးတွင် မော်တော်ယာဉ်အမှတ်-YGN-8G/7491 CANDA ဖြူပြာကြား ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၁)ချောင်း (၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူး ကြိုးဝိုင်းအကွက်အမှတ်(၈၁၊၈၂)၊ ယူးချောင်းအနီးဝန်းကျင်နေရာများမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၉၃၁)လုံး/ချောင်း (၁၁)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီရိဘက်စုံကုမ္ပဏီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်းမိုင်တိုင် (၇၃/၆)၊ ခပေါင်းကြိုးဝိုင်းအကွက် အမှတ် (၆၃၊၉၅)နေရာများမှ တရားမဝင် ကျွန်းသစ် (၃၄)လုံး (၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages