၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၉၄.၇၇၅၂)တန်၊ သစ်မာ(၁၅၅.၄၆၈၇)တန်၊ အခြား (၂၆၈.၉၉၇၇)တန်၊ စုစုပေါင်း(၆၁၉.၂၄၁၆)တန်၊ တရားခံ(၅၀)ဦး၊ ယာဉ်/ယန္တရား(၆၀)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘားကျေးရွာအနီးမှ တရားမဝင် ကညင်/ကဒွတ်ခွဲသား (၁၉၇)ချောင်း (၃၅.၈၉၂၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာ (MoU) အရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် Wildlife Crime Control ကိစ္စအား ထည့်သွင်းခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မည့် Nodal Point များ သတ်မှတ်ကာ Nodal Points အစည်းအဝေးများကို အလှည့်ကျ ကျင်းပလျက်ရှိရာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ အင်္ဂါနေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ သစ်တောဦးစီးဌာနတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါသည် အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်(၁၀)ဦး၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၊မြန်မာနိုင်ငံ အစီအစဉ်မှ ကိုယ်စားလှယ်(၁)ဦး၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (WWF)၊ မြန်မာနိုင်ငံအစီအစဉ်မှ ကိုယ်စားလှယ်(၂)ဦး၊ အိန္ဒိယနိုင်ငံ၊ Ministry of Environment၊ Forests and Climate Change မှ ကိုယ်စားလှယ်(၂)ဦးနှင့် အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မြို့မှ ကိုယ်စားလှယ်(၁)ဦး စုစုပေါင်း(၁၆)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) နှင့် သားငှက်ထိန်းသိမ်း ရေးအဖွဲ့(WCS) တို့သည် ၂၃-၆-၂၀၁၅ ရက်နေ့မှ ၂-၆-၂၀၂၀ ရက်နေ့အထိ (၅)နှစ်သက်တမ်းရှိ Project Document အား လက်မှတ်ရေးထိုး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Global Environmental Facility-GEF) ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်တည်တံ့ရေး စီမံအုပ်ချုပ်မှု မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် ကြီးကြပ်နိုင်ရန် အတွက် မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်တည်တံ့စေရေး စီမံ အုပ်ချုပ်မှုမြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း (GEF-5) ဘုတ်အဖွဲ့၏ ဆဌမအကြိမ်အစည်းအဝေးကို ၁၆-၁၂-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စရဖ ဗိုလ်ကြီး မျိုးသန့်ဇင် ဦးဆောင်သောအဖွဲ့၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘောလခဲမြို့နယ်၊ ခရိုင်/ထွေအုပ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ မော်တော်ယာဉ်အမှတ် (KYH/Q/5151) (HINO (၆)ဘီးအစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင် အင်/အင်ကြင်း/သစ်ယာ ခွဲသား (၇၅)ချောင်း (၁.၆၀၉၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအကွက်အမှတ်(၅၊ ၁၄၊ ၄)နေရာတို့မှ တရားမဝင် ကျွန်းသစ်/ခွဲသား (၅၀)လုံး/ချောင်း (၅.၇၇၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ၏မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ကံထူးမ-အင်ပင်အိုင် ကျေးရွာချင်းဆက်လမ်း၏ အရှေ့ဘက်နေရာတို့မှ တရားမဝင် ကျွန်း/တမလန်း/သစ်ယာ/အင်ကြင်း/အင် သစ်/ခွဲသား (၂၉၉)လုံး/ချောင်း (၉.၄၄၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သပိတ်ကျင်းတပ်နယ် အမှတ်(၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူး ငြိမ်းချမ်းစိုး ဦးဆောင်သောအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကြိုးဝိုင်းအကွက်အမှတ်(၇)နေရာမှ တရားမဝင် အင်/ပျဉ်းမ/သစ်ဆိမ့်သစ် (၁၇)လုံး (၈.၄၇၆၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မယားသာကျေးရွာ၏အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာနှင့် သစ်ချို ကျေးရွာ၏အနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် အင် သစ်/ခွဲသား (၃၃၁)လုံး/ ချောင်း (၁၃.၈၅၇၂)တန်၊ လုံးပတ်၃ပေအောက်အင်သစ် (၂၆)လုံး (၃.၀၇၈၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages