Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၂၀-၄-၂၀၂၀)ရက်နေ့ (၁၅း၅၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ အင်တောမြို့အနောက်ဘက်(၂) မိုင်ခန့်အကွာ ဒီးဒုတ်ချောင်းအနီး နေရာမှ တရားမဝင်အင်ကြင်းခွဲသား (၁၆၃) ချောင်း (၃. ၂၁၂၆) တန်အား ဖမ်းဆီးရမိခဲ့ပြီး
ဖမ်းဆီးပစ္စည်းများအား အင်တော (၁) ဘိနယ် စခန်းသို့ သယ်သူသိမ်းဆည်း၍ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၆၊ ၁၂၈)အတွင်း တရုတ်နီအင်ဂျင် (၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ပျဉ်းကတိုးသစ်/ခွဲသား (၈၁)လုံး/ချောင်း (၁၁.၁၅၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၀-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မကျီးပင်ကျေးရွာ မြောက်ဘက်(၂)မိုင်ခန့် အကွာ နေရာမှ တရားမဝင်ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် စုစုပေါင်း (၂၉)လုံး(၅.၃၁၀)တန် အား ဖမ်းဆီးရမိရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအားဦးမြင့်အောင်ယာတဲနှင့် မကျီးကျေးရွာ တာဝန်ခံထံသို့ သယ်ယူအပ်နှံပြီးဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁၉-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ပေါက်ခေါင်းမြိုနယ်၊ ဆင်ဂေါင်းအုပ်စု၊ ဆင်ဂေါင်းကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာနှင့် ထုံးတောင်အုပ်စု၊ ဇလွန်စမ်းရွာ၏ မြောက်ဘက် (၂)မိုင်ခန့် အကွာနေရာတို့မှ တရားမဝင် ကျွန်းသစ်/ခွဲသား/ခြမ်း (၂၃)လုံး/ချောင်း/ ခြမ်း (၄.၂၃၆၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၄-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာန၊ ဦးစီးအရာရှိ ဦးထွန်းသန်းဦး ဦးဆောင်သောအဖွဲ့ နှင့် နေပြည်တောင်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၂၄)၊ နေပြည်တော်-တောင်တွင်းကြီး ကားလမ်း(၂၈/၀)မိုင်အနီး မော်တော်ယာဉ် အမှတ် (MDY 1M/7562) LIFAN A6၊ (MDY 4P/7195) FORLAND ယာဉ်(၂)စီးပေါ်မှ တရားမဝင် ဇောင်းပလွေး/သက်ရင်းကြီး/ဒီးဒူး/ချဉ်ယုတ်/ဂွေးထင်း (၆.၃၇၅၆)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တကောင်း(၁)ဘိနယ်၊ တကောင်း-မြတောင်သွားကားလမ်းအရှေ့ဘက်ကျွဲကူးကန်အနီးမှ တရားမဝင် အင်သစ် (၁၂)လုံး (၆.၂၉၄၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည်၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းဖွဲ့သည် လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအကွက်အမှတ်(၁၀၂)အတွင်း မော်တော်ယာဉ် အမှတ် (MGY-2B/8609) FUSO အဖြူရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား (၇၁)ချောင်း (၅.၆၀၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၉-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ကြန်ကာလရုံးပတ်ရက်အတွင်း ပုသိမ်မြို့နယ်၊ ချောင်းသာကြိုးဝိုင်းအကွက်အမှတ်(၁၂) (ဒေသအခေါ်)တောင်ပေါက်ကြီး အနီးနေရာမှ တရားမဝင် မကျီးပွေး/ ဘောင်ဆန့်သစ်လုံး/ လုံးပတ် ၃ပေအောက် မကျီးပွေး/ ဘောင်ဆန့်သစ် (၁၇)လုံး(၃.၁၇၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

Pages