Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မအူပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ၊ ဘုရားလေးဆိပ်၊ တိုးမြစ်ကမ်းနားဘေးနေရာ၌ တရားမဝင်တောင်သရက်ခွဲသား (၁၀၅)ချောင်း (၂၂.၂၁၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက်ဖြင့် ၁၅-၅-၂၀၁၉ ရက်နေ့တွင် မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် မုံရွာမြို့နယ်၊ ကျောင်းစုရွာ၏ အနောက်ဘက် (၁)မိုင်ခွဲခန့်အကွာနေရာ၏ အနီးဝန်းကျင်တွင် တရားမဝင်အင်သစ်လုံး/ ခွဲခြမ်း/ခွဲခြမ်းစိပ်/ခွဲသား (၃၅) လုံး/ချောင်း/ခြမ်း (၁၆.၉၈၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းနှင့် သာယာဝတီမင်းကြီးလမ်းကြား၊ (၆၇)လမ်းနေရာတွင် မော်တော်ယာဉ်အမှတ်(SHN 3C/3742) ပေါက်ရွှေပြည်မှန်လုံယာဉ်နှင့် မော်တော်ယာဉ်အမှတ်(SHN 5C/6155)ပေါက်ရွှေပြည်မှန်လုံယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက် ခွဲသား (၁၅၁) ချောင်း (၃.၀၀၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများ အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

၁၃-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ရွာ မြောက်ဘက် ဘောလုံးကွင်းအနီးမှ မော်တော်ယာဉ်အမှတ် (၃ခ/၆၇၀၃) UD Nissan Diese (၆)ဘီး (အဖြူရောင်)နှင့်မော်တော်ယာဉ်အမှတ်(MDY 8286 Canter) (ဖြူပြာကြား)(၆)ဘီးတို့ပေါ်မှ တရားမဝင် သစ်ယာ/ပျဉ်းကတိုးခွဲသား (၄၆၁)ချောင်း (၆.၉၅)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဆောင်သော ရွှေစာရေးစစ်ကြောင်း ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ညောင်သူများ ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် ကျွန်း/အင်/ကညင်/သစ်ယာ/ လုံးပတ် (၃)ပေအောက် ကျွန်း/ပျဉ်းကတိုး (၂၇၄) လုံး/ချောင်း (၃၆.၃၅၈၂)တန် ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၅-၅-၂၀၁၉ ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား Amimoto Keisuke (Economie and Development Assistancd Section)Embassy of Japan, Yangon, Myanmar မှ လာရောက်တွေ့ဆုံ၍ CoP17 အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဆင်စွယ်ဈေးကွက်/ အရောင်းဆိုင်များ ပိတ်သိမ်းရန်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အာဖရိကတိုက်ရှိ နိုင်ငံ(၉)နိုင်ငံမှ CoP18 တွင် ထပ်မံဆွေးနွေးရန် အဆိုပြုလာခြင်းအပေါ် ဂျပန်နိုင်ငံမှ တင်သွင်းမည့် ကန့်ကွက် ကြောင်းသဘောထားအဆိုပြုလွှာအပေါ်တွင် မြန်မာနိုင်ငံ၏ သဘောထား မှတ်ချက်အား သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၁၆၃.၂၂၅၅)တန်၊ သစ်မာ(၁၃၂.၇၃၆၉)တန်၊ အခြား (၂၈၁.၃၂၉၆)တန်၊ စုစုပေါင်း(၅၇၇.၂၉၂၀) တန်၊ တရားခံ(၅၄)ဦး၊ ယာဉ်/ယန္တရား(၄၄)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ သရက်ပင်ကြီးစုကျေးရွာ/ ပန်းပုကွင်းကျေးရွာ/ ဥယျာဉ်စုကျေးရွာ/ ကြပ်ကုန်း ကျေးရွာတို့မှ တရားမဝင် အခြားခွဲသားစုစုပေါင်း (၁၁၄၁)ချောင်း (၁၀၆.၅၂၄၃) တန်၊ သစ်စက်(၃)လုံး၊ ဂွန်ဒေါင်း(၂)စီး၊ ဆိုင်ကယ်(၁)၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၄-၅-၂၀၁၉ ရက်နေ့ နေ့လည်(၁:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား The World Bank မှ Senior Enviromental Specialist ဖြစ်သူ Mr.Martin Fodor ဦးဆောင်းသောကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် FREDIP စီမံကိန်း နှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။

Pages