၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၉-၁၂-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တပ်မတော်ရေမှ ဗိုလ်ကြီးသန့်ဇင်ဦး ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သန်လျင်မြို့နယ်၊ မုတ္တမပင်လယ်၊ သုံးခွမြို့နယ်၊ အရှေ့တောင်ဘက်(၁၈)မိုင်ခန့် အကွာနေရာ၌ စက်လှေ(၂)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၂၁၀)ချောင်း (၃၅.၉၇၂၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအကွက်အမှတ်(၃၆၊ ၃၇၊ ၁၁၂)အတွင်း တရားမဝင် ကျွန်း/ပျဉ်းကတိုး/တောင်သရက်/မအူ/အင်ကြင်းသစ်/ခွဲသား (၁၉၈)လုံး/ချောင်း (၁၅.၈၈၃၀)တန်နှင့် လက်ကိုင်လွှစက်(၂)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၁/၀)၊ မြို့ဟောင်းရွာသွားလမ်းဆုံအနီးနေရာ၌ မော်တော် ယာဉ်အမှတ် (MDY 5B/4678) ရှမ်းမင်းသားခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ တရားမဝင် တမလန်း/ ပိတောက်ခွဲသား/ဓါးရွေ (၄၉)ချောင်း (၁.၀၄၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၆-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သန္နီမြို့နယ်ခွဲ၊ ရေပူစစ်ဆေးရေးစခန်းရှောင်ကွင်းလမ်း၊ ပန်စုံကျေးရွာအရှေ့ဘက်နေရာ၌ မော်တော်ယာဉ် အမှတ် (MDY 7F/4915) MARK II (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်တမလန်း/ပိတောက်ဓါးရွေ (၃၀)ချောင်း (၀.၃၂၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၇၆)မှ ဗိုလ်ကြီးမင်းသိန်းခန့်ပါ တပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်လိုင်ကြိုးဝိုင်းအကွက်အမှတ်(၉)အတွင်း တရားမဝင် Chang Chai (၃၂)ကောင်အင်ဂျင်၊ JIENENG (၂၂)ကောင်အင်ဂျင်ပါဝင်သော သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/သစ်ယာသစ်/ခွဲသား (၄၄၁)လုံး/ချောင်း (၁၇.၄၈၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၁၂-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၊ ထန်းကန့်လန့်ချောင်းဘေးနေရာ၌ တရားမဝင်ဂျင်ဒေါင်းအင်ဂျင်(၁)လုံးပါ သစ်စက် ဆက်ပစ္စည်းများနှင့်အတူ တရားမဝင်သစ်ပုတ်သစ်/ခွဲသား (၁၄၀)လုံးချောင်း(၂.၃၇၆၃) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၉၄.၇၇၅၂)တန်၊ သစ်မာ(၁၅၅.၄၆၈၇)တန်၊ အခြား (၂၆၈.၉၉၇၇)တန်၊ စုစုပေါင်း(၆၁၉.၂၄၁၆)တန်၊ တရားခံ(၅၀)ဦး၊ ယာဉ်/ယန္တရား(၆၀)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘားကျေးရွာအနီးမှ တရားမဝင် ကညင်/ကဒွတ်ခွဲသား (၁၉၇)ချောင်း (၃၅.၈၉၂၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာ (MoU) အရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် Wildlife Crime Control ကိစ္စအား ထည့်သွင်းခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မည့် Nodal Point များ သတ်မှတ်ကာ Nodal Points အစည်းအဝေးများကို အလှည့်ကျ ကျင်းပလျက်ရှိရာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ အင်္ဂါနေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ သစ်တောဦးစီးဌာနတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါသည် အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်(၁၀)ဦး၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၊မြန်မာနိုင်ငံ အစီအစဉ်မှ ကိုယ်စားလှယ်(၁)ဦး၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (WWF)၊ မြန်မာနိုင်ငံအစီအစဉ်မှ ကိုယ်စားလှယ်(၂)ဦး၊ အိန္ဒိယနိုင်ငံ၊ Ministry of Environment၊ Forests and Climate Change မှ ကိုယ်စားလှယ်(၂)ဦးနှင့် အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မြို့မှ ကိုယ်စားလှယ်(၁)ဦး စုစုပေါင်း(၁၆)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Pages